• Follow Us
PREMIUM CALCULATOR

တောင်သူလယ်သမားအသက်အာမခံ

တောင်သူလယ်သမားများ နှင့် ၎င်းတို့၏မိသားစုဝင်များ မတော်တဆထိခိုက်မှုကြောင့် ဒဏ်ရာရခြင်းနှင့်ဆေးရုံတက်ကုသရခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း၊ ရူးသွပ်ခြင်း၊ သေဆုံးခြင်းများအတွက် ငွေကြေးအထောက် အပံ့ပြန်လည်ရရှိနိုင် သည့် အာမခံအမျိုးအစားဖြစ်ပါသည်။

အာမခံထားခွင့်ရှိသူ  အသက် (၁၆) နှစ် မှ (၆၀) နှစ်အတွင်းရှိ မျက်မြင်အားဖြင့် ကျန်းမာရေး ကောင်းမွန်သည့် တောင်သူလယ်သမားများ နှင့် ၎င်းတို့၏ မိသားစုများ၊ ဆွေမျိုးတော်စပ်သူများ နှင့် လယ်ယာလုပ်ငန်း အတူလုပ်ကိုင်သူများ
အာမခံထားငွေ အနည်းဆုံးကျပ် (၁) သိန်းမှ အများဆုံးကျပ် သိန်း (၅၀) အထိ
အာမခံသက်တမ်း (၁) နှစ်
ပရီမီယံနှုန်း  အာမခံထားငွေ၏ (၁%)

တောင်သူလယ်သမားအသက်အာမခံထားရှိခြင်းဖြင့် ရရှိနိုင်သော အကျိုးခံစားခွင့်များ

(၁) အာမခံထားသူ သေဆုံးခြင်း၊ ရူးသွပ်ခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းများ အတွက် အာမခံထားငွေကို အကျိုးခံစားခွင့် ရှိသူထံသို့ တစ်လုံးတည်း ထုတ်ပေးပါမည်။
(၂) အာမခံထားသူ မတော်တဆထိခိုက်မှုကြောင့် ဒဏ်ရာရရှိလျှင် ဆရာဝန်၏ထောက်ခံချက်အပေါ် အခြေခံ၍ သတ်မှတ်ထားသည့် အကျိုးခံစားခွင့်နှုန်းထားအတိုင်း ထုတ်ပေးပါမည်။
(၃) မတော်တဆထိခိုက်ဒဏ်ရာရမှုကြောင့် ဆေးရုံတက်ကုသရပါက အာမခံထားငွေကျပ် (၁) သိန်းအတွက် (၁) ရက်လျှင်ကျပ် ၂,၀၀၀/- နှုန်းဖြင့် အာမခံသက်တမ်းအတွင်း တစ်ကြိမ်လျှင် အများဆုံး (၅) ရက် နှင့် (၃) ကြိမ်အထိ ဆေးကုသစရိတ် ခံစားခွင့် ရရှိပါမည်။
(၄) အာမခံထားသူ သေဆုံးခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း နှင့် ဆေးရုံတက်ကုသခြင်းများ အတွက် အကျိုးခံစားခွင့် တောင်းခံခြင်းကို ဖြစ်ပွားသည့်နေ့မှစ၍ ရက်ပေါင်း (၃၀) အတွင်း တောင်းခံရပါမည်။

တောင်သူလယ်သမားအသက်အာမခံ အကျိုးခံစားခွင့်ပေးရန် အကျုံးမဝင်သည့်အချက်များ

(၁) မိမိကိုယ်ကို သတ်သေခြင်း
(၂) အာမခံထားသူကိုယ်တိုင် ရာဇဝတ်မှု ကျူးလွန်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိခြင်း၊ ဆေးရုံတက် ကုသရခြင်း၊ သေဆုံးခြင်း
(၃) အာမခံထားသူကိုယ်တိုင်အရက်/မူးယစ်ဆေးဝါးသုံးစွဲ/ဖြတ်ခြင်းကြောင့်ထိခိုက်ဒဏ်ရာရရှိခြင်း၊ဆေးရုံတက်ကုသရခြင်း၊ သေဆုံးခြင်း
(၄) နားကြားကိရိယာ တပ်ဆင်ခြင်းအတွက် ကုန်ကျစရိတ်များ
(၅) လိမ်လည်တောင်းခံသည့် ဖြစ်ရပ်များ
(၆) ရောဂါရှာဖွေစစ်ဆေးခြင်းအတွက် ကုန်ကျစရိတ်များ
(၇) သားသမီးရလိုမှုဖြင့် ဆေးကုသခြင်းများအတွက် ကုန်ကျစရိတ်များ
(၈) မတော်တဆထိခိုက်ဒဏ်ရာရခြင်းမှအပဖြစ်သော သွားနှင့်ပတ်သက်သည့် ကုသမှုများအတွက် ကုန်ကျစရိတ်များ
(၉) မတော်တဆထိခိုက်ဒဏ်ရာရခြင်းမှအပဖြစ်သော မျက်မှန်တပ်ခြင်း၊ မျက်စိစမ်းသပ်ခြင်း၊ အမြင်သွေဖယ်ခြင်း၊ မျက်စိခွဲစိတ်ကုသခြင်း တို့အတွက် ကုန်ကျစရိတ်များ
(၁၀) အလှအပအတွက် ခွဲစိတ်ပြုပြင်ခြင်းများကြောင့် ကုန်ကျစရိတ်များ
(၁၁) မွေးရာပါပုံမှန်မဟုတ်သောရောဂါ (သို့မဟုတ်) ပုံစံပျက်ယွင်းခြင်းများကြောင့် ခွဲစိတ်ကုသခြင်းအတွက် ကုန်ကျစရိတ်များ
(၁၂) အာမခံထားသူ သေဆုံးခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း နှင့် ဆေးရုံတက်ရောက်ကုသခြင်းအတွက် အကျိုးခံစားခွင့် တောင်းခံခြင်းကို ဖြစ်ပွားသည့်နေ့မှစ၍ တစ်နှစ်ကျော်မှ တောင်းခံသည့်ကိစ္စများ

အာမခံထားရှိလိုပါက
FNI (Life) ရုံးချုပ် နှင့် ရုံးခွဲများသို့လည်းကောင်း၊ FNI (Life) နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသောအာမခံကိုယ်စားလှယ်များ သို့လည်းကောင်း ဆက်သွယ်၍ အာမခံထားရှိနိုင်ပါသည်။

လျော်ကြေးကိစ္စ တစ်စုံတစ်ရာပေါ်ပေါက်လာပါ FNI (Life) သို့ချက်ချင်းအကြောင်းကြားရန်ဖြစ်ပါသည်။

အာမခံထားသူရရှိမည့်အကျိုးခံစားခွင့်များ

(၁) အာမခံထားသူ သေဆုံးလျှင်ဖြစ်စေ၊ ရူးသွပ်လျှင်ဖြစ်စေ၊ ဤလက်မှတ်တွင် ဖော်ပြထားသည့် အကျိုးခံစားခွင့် လွှဲပြောင်းခြင်းခံရသူအား အာမခံထားငွေကို တစ်လုံးတည်းထုတ်ပေးပါမည်။
(၂) အာမခံထားသူ ထာဝစဉ် မသန်စွမ်းဖြစ်လျှင် အာမခံလက်မှတ်တွင် ဖော်ပြထားသည့် အာမခံထားငွေအတိုင်း တစ်လုံးတည်းရခွင့်ရှိပါမည်။
(၃) အာမခံထားသူ မတော်တဆ ထိခိုက်မှုကြောင့် ဒဏ်ရာရလျှင် ဆရာဝန်၏ထောက်ခံချက်ပေါ် အခြေခံ၍ အာမခံထားငွေ အပေါ်သတ်မှတ်ထားသည့် အကျိုးခံစားခွင့်နှုန်းထား အချိုးအစား အတိုင်း ရခွင့်ရှိပါမည်။ အာမခံသက်တမ်းအတွင်း ထိခိုက် ဒဏ်ရာရရှိမှုအတွက် (၃) ကြိမ် အထိသာ အကျိုးခံစားခွင့်ရှိပြီး အကျိုးခံစားခွင့်ငွေ စုစုပေါင်းသည် အာမခံထားငွေထက် မကျော်လွန်စေရ။
(၄) အာမခံထားသူ မတော်တဆထိခိုက်ဒဏ်ရာ ရရှိခြင်းကြောင့် ကျန်းမာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသော ဆေးရုံ၊ဆေးခန်းတွင် တက်ရောက်ကုသရပါက အာမခံထား ငွေကျပ် (၁) သိန်းအတွက် (၁) ရက်လျှင် ကျပ် ၂ဝဝဝ/-နှုန်းဖြင့် အများဆုံး (၅) ရက်အထိ ဆေးကုသစရိတ်ခံစားခွင့်ရှိပါမည်။ အာမခံသက်တမ်း အတွင်း ဆေးရုံတက်ရောက်ကုသခြင်း အကျိုးခံစားခွင့်ကို (၃) ကြိမ်အထိသာ ခံစားခွင့်ပြုပါမည်။
(၅) အာမခံထားသည့်ကာလအတွင်း ထိခိုက်ဒဏ်ရာရရှိမှု အကျိုးခံစားခွင့်များရရှိပြီးဖြစ်စေကာမူ သေဆုံးမှု အကျိုးခံစားခွင့်/ထာဝစဉ် မသန်စွမ်းဖြစ်မှု အကျိုးခံစားခွင့်ကိုပါ ထပ်မံခံစားခွင့် ရှိ ပါမည်။ သို့ရာတွင် ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှု/ထာဝစဉ်မသန်စွမ်းဖြစ်မှု တို့သည် ဖြစ်ရပ်တစ်ခုတည်း မဟုတ်ဘဲ သီးခြားဖြစ်ပွားခြင်းသာ ဖြစ်ရပါမည်။
(၆)  အာမခံထားသူ ပျောက်ဆုံးခြင်းနှင့် အလောင်းရှာမတွေ့ခြင်းတို့အတွက် အကျိုးခံစားခွင့်ကို (၂) နှစ်အတွင်း မျက်မြင်အားဖြင့်သွားလာလှုပ်ရှားမှု မရှိတော့ကြောင်းကို ကျေးရွာ / ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ထောက်ခံချက်ရရှိလျှင် ထုတ်ပေးပါမည်။

အကျိုးခံစားခွင့်ပေးရန်အကျုံးမဝင်သည့်အချက်များ

(၁) မိမိကိုယ်ကို သတ်သေခြင်း။
(၂)  အာမခံထားသူကိုယ်တိုင် ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိခြင်း၊ ဆေးကုသရခြင်း၊ သေဆုံးခြင်း။
(၃) အာမခံထားသူ ကိုယ်တိုင်အရက်/မူးယစ်ဆေးဝါးသုံးစွဲ/ ဖြတ်ခြင်းကြောင့် ထိခိုက် ဒဏ်ရာရရှိခြင်း၊ ဆေးကုသရခြင်း၊ သေဆုံးခြင်း။
(၄) နားကြားကိရိယာတပ်ဆင်ခြင်းအတွက် ကုန်ကျစရိတ်များ။
(၅)  လိမ်လည်တောင်းခံသည့်ဖြစ်ရပ်များ။
(၆) ရောဂါရှာဖွေစစ်ဆေးခြင်းအတွက် ကုန်ကျစရိတ်များ။
(၇) သားသမီးရလိုမှုဖြင့် ဆေးကုသခြင်းများအတွက် ကုန်ကျစရိတ်များ။
(၈) မတော်တဆထိခိုက်ဒဏ်ရာရခြင်းမှအပ ဖြစ်သောသွားနှင့်ပတ်သက်သည့် ကုသမှုများအတွက် ကုန်ကျစရိတ်များ။
(၉) မတော်တဆထိခိုက်ဒဏ်ရာရခြင်းမှအပ ဖြစ်သော မျက်မှန်တပ်ခြင်း၊ မျက်စိစမ်းသပ် ခြင်း၊ အမြင်သွေဖယ်ခြင်း၊ မျက်စိခွဲစိတ်ကုသခြင်းတို့အတွက် ကုန်ကျစရိတ်များ။
(၁ဝ) အလှအပအတွက် ခွဲစိတ်ပြုပြင်ခြင်းများကြောင့် ကုန်ကျစရိတ်များ။
(၁၁) မွေးရာပါပုံမှန်မဟုတ်သော ရောဂါ/ပုံစံပျက်ယွင်းခြင်းကြောင့် ခွဲစိတ်ကုသခြင်းအတွက် ကုန်ကျစရိတ်များ။
(၁၂) အာမခံထားသူသေဆုံးခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် ဆေးရုံတက်ရောက် ကုသခြင်းအတွက် အကျိုးခံစားခွင့်တောင်းခံခြင်းကို ဖြစ်ပွားသည့် နေ့မှစ၍ တစ်နှစ်ကျော်မှ တောင်းခံ သည့်ကိစ္စများ။

တောင်သူလယ်သမားအသက်အာမခံလက်မှတ်

ကိုယ်စားလှယ်အမည် ————————————— အာမခံလက်မှတ်အမှတ် —————————————
ကိုယ်စားလှယ်အမှတ် ————————————— ရက်စွဲ —————————————
၁။ အာမခံထားသူအမည် ———————————————————————————————–
အဖအမည် ———————————————————————————————–
၂။ အသက် ——————————– နှစ်၊ ‌မွေးသက္ကရာဇ် —————————————–
၃။ နိုင်ငံသားစိစစ်ရေးကဒ်အမှတ် ———————————————————————————————–
၄။ ဆက်သွယ်ရန် ‌နေရပ်လိပ်စာ နှင့် ဖုန်းနံပါတ် ———————————————————————————————–
၅။ အာမခံထား‌ငွေ ——————————————————————————– (.၀၀ /-ကျပ်)
၆။ အာမခံသက်တမ်း ————————————————————————————- – Year
၇။ အကျိုးခံစားခွင့်လွှဲပြောင်းခံရသူအမည် ———————————————————————————————–
အဖအမည် ———————————————————————————————–
နိုင်ငံသားစိစစ်ရေးကဒ်အမှတ် ———————————————————————————————–
တော်စပ်ပုံ ———————————————————————————————–
ဆက်သွယ်ရန် ‌နေရပ်လိပ်စာ နှင့် ဖုန်းနံပါတ် ———————————————————————————————–
၈။ ဤအာမခံကို အခြားကုမ္ပဏီများတွင် ထားရှိခဲ့ဖူးပါက –
အာမခံကုမ္ပဏီအမည် ———————————————————————————————–
အာမခံလက်မှတ်အမှတ် ———————————————————————————————–
အာမခံထား‌ငွေ ———————————————————————————————–
၉။ လွန်ခဲ့သော (၃)လအတွင်း ဆရာဝန်ထံမှ စမ်းသပ်မှုခံယူခြင်း၊ ဆေးစစ်ခြင်း၊ ကုသမှုခံယူခြင်း (ဆေးရုံတက်ခြင်း၊ ခွဲစိတ်ကုသခြင်းအပါအဝင် )၊ ဆေးကုသရန်ဆရာဝန်၏ ထောက်ခံချက်ကိုရရှိထားခြင်း၊ ဆေးသောက်ရန်ညွှန်ကြားခံခဲ့ရခြင်းများ ရှိခဲ့ပါသလား။
ရှိပါက – ဖြစ်ခဲ့သောရောဂါအမည်
ရှိ i / မရှိ i ရှိပါက – ဖြစ်ခဲ့သောရောဂါအမည်—————————————-
၁၀။ လွန်ခဲ့သော (၅)နှစ် အတွင်း ‌ဆေးရုံတက်ဖူးပါသလား။ တက်ဖူးပါသည် i / မတက်ဖူးပါ i
တက်ဖူးပါက ‌ရောဂါအမည် ———————————————————————————————–
ဆေးရုံဆေးခန်းအမည် ———————————————————————————————–
ဆရာ၀န်အမည် ———————————————————————————————–
ကုသသည့်ကာလ ———————————————————————————————–
၁၁။ လက်ရှိအခြေအနေ လုံး၀‌ပျောက်ကင်းပြီး i / ကုသနေဆဲ i / အခြေအနေစောင့်ကြည့်နေဆဲ i
၁၂။ ကုသသည့် ဆရာ၀န်၏ သီးခြားညွှန်ကြားချက်ရှိပါကဖော်ပြရန် ———————————————————————————————–

၀န်ခံချက်

အထက်ဖော်ပြပါ ဖြည့်စွက်ချက်များ မှန်ကန်ပါ‌‌ကြောင်းနှင့် မိမိ၏လက်ရှိကျန်းမာ‌ရေးအခြေအနေမှာ ‌ကောင်းမွန်ပါ‌‌ကြောင်း၊ ၀န်ခံကတိပြုပါသည်။

အာမခံထားသူကိုယ်တိုင် က အဆိုလွှာပါ ‌ဖော်ပြချက်များကို ‌ပေါ့ဆမှားယွင်း‌ဖော်ပြခြင်း၊ တမင်ရည်ရွယ်ချက်ဖြင့် လွဲမှားစွာ‌ဖော်ပြခြင်း၊ ထိန်ချန်ခြင်း၊ လိမ်လည်ခြင်း စသည့် မမှန်မကန် ‌ဖော်ပြခြင်းများရှိပါ‌က ‌ပေါ်လစီအကျိုးခံစားခွင့်များ ဆုံးရှုံးမည်ဖြစ်ပြီး ‌ပေးသွင်းထား‌သော ပရီမီယံကြေးများ အား ပြန်လည်ထုတ်ပေးမည် မဟုတ်ပါ။

အာမခံလက်ခံသူ လက်မှတ်

Product Proposal Form

Download

တောင်သူလယ်သမားအသက်အာမခံ လျော်ကြေးပေါ်ပေါက်ပါက ဆောင်ရွက်ရမည့်အချက်များ

ထိခိုက်ဒဏ်ရာရခြင်း
၁။ အကြောင်းကြားစာ  (Claim ဖြစ်သူ Customer)။
၂။ ‌တောင်းခံလွှာ  (Claims Form)။
၃။ Certificate
၄။ ‌မှတ်ပုံတင်မိတ္တူ (Claim ဖြစ်သူ Customer)။
၅။ ‌ဆေးမှတ်တမ်းစာအုပ် (Cause of loss ပါဝင်ရမည် / ပြည်ပတွင် ဖြစ်ပွားပါက ဆေးမှတ်တမ်းအားဘာသာပြန်ပေးရပါမည်)။
၆။ ‌ဒဏ်ရာဓာတ်ပုံ  (ဒဏ်ရာသီးသန့်ပုံ နှင့် လူနှင့်ဒဏ်ရာတွဲလျက်ပုံ)။
၇။ Police case ဖြစ်ပါက ရဲစခန်းထောက်ခံစာ (ပြည်ပတွင် ဖြစ်ပွားပါက ထောက်ခံစာအား ဘာသာပြန်ပေးရပါမည်)။
သေဆုံးခြင်း
၁။ အကြောင်းကြားစာ (အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။
၂။ ‌တောင်းခံလွှာ (Claims Form)။
၃။ ‌Policy စာချုပ်မူရင်း။
၄။ ‌မှတ်ပုံတင်မိတ္တူ (သေဆုံးသူ ၊ အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။
၅။ ‌ဆေးမှတ်တမ်းစာအုပ် (Cause of loss ပါဝင်ရမည် / ပြည်ပတွင် ဖြစ်ပွားပါက ဆေးမှတ်တမ်းအား ဘာသာပြန်ပေးရပါမည်)။
၆။ ‌သေဆုံးမှတ်တမ်းဓာတ်ပုံ။
၇။ ‌Police case ဖြစ်ပါက ရဲစခန်းထောက်ခံစာ (ပြည်ပတွင် ဖြစ်ပွားပါက ထောက်ခံစာအား ဘာသာပြန်ပေး ရပါမည်)။
၈။ ‌Death Certificate (ပြည်ပတွင် ဖြစ်ပွားပါက Death Certificate အား ဘာသာပြန်ပေးရပါမည်)။
၉။ သန်းခေါင်စာရင်း။
၁၀။ ‌နာရေးဖိတ်စာ။
၁၁။ ‌ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ အကျိုးခံစားခွင့်တောင်းခံသူ မှန်ကန်ကြောင်း ထောက်ခံချက်။
ထိခိုက်ဒဏ်ရာကြောင့်ဆေးရုံတက်ရခြင်း
၁။ အကြောင်းကြားစာ  (Claim ဖြစ်သူ Customer)။
၂။ ‌တောင်းခံလွှာ  (Claims Form)။
၃။ ‌Certificate
၄။ မှတ်ပုံတင်မိတ္တူ (Claim ဖြစ်သူ Customer)။
၅။ ‌ဆေးမှတ်တမ်းစာအုပ် (Cause of Loss ၊ ဆေးရုံတက်ရက်နှင့်ဆင်းရက် ပါဝင်ရမည်) (ပြည်ပတွင် ဖြစ်ပွားပါကဆေးမှတ်တမ်းအား ဘာသာပြန်ပေးရပါမည်)။
၆။ ‌ရဲစခန်းထောက်ခံစာ (ပြည်ပတွင် ဖြစ်ပွားပါက ထောက်ခံစာအား ဘာသာပြန်ပေးရပါမည်)။

အာမခံထားသည့် လူပုဂ္ဂိုလ် (သို့မဟုတ်) အကျိုးခံစားခွင့်ရှိသူမှ ဆောင်ရွက်ရန်အဆင်မပြေပါက အဆိုပါပုဂ္ဂိုလ်မှ အခြားတစ်ဦးသို့ အကျိုးခံစားခွင့်လွှဲပြောင်းလုပ်ဆောင်ခွင့်ပြုကြောင်း အာမခံကုမ္ပဏီသို့ အကြောင်းကြားစာ ပါရှိရမည်။

FREQUENTLY ASKED QUESTIONS

HOW CAN WE HELP YOU?

If you have any question, please inquiry to 09-269843974, 01-570521, 01-570998 and customerservices@fnilife.com

What is the Policy Term?

Policy Term – (1) year

  1. Proposal
  2. NRC

Premium rate is 1% of Sum Insured.

It ranges from (1) Lakh to (50) Lakhs.

Yes, FNI (Life) has One Stop Service.

Premium Calculator