• Follow Us
PREMIUM CALCULATOR

စုပေါင်းအသက်အာမခံ

ကုမ္ပဏီများ၊ ဌာနဆိုင်ရာများ၊ စက်ရုံများမှဝန်ထမ်းများ နှင့် အလုပ်သမားများအတွက်ကိုယ်တိုင်ဖြစ်စေ၊ အလုပ်ရှင်မှဖြစ်စေ စုပေါင်းထားနိုင်သော အသက်အာမခံအမျိုးအစားဖြစ်ပြီး ထိခိုက်ဒဏ်ရာရခြင်း၊ မသန်စွမ်းဖြစ်ခြင်း နှင့် သေဆုံးခြင်းများအတွက် လျော်ကြေးအထောက်အပံ့ရရှိနိုင်ပါသည်။

အာမခံထားခွင့်ရှိသူ အသက် (၁၈) နှစ် မှ (၆၅) နှစ်အထိရှိဝန်ထမ်းများ အနည်းဆုံးအလုပ်သမား (၅) ဦး (သို့မဟုတ်) (၅) ဦးနှင့်အထက်ရှိရပါမည်။
အာမခံထားငွေ အလုပ်သမားတစ်ဦးလျှင် အနည်းဆုံး ကျပ် (၁၀,၀၀၀) မှ အများဆုံး ကျပ်သိန်း (၅၀၀) အထိ
အာမခံသက်တမ်း  (၁) နှစ်
ပရီမီယံနှုန်း  အာမခံထားငွေ၏ (၁%)

စုပေါင်းအသက်အာမခံထားခြင်းအားဖြင့် ရရှိနိုင်သောအကျိုးခံစားခွင့်များမှာ

အလုပ်သမားတစ်ဦးထိခိုက်ဒဏ်ရာရလျှင် အောက်ပါအတိုင်းလျော်ကြေးရရှိပါမည်။

စဉ် ဒဏ်ရာ ရပိုင်ခွင့်(အာမခံထားငွေပေါ်တွင်)
ထာဝစဉ်မသန်စွမ်း၍လုံးဝအလုပ်မလုပ်ကိုင်နိုင်ခြင်း ၁၀၀%
မျက်စိတစ်ဖက်လုံးဝကွယ်ခြင်း ၅၀%
လက်တစ်ဖက်လုံးဝပြတ်ခြင်း ၅၀%
ခြေတစ်ဖက်လုံးဝပြတ်ခြင်း ၅၀%
နားတစ်ဖက်လုံးဝပင်းခြင်း ၂၅%
လက်တစ်ဖက်ကျိုးခြင်း ၂၅%
ခြေတစ်ဖက်ကျိုးခြင်း ၂၅%

အထက်ဖော်ပြပါဒဏ်ရာများမှအပ အခြားထိခိုက်ဒဏ်ရာများအတွက် ဆရာဝန်၏ထောက်ခံချက်အရ သတ်မှတ်ရာခိုင်နှုန်းဖြင့် ပေးလျော်ပါမည်။

သေဆုံးခြင်း

အလုပ်သမားတစ်ဦး အာမခံသက်တမ်းအတွင်း သေဆုံးပါက အာမခံထားငွေကို အကျိုးခံစားခွင့်လွှဲပြောင်းခံရသူထံ ထုတ်ပေးပါမည်။

စည်းကမ်းချက်များ

  • အသက် (၄၅) နှစ် အထက်အလုပ်သမားများ နှင့် အာမခံထားငွေကျပ် (၁၀) သိန်းနှင့်အထက် အလုပ်သမားများ ဆေးစစ်ရပါမည်။
  • (၁) နှစ်အတွက် ကျသင့်ပရီမီယံကို တစ်ကြိမ်တည်း ပေးသွင်းရပါမည်။
  • အလုပ်သမားပြောင်းရွေ့ /နုတ်ထွက်လျှင် အခြားတစ်ဦးကို အစားထိုးနိုင်ပါသည်။
  • မိမိကိုယ်ကို သတ်သေခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဒဏ်ရာရခြင်း နှင့် သေဆုံးခြင်း၊ ပြစ်မှုကျူးလွန်ရာမှရရှိသော ဒဏ်ရာနှင့် မိမိကိုယ်တိုင် ဒဏ်ရာရအောင်ပြုလုပ်ခြင်းမှ ရရှိသောဒဏ်ရာများအတွက် လျော်ကြေးအကျုံးမဝင်ပါ။
  • အလုပ်ခွင်မှအပြီးထွက်သွားလျှင်သော်လည်းကောင်း၊ ထုတ်ပယ်ခြင်းခံရလျှင်သော်လည်းကောင်း ထိုနေ့မှစ၍နောက်ပိုင်း ဖြစ်ပေါ်လာသော ဒဏ်ရာရခြင်း/သေဆုံးခြင်းများအတွက် လျော်ကြေးအကျုံးမဝင်ပါ။

အာမခံထားရှိလိုပါက
FNI (Life)ရုံးချုပ် နှင့် ရုံးခွဲများသို့လည်းကောင်း၊ FNI(Life) နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော အာမခံကိုယ်စားလှယ်များ သို့ လည်းကောင်း ဆက်သွယ်၍ အာမခံထားရှိနိုင်ပါသည်။

လျော်ကြေးကိစ္စ တစ်စုံတစ်ရာပေါ်ပေါက်လာပါက FNI (Life) သို့ ချက်ချင်းအကြောင်းကြားရန်ဖြစ်ပါသည်။

စုပေါင်းအသက်အာမခံ စည်းကမ်းချက်များနှင့် ‌‌လျော်‌‌ကြေးအကျုံးမ၀င်သောအချက်များ

၁။ မိမိကိုယ်ကိုသတ်သေခြင်း။
၂။ မူးယစ်ဆေးဝါးသုံးစွဲခြင်း။
၃။ အာမခံထားသူများစာရင်းတွင် ပါဝင်သည့် အလုပ်သမားတစ်ဦးသည် လုပ်ငန်းခွင်မှ အပြီးထွက်သွားလျှင် သော်လည်းကောင်း၊ ထုတ်ပယ်ခြင်းခံရလျှင် သော်လည်းကောင်း၊ ယင်းနေ့ရက်နောက်ပိုင်း ဖြစ်ပေါ်လာသော သေဆုံးခြင်းနှင့် ဒဏ်ရာရခြင်းအတွက် နစ်နာကြေးရခွင့်မရှိပါ။
၄။ အလုပ်သမားကိုယ်တိုင် ပြစ်မှုကျူးလွန်ရာမှ ရရှိသော ဒဏ်ရာအတွက် နစ်နာကြေးရခွင့်မရှိပါ။
၅။ အလုပ်သမားကိုယ်တိုင် ဒဏ်ရာရရှိအောင် ဆောင်ရွက်ခြင်းမှ ရရှိသောဒဏ်ရာအတွက် နစ်နာကြေးရခွင့်မရှိပါ။
၆။ စုပေါင်းအသက်အာမခံကို အလုပ်သမားအနည်းဆုံး (၅)ဦးရှိမှသာ လက်ခံပါမည်။
၇။ အသက် (၁၈)နှစ်မှ (၆၅)နှစ်အထိ မျက်မြင်အားဖြင့် ကျန်းမာရေးကောင်းမွန်သည့် အလုပ်သမားတိုင်း အာမခံထားခွင့်ရှိပါသည်။ အသက်(၁၈)နှစ်မှ (၄၅)နှစ် အထိ မျက်မြင်အားဖြင့် ကျန်းမာရေးကောင်းမွန်သည့် အလုပ်သမားများ အာမခံထားငွေကျပ် (၁)သန်းအထိ ဆေးစစ်ခြင်း ကင်းလွတ်ခွင့်ဖြင့် လက်ခံပါမည်။ အသက် (၄၅)နှစ်ကျော်လျှင်သော်လည်းကောင်း အာမခံထားငွေကျပ်(၁)သန်းထက် ကျော်လျှင်သော်လည်ကောင်း အထူးကုဆရာဝန်၏ ဆေးစစ်ချက်ဖြင့် လက်ခံပါမည်။ အာမခံထားသူမှ မိမိ၏ကုန်ကျစရိတ်ဖြင့် First National Insurance (Life) HO Co., Ltd. ၏သတ်မှတ်ချက်နှင့်အညီဆေးစစ်ပေးရပါမည်။
၈။ အလုပ်သမားတစ်ဦးအတွက် အာမခံထားငွေကိုအနည်းဆုံး (ကျပ်တစ်သောင်း) သတ်မှတ်ပြီးအများဆုံး ကျပ် (၅၀)သန်း အထိလက်ခံပါမည်။
၉။ အာမခံသက်တမ်းမှာ (၁)နှစ် ဖြစ်ပြီး ကျသင့်ပရီမီယံကို တစ်ကြိမ်တည်း တစ်လုံးတည်း ပေးသွင်းရပါမည်။
၁၀။ ပရီမီယံ ပေးသွင်းသည့်နေ့တွင် အာမခံစတင်ပါမည်။
၁၁။ သက်တမ်းမကုန်ဆုံးမီ သက်တမ်းဆက်လက်တည်မြဲစေရန် ဆောင်ရွက်ရပါမည်။
၁၂။ အာမခံထားသူများစာရင်းတွင် ပါဝင်သည့် အလုပ်သမားတစ်ဦးသည် လုပ်ငန်းမှအပြီးအပိုင်နှုတ်ထွက်သွားလျှင် သော်လည်းကောင်း၊ ထုတ်ပယ်ခြင်းခံရလျှင် သော်လည်းကောင်း၊ ယင်းနေ့ရက် နောက်ပိုင်းတွင် အကျိုးခံစားခွင့် မရှိတော့ပါ။
၁၃။ စုပေါင်းအသက်အာမခံထားသည့် အလုပ်သမားသည် သက်တမ်းအတွင်းသေဆုံးခြင်း၊ ဒဏ်ရာရခြင်းဖြစ်ပါက တစ်လအတွင်း First National Insurance (Life) HO Co., Ltd. သို့ သတင်းပေးပို့ရမည်။
၁၄။ အာမခံထားသူများစာရင်းတွင် ပါ၀င်သည့် အလုပ်သမားတစ်ဦးဦးသည် အာမခံသက်တမ်းအတွင်း ‌သေဆုံးပါက အာမခံထား‌ငွေကို အလုပ်ရှင်မှတဆင့် အကျိုုးခံစားခွင့် လွှဲပြောင်းခြင်းခံရသူသို့ တစ်ကြိမ်တည်း ထုတ်ပေးပါမည်။

စုပေါင်းအသက်အာမခံစာချုပ်

ကိုယ်စားလှယ်အမည်   ———————————— ပေါ်လစီအမှတ်  ————————————
ကိုယ်စားလှယ်အမှတ်  ———————————— ရက်စွဲ  ————————————
၁။ အဆိုလွှာတွင် ဖော်ပြထားသော အကြောင်းအရာများသည် အာမခံထားသည့် လုပ်ငန်းပိုင်ရှင်နှင့် First National Insurance (Life) Co., Ltd. တို့ချုပ်ဆိုမည့် ပဋိညာဥ်၏ အခြေခံအချက်ကြီးများ ဖြစ်ကြောင်းကို နှစ်ဦးသဘောတူညီကြပါသည်။
၂။ ထိုသို့သဘောတူညီချက်အရ ဖော်ပြပါပရီမီယံကို ရရှိပြီးဖြစ်၍ အာမခံထားသည့်အလုပ်သမား သေဆုံး/ဒဏ်ရာ ရလျှင် စာချုပ်ပါ စည်းကမ်းချက်နှင့်အညီ စာချုပ်တွင် ဖော်ပြထားသည့် အကျိုးခံစားခွင့် ထုတ်ပေးရန် First National Insurance (Life) Co., Ltd. ကုမ္ပဏီက တာဝန်ယူလျက် ဤစာချုပ်ကို ချုပ်ဆိုပါသည်။
(က) အာမခံထားသည့် လုပ်ငန်းပိုင်ရှင်အမည် ——————————————————————————————————————-
(ခ) အာမခံထားသည့် လုပ်ငန်း၏ အမည် ——————————————————————————————————————-
(ဂ) အာမခံထားသည့် လုပ်ငန်း၏ လိပ်စာ ——————————————————————————————————————-
(ဃ) ဖုန်းနံပါတ် ——————————————————————————————————————-
(င) အာမခံထားသည့် အလုပ်သမားစုစုပေါင်း ———————– ဦီး
(စ) စုစုပေါင်း အာမခံထားငွေ Kyats ———————————————————————————————————–
(ဆ) စုစုပေါင်း ပရီမီယံ Kyats ———————————————————————————————————–
(ဇ) အာမခံသက်တမ်း ————- Year [ —————- မှ ——————ရက် အထိ ]
၃။  အာမခံထားသည့် အလုပ်သမားများ၏ အသေးစိတ်အချက်အလက်များကို ပူးတွဲပါဇယားဖြင့် ဖော်ပြထားပါသည်။

အခွင့်အာဏာရအရာရှိ

စုပေါင်းအသက်အာမခံ

မှ—– ထိ—– (စုပေါင်းအသက်အာမခံအလုပ်သမားများစာရင်း)

စဉ် အလုပ်သမား၏
အမည်
အဘ အမည် အလုပ် အကိုင် အမျိုးသား/ နိုင်ငံသား
မှတ်ပုံတင်အမှတ်
အသက်
(မွေးသက္ကရာဇ်)
အကျိုးခံစားခွင့်
လွှဲပြောင်းမည့်သူ အမည်
တော်စပ်ပုံ အကျိုးခံစားခွင့်လွှဲပြောင်း
မည့်သူ၏အမျိုးသား/ နိုင်ငံသား
မှတ်ပုံတင်အမှတ်
အာမခံ ထားငွေ
(ကျပ်)
ပရီမီယံ ကျပ် မှတ် ချက်
၁၀
စုစုပေါင်း

အထက်ဖော်ပြပါ အာမခံထားရှိသူ ( ) ဦးသည် အာမခံထားရှိသည့်အချိန်တွင် ကျန်းမာကြောင်းနှင့် အာမခံသက်တမ်း —– မှ —– သက်တမ်းတွင်း ရှိရင်းစွဲ ရောဂါများနှင့် ဆက်စပ်ဖြစ်ပေါ် လာသော ရောဂါမှအပဖြစ်သော အာမခံ အကာအကွယ်များ အတွက်သာ ပေးလျော်မည်ဖြစ်သည်။

Product Proposal Form

Download

စုပေါင်းအသက်အာမခံ လျော်ကြေးပေါ်ပေါက်ပါက ဆောင်ရွက်ရမည့်အချက်များ

 
Injury
၁။ အကြောင်းကြားစာ (Claim ဖြစ်သူ Customer)။
၂။ Companyမှ ဝန်ထမ်းထိခိုက်ဒဏ်ရာရကြောင်း အကြောင်းကြားစာ။
၃။ တောင်းခံလွှာ (Claims Form)။
၄။ Policy
၅။ မှတ်ပုံတင်မိတ္တူ (Claim ဖြစ်သူ Customer)။
၆။ ဆေးမှတ်တမ်းစာအုပ်  (Cause of loss ပါဝင်ရမည်)  (ပြည်ပတွင် ဖြစ်ပွားပါက ဆေးမှတ်တမ်းအား ဘာသာပြန် ပေးရပါမည်)။
၇။ ‌ဒဏ်ရာဓာတ်ပုံ(ဒဏ်ရာသီးသန့်ပုံ နှင့် လူနှင့်ဒဏ်ရာတွဲလျက်ပုံ)။
၈။ Police case ဖြစ်ပါက ရဲစခန်းထောက်ခံစာ (ပြည်ပတွင် ဖြစ်ပွားပါက ထောက်ခံစာအား ဘာသာပြန်ပေးရပါမည်)။
Death
၁။ အကြောင်းကြားစာ (အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။
၂။ Companyမှ ဝန်ထမ်းသေဆုံးကြောင်း အကြောင်းကြားစာ။
၃။ တောင်းခံလွှာ (Claims Form)။
၄။ Policy စာချုပ်မူရင်း။
၅။ မှတ်ပုံတင်မိတ္တူ (သေဆုံးသူ ၊ အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။
၆။ ဆေးမှတ်တမ်းစာအုပ် (Cause of loss ပါဝင်ရမည် / ပြည်ပတွင် ဖြစ်ပွားပါက ဆေးမှတ်တမ်းအား ဘာသာပြန်  ပေးရပါမည်)။
၇။ ‌သေဆုံးမှတ်တမ်းဓာတ်ပုံ ။
၈။ ‌Police case ဖြစ်ပါက ရဲစခန်းထောက်ခံစာ (ပြည်ပတွင် ဖြစ်ပွားပါက ထောက်ခံစာအား ဘာသာပြန်ပေးရပါမည်)။
၉။ Death Certificate (ပြည်ပတွင် ဖြစ်ပွားပါက Death Certificate အား ဘာသာပြန်ပေးရပါမည်)။
၁၀။ သန်းခေါင်စာရင်း။
၁၁။ နာရေးဖိတ်စာ။

အာမခံထားသည့် လူပုဂ္ဂိုလ် (သို့မဟုတ်) အကျိုးခံစားခွင့်ရှိသူမှ ဆောင်ရွက်ရန်အဆင်မပြေပါက အဆိုပါပုဂ္ဂိုလ်မှ အခြားတစ်ဦးသို့ အကျိုးခံစားခွင့်လွှဲပြောင်းလုပ်ဆောင်ခွင့်ပြုကြောင်း အာမခံကုမ္ပဏီသို့ အကြောင်းကြားစာ ပါရှိရမည်။

FREQUENTLY ASKED QUESTIONS

HOW CAN WE HELP YOU?

If you have any question, please inquiry to 09-269843974, 01-570521, 01-570998 and customerservices@fnilife.com

What is the Policy Term?

Policy Term – (1) year

  1. Proposal
  2. NRC
  3. Passport Size Photo
  4. Minimum 5 employees or more

Premium rate is 1% of Sum Insured.

Every employee ranges from (10,000) MMK to (50,000,000) MMK.

Usually it takes approximately 60~90 minutes if all documents are available.

Yes, FNI (Life) has One Stop Service.

Premium Calculator