• Follow Us
PREMIUM CALCULATOR

နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ

လူကြီးမင်းတို့၏ ဘဝသက်တမ်းတစ်လျှောက် မမျှော်လင့်ထားသော ဖြစ်ရပ်များကြုံတွေ့ရပါက ငွေကြေးအားဖြင့်အထောက် အပံ့ပေးမည့် အသက်အာမခံအမျိုးအစား ဖြစ်ပါသည်။

အာမခံထားနိုင်ခွင့်ရှိသူ အသက် (၁၀) နှစ် မှ (၆၀) နှစ်အတွင်းရှိသူများ
အာမခံထားငွေ အနည်းဆုံး ကျပ် (၁၀) သိန်းမှ အများဆုံးကျပ်သိန်း (၅၀၀)။
အာမခံသက်တမ်း (၅) နှစ်၊ (၇) နှစ်၊ (၁၀) နှစ်။
(အသက် ၅၆ နှစ် မှ ၅၈ နှစ် ထိရှိသူများမှာ အာမခံသက်တမ်း (၇) နှစ် ထိသော်လည်းကောင်း၊ ၅၉ နှစ် မှ ၆၀ နှစ် ထိရှိသူများမှာ အာမခံသက်တမ်း (၅) နှစ်ထိလည်းကောင်း ရွေးချယ်ထားနိုင်ပါသည်။
ပရီမီယံနှုန်း
  • အာမခံထားသူ၏အသက်၊အလုပ်အကိုင်၊အာမခံထားငွေနှင့်အာမခံသက်တမ်းစသည့်တို့ပေါ်မူတည်၍ တွက်ချက်ပေးဆောင်ရပါမည်။
  • ပရီမီယံကို ၁ လ၊ ၃ လ၊ ၆ လ၊ ၁ နှစ် စသည်ဖြင့် အရစ်ကျပေးသွင်းနိုင်ပါသည်။
  • အာမခံထားငွေအရသော်လည်းကောင်း၊ အသက်အရသော်လည်းကောင်း လိုအပ်ပါက ဆေးစစ်ရပါမည်။

နှစ်တိုငွေပင်ငွေရင်းအသက်အာမခံထားခြင်းဖြင့်ရရှိနိုင်သောအကျိုးခံစားခွင့်များမှာ

(၁) နှစ်စေ့အကျိုးခံစားခွင့်
အာမခံထားသူတစ်ဦးသည် ပေါ်လီစီတွင်ဖော်ပြထားသည့် သက်တမ်းစေ့ရောက်သည့်နေ့တွင် အာမခံထားငွေကို တစ်လုံးတည်း ထုတ်ယူနိုင်ပါသည်။
(၂) သေဆုံးမှုအကျိုးခံစားခွင့်
အာမခံသက်တမ်းအတွင်း အာမခံထားသူသေဆုံးပါက အာမခံထားငွေကို အကျိုးခံစားခွင့်ရှိသူအား ထုတ်ပေးပါမည်။
(၃) ထာဝစဉ်မသန်စွမ်း အကျိုးခံစားခွင့်
အာမခံသက်တမ်းအတွင်းအာမခံထားသူသည်မတော်တဆဖြစ်ရပ်ကြောင့်(သို့)ရောဂါတစ်ခုခုကြောင့်လုံးဝအလုပ်မလုပ်ကိုင်နိုင်သည်အထိ ထာဝစဉ်မသန်စွမ်းဖြစ်လျှင် အာမခံထားငွေကို တစ်လုံးတည်းထုတ်ပေးပါသည်။
(၄) ပေါ်လီစီစာရင်းပိတ် အကျိုးခံစားခွင့်
အာမခံထားသူတစ်ဦးအနေဖြင့် အတည်ဖြစ်ပြီးသော ပေါ်လီစီတစ်စောင်ကို ပရီမီယံ ဆက်လက်မပေးသွင်းနိုင်လျှင် စာရင်းပိတ်နိုင်ပြီး ပေါ်လီစီတွင် ဖော်ပြထားသည့် သက်တမ်းစေ့ ရောက်သည့်နေ့တွင် စာရင်းပိတ်တန်ဖိုးကို အာမခံထားသူသို့ ထုတ်ပေး ပါသည်။
(၅) အမ်းငွေထုတ်ပေးခြင်း
အာမခံထားသူသည် အတည်ဖြစ်ပြီးသော ပေါ်လီစီတစ်စောင်ကိုဖျက်သိမ်း၍ အမ်းငွေထုတ်ယူရန် အကြောင်းကြားလာလျှင် အမ်းငွေဇယားပါနှုန်းအတိုင်း ရခွင့်ရှိသည့်အမ်းငွေကို အာမခံထားသူသို့ ထုတ်ပေးပါသည်။
(၆) ချေးငွေထုတ်ယူပေးခြင်း
အာမခံထားသူတစ်ဦးအနေဖြင့် အတည်ဖြစ်ပြီးသော ပေါ်လီစီတစ်စောင်မှ ချေးငွေရယူနိုင်သည့် အကျိုးခံစားခွင့်ရှိပါသည်။

အကျိုးခံစားခွင့်မရရှိနိုင်သည့်ကိစ္စများ

၁။ သေဆုံးမှုအကျိုးခံစားခွင့်ကို အောက်ဖော်ပြပါအကြောင်းကိစ္စများအတွက် မရရှိနိုင်ပါ။
(က) အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း မိမိကိုယ်ကို သတ်သေခြင်း။
(ခ) အာမခံဝယ်ယူစဉ်က ဖော်ပြရန် ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါကြောင့်ဖြစ်သည့်သေဆုံးခြင်း။
၂။ ထာဝစဉ်မသန်စွမ်းဖြစ်မှု အကျိုးခံစားခွင့်ကို အောက်ဖော်ပြပါကိစ္စရပ်များအတွက် မရရှိနိုင်ပါ။
(က) မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။
(ခ) ဘေးအန္တရာယ်ဖြစ်စေတတ်သောဆေးကို မှီဝဲခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။
(ဂ)  ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို အနာတရဖြစ်အောင်လုပ်ခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။
(ဃ)  မိမိကိုယ်ကို သတ်သေခြင်းကြောင့်မသေဘဲ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။
(င)  ကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။
(စ)  အာမခံဝယ်ယူစဉ်ကဖော်ပြရန် ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါကြောင့်ဖြစ်သည့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။

အာမခံထားရှိလိုပါက

           FNI (Life) ရုံးချုပ် နှင့် ရုံးခွဲများသို့လည်းကောင်း၊ FNI (Life) နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော အာမခံကိုယ်စားလှယ်များသို့ လည်းကောင်း ဆက်သွယ်၍ အာမခံထားရှိနိုင်ပါသည်။

လျော်ကြေးကိစ္စ တစ်စုံတစ်ရာပေါ်ပေါက်ပါက FNI (Life) သို့ ချက်ချင်းအကြောင်းကြားရန်ဖြစ်ပါသည်။

နှစ်တို ငွေပင်ငွေရင်း အသက်အာမခံ ပေါ်လစီ အကျိုးခံစားခွင့်များနှင့် စည်းကမ်းချက်များ

အကျိုးခံစားခွင့်များ

နှစ်စေ့အကျိုးခံစားခွင့်

အာမခံထားသူသည် ပရီမီယံအပြည့်သွင်းပြီးနောက် ပေါ်လစီတွင်ဖော်ပြထားသည့် အာမခံသက်တမ်း
စေ့ရောက်သည့်နေ့တွင် အာမခံထားငွေကို တစ်လုံးတည်းထုတ်ယူနိုင်သည်။

သေဆုံးမှုအကျိုးခံစားခွင့်

အာမခံသက်တမ်းအတွင်း ပေါ်လစီတည်မြဲနေစဉ်(သို့မဟုတ်) အလိုအလျောက် ပေါ်လစီတည်မြဲနေစဉ် အာမခံထားသူသေဆုံးပါက ကုမ္ပဏီမှရရှိရန်ငွေများကိုနှုတ်၍ ကျန် အာမခံထားငွေကို အကျိုးခံစားခွင့်ရှိသူအားထုတ်ပေးပါသည်။

ထာဝစဉ်လုံးဝမသန်စွမ်းအကျိုးခံစားခွင့်

ပေါ်လစီတည်မြဲနေစဉ် ကာလအတွင်း အာမခံထားသူသည် ရောဂါကြောင့်သော် လည်းကောင်း၊ မတော်တဆမှုကြောင့်သော်လည်းကောင်းထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ပါက ကုမ္ပဏီမှ ရရှိရန်ငွေများကို နှုတ်၍ ကျန်အာမခံထား‌ငွေကို အာမခံထားသူသို့တစ်လုံးတည်းထုတ်ပေးပါမည်။

ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းဆိုသည်မှာ-

(က) မျက်စိနှစ်ဖက်လုံးဝကွယ်ခြင်း၊
(ခ) လက်ကောက်ဝတ်အထက်ပိုင်းမှ လက်နှစ်ဖက်ပြတ်ခြင်း၊ လုံးဝအသုံးပြု၍မရခြင်း။
(ဂ) ခြေကျင်းဝတ်အထက်ပိုင်းမှ ခြေထောက်နှစ်ဖက်ပြတ်ခြင်း လုံးဝအသုံးပြု၍ မရခြင်း။
(ဃ) မျက်စိတစ်ဖက် လုံးဝကွယ်ခြင်းနှင့် လက်ကောက်ဝတ်အထက်ပိုင်း လက်တစ်ဖက်ပြတ်ခြင်း၊ အသုံးပြု၍ မရခြင်း။
ခြေကျင်းဝတ်အထက်ပိုင်း ခြေတစ်ဖက်ပြတ်ခြင်း၊ လုံးဝအသုံးပြု၍ မရခြင်း။

(အထက်ပါအချက်များ၌ အကျုံးမဝင်သော်လည်း ကုသသည့်ဆေးရုံမှ အထူးကုဆရာဝန်၏ ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ကြောင်း ထောက်ခံချက် ရရှိလျှင်ထာဝစဉ်မသန်စွမ်း အကျိုးခံစားခွင့် ရရှိနိုင်ပါသည်။)

ပေါ်လစီစာရင်းပိတ်ခြင်း

ကျသင့်ပရီမီယံကို တစ်နှစ်တစ်ဆက်တည်း ပေးသွင်းပြီးပါက ပရီမီယံကို ဆက်လက် ပေးသွင်းခြင်း မပြုနိုင်တော့သဖြင့် ပေါ်လစီကို စာရင်းပိတ်ပေးရန် အကြောင်းကြားလာလျှင် အဆိုပါ ပေါ်လစီကို ဤကုမ္ပဏီက စာရင်းပိတ်ပေါ်လစီအဖြစ် ပြောင်းလဲသတ်မှတ်ပေးပါမည်။ အာမခံသက်တမ်းစေ့ရောက်သောနေ့မှသာ ပြန်လည်ထုတ်ယူ၍ ရမည်ဖြစ်သည်။

အမ်းငွေထုတ်ယူခြင်း

ကျသင့်ပရီမီယံကို တစ်နှစ်တစ်ဆက်တည်း ပေးသွင်းပြီးပါက ပရီမီယံကို ဆက်လက်ပေး သွင်းခြင်း မပြုနိုင်တော့သဖြင့် ပေါ်လစီကို အမ်းငွေရသင့်တန်ဖိုး ထုတ်ပေးရန် အကြောင်းကြားလာလျှင် အမ်းငွေရသင့် တန်ဖိုးနှုန်း ဇယားပါအတိုင်း ရခွင့်ရှိသည့် အမ်းငွေရသင့်တန်ဖိုးကို အာမခံထားသူသို့ တစ်လုံးတည်း ထုတ်ပေးပါမည်။ အမ်းငွေထုတ်ယူရာတွင် မိမိပေးသွင်းထားသော ပရီမီယံမှ အပြည့်အဝရရှိမည်မဟုတ်ပါ။

ချေးငွေရယူနိုင်ခြင်း

အာမခံထားသူအနေဖြင့် တစ်နှစ်တစ်ဆက်တည်း ပရီမီယံပေးသွင်းပြီးသည့် ပေါ်လစီတစ်စောင်မှ ချေးငွေရယူနိုင်ခွင့်ရှိသည်။ ချေးယူနိုင်မည့် ငွေပမာဏမှာ အမ်းငွေရသင့် တန်ဖိုးနှုန်းထား ဇယားပါအတိုင်း ရခွင့်ရှိသည့် စုစုပေါင်း အမ်းငွေရသင့်တန်ဖိုး၏ ၉၀% အထိဖြစ်ပါသည်။

အကျိုးခံစားခွင့်မရနိုင်သည့် အချက်များ

၁။အာမခံထားသူသည် အောက်ဖော်ပြပါ အကြောင်းကိစ္စများကြောင့် သေဆုံးခဲ့လျှင် သေဆုံးမှုအကျိုးခံစားခွင့်အား ရခွင့်မရှိပါ။ ပေးသွင်းပြီး ပရီမီယံကိုသာ ပြန်ထုတ်ပေးမည်ဖြစ်ပါသည်။

(က) အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း မိမိကိုယ်ကိုသတ်သေခြင်း။
( ခ ) အာမခံဝယ်ယူစဉ်က ဖော်ပြရန်ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါကြောင့် အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း သေဆုံးခြင်း။

၂။အာမခံထားသူသည် အောက်ဖော်ပြပါ အကြောင်းကိစ္စများကြောင့် ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခဲ့လျှင် ထာဝစဉ်လုံးဝ မသန်စွမ်းဖြစ်မှု အကျိုးခံစားခွင့်အား ရခွင့်မရှိပါ။ ပေးသွင်းပြီး ပရီမီယံကိုသာ ပြန်ထုတ်ပေးမည်ဖြစ်ပါသည်။

(က) ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို အနာတရဖြစ်အောင် လုပ်ခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်လုံးဝမသန်စွမ်း ဖြစ်ခြင်း။
(ခ) မိမိကိုယ်ကိုသတ်သေခြင်းကြောင့် မသေဘဲ ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်း။
(ဂ) မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်း။
(ဃ) ဘေးအန္တရာယ်ဖြစ်စေသော ဆေးမှီဝဲခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်း။
(င) ကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်း။
(စ) အာမခံ ဝယ်ယူစဉ်က ဖော်ပြရန် ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါကြောင့် အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်း။

ပေါ်လစီစည်းကမ်းချက်များ

ပရီမီယံပေးသွင်းခြင်း

ပရီမီယံကို (၁)နှစ်တစ်ကြိမ်၊ (၆)လတစ်ကြိမ်၊ (၃)လတစ်ကြိမ်၊ (၁)လတစ်ကြိမ် ပေးသွင်း နိုင်ပါသည်။
(၁)နှစ် တစ်ကြိမ်၊ (၆)လတစ်ကြိမ်၊ (၃)လတစ်ကြိမ် ပေးသွင်းသည့်ပေါ်လစီများအတွက် ပရီမီယံပေးသွင်းရန် အပိုရက် (၃၀)ခွင့်ပြုပါသည်။ (၁)လတစ်ကြိမ် ပေးသွင်းသည့် ပေါ်လစီများအတွက် ပရီမီယံပေးသွင်းရန် အပိုရက် (၁၅)ရက် ခွင့်ပြုပါသည်။ ပေးသွင်းနိုင်သည့် အပိုရက်၏ နောက်ဆုံးရက်သည် အစိုးရရုံး / ဘဏ် ပိတ်ရက်ဖြစ်ပါက ရုံး / ဘဏ်ဖွင့်သော ပထမရက်တွင် ပရီမီယံပေးသွင်းရပါမည်။

ပျက်သည့်ပေါ်လစီ ပြန်လည်တည်မြဲခြင်း

– ပေါ်လစီသည် အပိုရက်များ အတွင်း၌ ပရီမီယံမသွင်းခဲ့သော် ပေါ်လစီပျက်သည်။
ပရီမီယံ ပေးသွင်းရန် ပျက်ကွက်သည့် ကာလမှာ (၆) လ ထက်မပိုပါက ပျက်သည့် ပေါ်လစီကို ပြန်လည် တည်မြဲနိုင်ရန် အောက်ပါအတိုင်း ဆောင်ရွက်ရမည်။

  • မိမိကိုယ်တိုင် ကျန်းမာကြောင်း ခံဝန်ချက်တင်ပြရန် လိုပါသည်။
  • ပေးသွင်းရန်ကျန်သည့် ပရီမီယံစုစုပေါင်းနှင့် ယင်းပရီမီယံကျန်ငွေပေါ်တွင် တစ်နှစ်လျှင်အတိုးနှုန်း ၈% ဖြင့် ပျက်ကွက်ကာလအတွက်တွက်ချက်၍ရသည့်အတိုးကို တစ်ပေါင်းတည်းပေးသွင်းရမည်။
  • ပရီမီယံပေးသွင်းရန် ပျက်ကွက်သည့်ကာလသည် (၆)လနှင့် တစ်နှစ်အတွင်းဖြစ်ပါက ပျက်သည့်ပေါ်လစီကို ပြန်လည် တည်မြဲနိုင်ရန် အောက်ပါအတိုင်းဆောင်ရွက်ရမည်။
  • မိမိစရိတ်ဖြင့်ကုမ္ပဏီမှ ညွှန်ကြားသည့်အတိုင်း ကျန်းမာရေးစစ်ဆေးရမည်။
  • ရလဒ်ကောင်းမွန်ပါက ပေးသွင်းရန်ကျန်သည့် ပရီမီယံ စုစုပေါင်းနှင့် ယင်းပရီမီယံကျန်ငွေပေါ်တွင် တစ်နှစ်လျှင် အတိုးနှုန်း ၈%ဖြင့်ပျက်ကွက်ကာလအတွက် တွက်ချက်၍ရသည့်အတိုးကို တစ်ပေါင်းတည်းပေးသွင်းရမည်။
    အကယ်၍ အထက်တွင်ဖော်ပြထားသည့်နည်းလမ်းအတိုင်း ပေါ်လစီကို ပြန်လည်တည်မြဲရန် မဆောင်ရွက်ပါက ပေါ်လစီပျက်သည်။
အလိုလျောက်ပေါ်လစီတည်မြဲခြင်း
  • အမ်း‌ငွေရသင့်သည့်တန်ဖိုး ရရှိနိုင်သော‌‌ပေါ်လစီတွင် ပရီမီယံပေးသွင်းခြင်း ပျက်ကွက်သော်လည်း ‌ပေါ်လစီ မပျက်ပါ။ ‌‌ပေးသွင်းရန်ကျန်သည့် ပရီမီယံအတိုးနှင့် ရရန်ရှိငွေများကို အမ်း‌ငွေရသင့်တန်ဖိုးမှ အရစ်ကျအတိုင်း နှုတ်ယူပြီး ‌ပေါ်လစီကို အလိုအလျောက်တည်မြဲစေနိုင်ပါသည်။ ‌ပေးရန်ကျန် ပရီမီယံပေါ်တွင် တစ်နှစ်လျှင် ၈% အတိုးပါ ထည့်သွင်း တွက်ချက်ပါမည်။
  • အာမခံထားသူမှ ‌ပေးသွင်းရန်ကျန်သည့် ပရီမီယံကို အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း အမ်း‌ငွေရသင့်တန်းဖိုးမှနှုတ်၍ အလီလီပေးသွင်းခြင်းဖြင့် အမ်း‌ငွေရသင့် တန်ဖိုးကုန်သွားပါက ‌‌ပေါ်လစီပျက်သည်။
  • အလိုအလျောက် တည်မြဲစေသည့် ‌ပေါ်လစီအတွက် ‌ပေးရန်ကျန်သည့် ပရီမီယံစုစုပေါင်းနှင့် အတိုးကို တစ်ကြိမ်တည်း‌ပေးဆပ်ခြင်းဖြင့် ‌ပေါ်လစီကို ပြန်လည်တည်မြဲစေနိုင်သည်။ ဤကဲ့သို့ တည်မြဲစေရာတွင် ကျန်းမာ‌ရေးစစ်ဆေးရန် လိုအပ်သည်ဟု ကုမ္ပဏီမှ ယူဆလျှင် ပြန်လည်စစ်ဆေးမှု ခံယူရမည်ဖြစ်ပြီး၊ ကုန်ကျစရိတ်ကို အာမခံထားသူမှ ကျခံရမည်ဖြစ်ပါသည်။
  • စစ်ဆေးသည့် ဆရာ၀န်၏ ‌ထောက်ခံချက်အရ လက်ခံနိုင်သည့် အနေအထားရှိလျှင် ‌ပေါ်လစီပြန်လည်တည်မြဲခွင့်ပြုမည်ဖြစ်ပြီး လက်ခံနိုင်သည့် အနေအထားမရှိပါက ‌ပေါ်လစီပြန်လည်တည်မြဲခွင့် ရှိမည်မဟုတ်ပါ။
  • ဤကဲ့သို့ အလိုအလျောက် ‌ပေါ်လစီတည်မြဲနေသော ကာလအတွင်းအာမခံထားသူ ကွယ်လွန် / ထာ၀စဥ် လုံး၀မသန်စွမ်းဖြစ်ခဲ့သော် တင်ရှိနေသော ပရီမီယံအ‌‌ကြွေးများ၊ တစ်နှစ်လျှင် ၈% ဖြင့် ကျသင့်အတိုးနှင့် ရရှိရန်ငွေများကို နှုတ်ယူပြီးလျှင် ကျန်အာမခံထား‌ငွေကို တစ်လုံးတည်း ထုတ်ပေးမည်ဖြစ်သည်။ သို့ရာတွင် အာမခံထားသူမှ ပြန်လည်ပေးဆပ်ရမည့် ‌ငွေပမာဏသည် ၎င်းရခွင့်ရှိသော အမ်း‌ငွေတန်ဖိုးထက်ပိုနေလျှင် ‌ပေါ်လစီပျက်ပြယ်သည် ဖြစ်၍ အာမခံထားသူ သေဆုံး/ထာဝစဉ်မသန်စွမ်းဖြစ်ပါက အာမခံထား‌ငွေကို ရနိုင်ခွင့်မရှိပါ။ သို့ရာတွင် အာမခံထားသူ ကွယ်လွန် / ထာ၀စဥ်မသန်စွမ်းဖြစ်ချိန်၌ ‌ပေါ်လစီအရ ရရှိနိုင်သော စာရင်းပိတ်တန်ဖိုးကို တွက်ချက်ပြီး၊ အာမခံထားသူမှ ‌ပေးရန်ကျန်သည့် စုစုပေါင်း‌ငွေကို နှုတ်၍ကျန်ငွေကို အာမခံထားသူ / အကျိုးခံစားခွင့်ရှိသူသို့ ထုတ်ပေးမည်။
  • အမ်း‌ငွေရသင့်တန်ဖိုးမရရှိနိုင်သော (၁ နှစ်ဆက်တိုက် ပရီမီယံမသွင်းရသေး‌သော ) ‌ပေါ်လစီ ပျက်နေချိန်တွင် အာမခံထားသူသေဆုံးခြင်း / ထာ၀စဥ်လုံး၀မသန်စွမ်းဖြစ်ပါက မည်သည့်အကျိုးခံစားခွင့် မရနိုင်ပါ။

နှစ်တိုငွေပင်ငွေရင်းအသက်အာမခံပေါ်လစီ

ကိုယ်စားလှယ်အမည် ————————- ပေါ်လစီအမှတ် —————————–
ကိုယ်စားလှယ်အမှတ် ————————- ရက်စွဲ —————————–
၁။ အဆိုလွှာနှင့်ဆေးစစ်ချက်အစီရင်ခံစာပါ ဖော်ပြချက်များနှင့်အဖြေများသည် အာမခံထားသူနှင့် ဤကုမ္ပဏီတို့ချုပ်ဆိုမည့်ပဋိညာဥ်၏ အခြေခံ အချက်များဖြစ်ကြောင်းနှင့် ယင်းဖော်ပြချက်များနှင့်အဖြေများတွင် မမှန်ကန်သောအချက် သို့မဟုတ် အချက်များပါရှိလျှင် ဤပဋိညာဥ် (ပေါ်လစီ) ပျက်ကြောင်း အာမခံထားသူက သိရှိသဘောတူညီသည်။
၂။ ထိုကဲ့သို့ ဘောတူညီသည့်အလျောက် အာမခံထားသူကအောက်တွင် ဖော်ပြထားသည့်အတိုင်း ပရီမီယံပေးသွင်းရမည် ဖြစ်သကဲ့သို့ အောက်၌ ဖော်ပြထားသော ပေးရသည့်အကြောင်းကိစ္စဖြစ်ပေါ်ခဲ့သော် ဤပေါ်လစီပါအခွင့်အရေးများ၊ စည်းမျဉ်းများ၊ ပြင်ဆင်ချက်များနှင့်အညီ အာမခံထားသူ သို့မဟုတ် ၄င်း၏ အကျိုးခံစားခွင့် လွှဲပြောင်းခံရသူ(များ)သို့ လျော်ကြေးပေးရန် ဤကုမ္ပဏီကတာဝန်ယူကတိပြုပါသည်။
၃။ ဤအသက်အာမခံပေါ်လစီသည် ဤကုမ္ပဏီက ပထမအရစ် ပရီမီယံကို လက်ခံရရှိသောအချိန်တွင် သက်တမ်းစသည်။
အာမခံထားသူအမည် ————————————————————————————————–
နောက်မွေးနေ့တွင်ပြည့်မည့်အသက် ————————————————————————————————–
နိုင်ငံသားစိစစ်ရေး/နိုင်ငံကူးလက်မှတ်အမှတ် ————————————————————————————————–
နေရပ်လိပ်စာ ————————————————————————————————–
အလုပ်အကိုင် ————————————————————————————————–
အာမခံသက်တမ်း —- Year( ————– မှ————— အထိ)
အာမခံထားငွေ Ks- ———————————————————————————————
ပရီမီယံပေးသွင်းပုံ —————————————–လတစ်ကြိမ်
တစ်နှစ်ပရီမီယံ Ks- ———————————————————————————————
(၁)လကျသင့်ပရီမီယံ Ks- ———————————————————————————————
ပရီမီယံပေးသွင်းရန်စေ့သောရက် လစ် (————–) ရက်နေ့တိုင်း
အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ အမည် တော်စပ်ပုံ ရာခိုင်နှုန်းအချိုးအစား
——————————————– ——————————————– ——————————————–
အာမခံထားငွေပေးရသည့် အကြောင်းကိစ္စ ———————— ရက်နေ့၌ သော်လည်းကောင်း၊ ထို့ထက်စော၍
ကွယ်လွန်/ထာဝစဉ်မသန်စွမ်းဖြစ်သောအခါ၌သော်လည်းကောင်း အာမခံထားငွေပေးရမည်။
ပရီမီယံပေးသွင်းရမည့်
ကာလအပိုင်းအခြား
———————— ရက်အထိ သော်လည်းကောင်း၊ ထို့ထက်စော၍
ကွယ်လွန်/ထာဝစဉ်မသန်စွမ်းဖြစ်သည့်အချိန်ထိသော်လည်းကောင်း ပရီမီယံပေးရမည်။

အခွင့်အာဏာရအရာရှိ

Product Proposal Form

Download

နှစ်တိုငွေပင်ငွေရင်းအသက်အာမခံလျော်ကြေးပေါ်ပေါက်ပါကဆောင်ရွက်ရမည့်အချက်များ

Total Permanent Disability
၁။ အကြောင်းကြားစာ (အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။
၂။ ‌တောင်းခံလွှာ (Claims Form)။
၃။ ‌Policy
၄။ ‌မှတ်ပုံတင်မိတ္တူ (ထာဝစဉ်မသန်စွမ်းဖြစ်သူ ၊ အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။
၅။ ‌ဆေးမှတ်တမ်းစာအုပ် (Cause of loss ပါဝင်ရမည် / ပြည်ပတွင် ဖြစ်ပွားပါက ဆေးမှတ်တမ်းအားဘာသာပြန်ပေးရပါမည်)။
၆။ ‌ဆေးကုသသည့် အထူးကုဆရာဝန်၏ ထာဝစဉ်မသန်စွမ်းဖြစ်ကြောင်း ထောက်ခံချက်။
၇။ ‌ဒဏ်ရာဓာတ်ပုံ(ဒဏ်ရာသီးသန့်ပုံ နှင့် လူနှင့်ဒဏ်ရာတွဲလျက်ပုံ)။
၈။ သန်းခေါင်စာရင်း။
၉။ ‌Police case ဖြစ်ပါက ရဲစခန်းထောက်ခံစာ (ပြည်ပတွင် ဖြစ်ပွားပါက ထောက်ခံစာအား ဘာသာပြန်ပေးရပါမည်)။
Death
၁။ အကြောင်းကြားစာ (အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။
၂။ ‌တောင်းခံလွှာ (Claims Form)။
၃။ ‌Policy စာချုပ်မူရင်း။
၄။ မှတ်ပုံတင်မိတ္တူ (သေဆုံးသူ ၊ အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။
၅။ ‌ဆေးမှတ်တမ်းစာအုပ် (Cause of loss ပါဝင်ရမည် / ပြည်ပတွင် ဖြစ်ပွားပါက ဆေးမှတ်တမ်းအား ဘာသာပြန်ပေးရပါမည်)။
၆။ ‌သေဆုံးမှတ်တမ်းဓာတ်ပုံ။
၇။ ‌Police case ဖြစ်ပါက ရဲစခန်းထောက်ခံစာ (ပြည်ပတွင် ဖြစ်ပွားပါက ထောက်ခံစာအား ဘာသာပြန်ပေး ရပါမည်)။
၈။ ‌Death Certificate (ပြည်ပတွင် ဖြစ်ပွားပါက Death Certificate အား ဘာသာပြန်ပေးရပါမည်)။
၉။ ‌သန်းခေါင်စာရင်း။
၁၀။ နာရေးဖိတ်စာ။

အာမခံထားသည့် လူပုဂ္ဂိုလ် (သို့မဟုတ်) အကျိုးခံစားခွင့်ရှိသူမှ ဆောင်ရွက်ရန်အဆင်မပြေပါက အဆိုပါပုဂ္ဂိုလ်မှ အခြားတစ်ဦးသို့ အကျိုးခံစားခွင့်လွှဲပြောင်းလုပ်ဆောင်ခွင့်ပြုကြောင်း အာမခံကုမ္ပဏီသို့ အကြောင်းကြားစာ ပါရှိရမည်။

FREQUENTLY ASKED QUESTIONS

HOW CAN WE HELP YOU?

If you have any question, please inquiry to 09-269843974, 01-570521, 01-570998 and customerservices@fnilife.com

What is the Policy Term?

Policy Term – (5) years / (7) years / (10) years

  1. Proposal
  2. NRC
  3. Passport Size Photo
  4. Full medical examination result of the insured person

The Short Term Endowment Life Insurance ranges from (10) Lakhs to (500) Lakhs.

The premium varies with the Age, Preferred Sum Insured and duration.

The benefit is granted when:

  1. The insured person is dead
  2. The insured person is total permanent disability
  3. After completion of Policy Term
  4. Tax Exemption on Premium

Usually it takes approximately 60~90 minutes if all documents are available.

Yes, FNI (Life) has One Stop Service.

Premium Calculator