• Follow Us
PREMIUM CALCULATOR

ပရီမီယံတစ်ကြိမ်ပေးချေးငွေအသက်အာမခံ

ငွေချေးယူသူတစ်ဦးအနေဖြင့် သေဆုံးခြင်း ၊ ထာဝစဉ်မသန်စွမ်း ဖြစ်ခြင်းတို့ကြောင့် ချေးယူထားသော ငွေကို ပြန်လည် ပေးဆပ်နိုင်ခြင်း မရှိမှုများအတွက် အကာအကွယ်ပေးသော အာမခံအမျိုးအစားဖြစ်ပါသည်။

အာမခံထားနိုင်သူ အသက် (၁၈) နှစ်မှ (၆၂) နှစ် အတွင်းရှိသူများ ။
အာမခံသက်တမ်း (၃) နှစ်မှ (၁၅)နှစ် အထိ
အာမခံထားငွေ အနည်းဆုံး ကျပ် (၁၀) သိန်း မှ အများဆုံး ကျပ်သန်း (၃၀၀)။
ပရီမီယံနှုန်း အာမခံထားသူ၏အသက် ၊ အာမခံထားငွေပေါ်မူတည်၍ အာမခံထားသည့် သက်တမ်းအလိုက် ပရီမီယံနှုန်းအား တွက်ချက်ပေးရမည် ဖြစ်ပါသည်။

* ပရီမီယံတစ်ကြိမ်ပေးချေးငွေ အသက်အာမခံထားမည့်သူများ ကျန်းမာရေးစစ်ဆေးရမည်ဖြစ်ပါသည်။*

ပရီမီယံတစ်ကြိမ်ပေးချေးငွေအသက်အာမခံထားခြင်းဖြင့်ရရှိနိုင်သောအကျိုးခံစားခွင့်များ

(၁) မမျှော်လင့်သော ဖြစ်ရပ်ကြောင့် ငွေချေးယူသူ သေဆုံး/ထာဝစဉ်မသန်စွမ်း ဖြစ်ခဲ့လျှင် ငွေချေးသည့် ဘဏ်/ငွေရေးကြေးရေး အဖွဲ့အစည်းမှ ချေးငွေ ပြန်လည်ရရှိခြင်း ။
(၂) မမျှော်လင့်သော ဖြစ်ရပ်ကြောင့် ငွေချေးယူသူ သေဆုံး/ထာဝစဉ်မသန်စွမ်း ဖြစ်ခဲ့လျှင် ၎င်း၏ ကျန်ရစ်သူ မိသားစုအနေဖြင့် အရစ်ကျ ဝယ်ယူထားသော ပိုင်ဆိုင်မှုအတွက် ဆက်လက်ပေးဆပ်ရန် ပူစရာမလိုခြင်း ။
(၃) ပေးသွင်းသည့် ပရီမီယံပေါ်တွင် ဝင်ငွေခွန်သက်သာခွင့်ရှိခြင်း ။

အကျိုးခံစားခွင့်မရရှိနိုင်သည့်ကိစ္စများ

(၁) အာမခံထားသူသည် အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း မိမိ ကိုယ်ကို သတ်သေခြင်း ကြောင့် သေဆုံးခဲ့လျှင် “သေဆုံးမှုအကျိုးခံစားခွင့်(Death Benefit) ” အား ရခွင့်မရှိပါ။ အမ်းငွေကိုသာ ပေါ်လီစီရှင်ထံသို့ ထုတ်ပေးမည်ဖြစ်ပါသည်။
(၂) အာမခံထားသူတစ်ဦးသည် အောက်ဖော်ပြပါ အကြောင်းကိစ္စများကြောင့် အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း ထာဝစဉ်မသန်စွမ်း ဖြစ်ခဲ့လျှင် “ထာဝစဉ်မသန်စွမ်းဖြစ်မှု အကျိုးခံစားခွင့် (Total Permanent Disability Benefit)” အား ရရှိခွင့်မရှိပါ ။ အမ်းငွေကိုသာ ပေါ်လီစီရှင်ထံသို့ ထုတ်ပေးမည်ဖြစ်ပါသည်။
(က) ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို အနာတရဖြစ်အောင် လုပ်ခြင်းကြောင့်ဖြစ်သည့် ထာဝစဉ် မသန်စွမ်းဖြစ်ခြင်း။
(ခ) မိမိကိုယ်ကို သတ်သေခြင်းကြောင့် မသေဘဲ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။

အာမခံထားရှိလိုပါက
FNI (Life) ရုံးချုပ် နှင့် ရုံးခွဲများသို့လည်းကောင်း၊ FNI (Life) နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော အာမခံကိုယ်စားလှယ်များသို့ လည်းကောင်း ဆက်သွယ်၍ အာမခံထားရှိနိုင်ပါသည်။

လျော်ကြေးကိစ္စ တစ်စုံတစ်ရာပေါ်ပေါက်ပါက FNI (Life) သို့ ချက်ချင်းအကြောင်းကြားရန် ဖြစ်ပါသည်။

ပရီမီယံတစ်ကြိမ်ပေးချေးငွေအသက်အာမခံ‌ပေါ်လစီ

အခွင့်အရေးနှင့် စည်းကမ်းချက်များ

၁။
ပရီမီယံတစ်ကြိမ်ပေး ‌ချေး‌ငွေအသက်အာမခံ (Single Premium Credit Life Insurance)
ပေါ်လစီ အကျိုးခံစားခွင့်များ
ပရီမီယံတစ်ကြိမ်ပေး‌ချေး‌ငွေအသက်အာမခံ (Single Premium Credit Life Insurance)  ‌‌ပေါ်လစီရှင်တစ်ဦးအနေဖြင့် ‌အောက်တွင် ‌ဖော်ပြထားသည့် အကျိုုးခံစားခွင့်များ ရနိုင်ခွင့်ရှိပါသည်။
(က) သေဆုံးမှုအကျိုးခံစားခွင့် (Death Benefit)
(ခ) ထာ၀စဥ်မသန်စွမ်း အကျိုးခံစားခွင့် (Total Permanent Disability Benefit)
(က)
သေဆုံးမှုအကျိုးခံစားခွင့် (Death Benefit)
(၁) အာမခံသက်တမ်းအတွင်း အာမခံထားသူသေဆုံးခဲ့လျှင် အာမခံကုမ္ပဏီအနေဖြင့် “‌လျှော့ချထား‌သော အာမခံထား‌ငွေဇယား” တွင် ‌ဖော်ပြထားသည့် အာမခံထားသူ ‌သေဆုံးချိန် နှင့် သက်ဆိုင်သော အာမခံထား‌ငွေကို တလုံးတည်း ထုတ်ပေးပါမည်။
(၂) သေဆုံးမှုအကျိုးခံစားခွင့်ကို အကျိုးခံစားခွင့်လွှဲပြောင်းခံရသည့် ဘဏ် / ‌ငွေ‌ရေးကြေးရေး အဖွဲ့အစည်းကသာ ‌လျှောက်ထားရမည်ဖြစ်ပြီး အာမခံအကျိုးခံစားခွင့်ကိုလည်း ယင်းဘဏ် / ‌‌ငွေရေး‌ကြေး‌ရေးအဖွဲ့အစည်းသို့သာ ထုတ်ပေးပါမည်။
(၃) အကယ်၍ ‌ပေးဆပ်ရမည့် အရစ်ကျချေး‌ငွေကို မပေးဆပ်ပဲကျန်ရှိခဲ့လျှင် အဆိုပါ ‌ပေးဆပ်ရန်ကျန်သော ‌‌ငွေများအတွက် အာမခံကုမ္ပဏီမှ တာ၀န်ယူမည် မဟုတ်ပါ။
(၄) သေဆုံးမှု အကျိုးခံစားခွင့် ထုတ်ယူရန်အတွက် ‌အောက်ဖော်ပြပါ စာရွက်စာတမ်းများအား တင်ပြရန်လိုပါသည်။
(က) ပေါ်လစီစာချုပ်မူရင်း
(ခ) သေစာရင်းမိတ္တူမှန် / ‌သေဆုံး‌ကြောင်းခိုင်လုံသော ‌အထောက်အထား
(ဂ) သေဆုံး‌ကြောင်း ‌ကျေးရွာ / ရပ်ကွက်အုပ်ချုပ်ရေးမှူး‌ထောက်ခံချက်
(ဃ) အကျိုးခံစားခွင့်လွှဲပြောင်းခံရသည့် ဘဏ် / ‌ငွေရေး‌ကြေး‌ရေးအဖွဲ့အစည်း၏ အကျိုးခံစားခွင့်တောင်းခံလွှာ
(၅) အကယ်၍ အာမခံထားသူ ‌သေဆုံးပြီး အလောင်းရှာမတွေ့ပါက (၂)နှစ်‌စောင့်ဆိုင်းရမည်ဖြစ်ပြီး မျက်မြင်အားဖြင့် သွားလာလှုပ်ရှားမှုမရှိကြောင်းကို ‌ကျေးရွာ / ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ‌ထောက်ခံချက်ရရှိလျှင် အကျိုးခံစားခွင့်လွှဲ‌ပြောင်းခံရသည့် ဘဏ်/‌ငွေရေး‌‌ကြေး‌ရေး‌အဖွဲ့အစည်းသို့ တစ်လုံးတည််း ထုတ်ပေးပါမည်။
(ခ)
ထာ၀စဥ်မသန်စွမ်း အကျိုးခံစားခွင့် (Total Permanent Disability Benefit)
(၁) အာမခံသက်တမ်းအတွင်း အာမခံထားသူသည် ထိခိုက်မှုကြောင့်သော်လည်း‌ကောင်း၊ ‌ရောဂါ‌‌ကြောင့်သော်လည်း‌ကောင်း ထာ၀စဥ်မသန်စွမ်းဖြစ်၍ ၀င်ငွေရရှိသော အလုပ်အကိုင်ကိုလုံး၀ မလုပ်ကိုင်နိုင်လျှင် “‌လျှော့ချထား‌သော အာမခံထား‌ငွေဇယား” တွင် ‌ဖော်ပြထား‌သော အာမခံထားသူထာ၀စဥ်မသန်စွမ်းဖြစ်ချိန် နှင့် သက်ဆိုင်သည့် အာမခံထား‌ငွေကို အကျိုးခံစားခွင့်လွှဲ‌ပြောင်းခံရသည့် ဘဏ် (သို့) ‌ငွေရေး‌‌‌ကြေး‌ရေးအဖွဲ့အစည်းသို့သာ တလုံးတည်းထုတ်ပေးပါမည်။
(၂) ထာ၀စဥ်မသန်စွမ်းအကျိုးခံစားခွင့်ကို အကျိုးခံစားခွင့်လွှဲ‌ပြောင်းခံရသည့် ဘဏ် /‌ငွေရေး‌‌ကြေး‌ရေး အဖွဲ့အစည်းကသာ ‌လျှောက်ထားရမည်ဖြစ်ပြီး အာမခံအကျိုးခံစားခွင့်ကိုလည်း ယင်းဘဏ် / ‌ငွေရေး‌ကြေး‌ရေးအဖွဲ့အစည်းသို့သာ ထုတ်ပေးပါမည်။
(၃) အကယ်၍ ‌ပေးဆပ်ရမည့် အရစ်ကျချေး‌ငွေကို မပေးဆပ်ပဲ ကျန်ရှိခဲ့လျှင် အဆိုပါ‌ပေးဆပ်ရန်ကျန်သော‌ငွေများအတွက် အာမခံကုမ္ပဏီမှ တာ၀န်ယူမည်မဟုတ်ပါ။
(၄) ထာ၀စဥ်မသန်စွမ်းဖြစ်ခြင်း အကျိုးခံစားခွင့်အတွက် ‌အောက်ဖော်ပြပါ အထောက်အထားများကို တင်ပြရန် လိုအပ်ပါသည်။
  • အာမခံပေါ်လစီစာချုပ်မူရင်း
  • အားကစားနှင့် ကျန်းမာ‌ရေး၀န်ကြီးဌာနမှ အသိအမှတ်ပြုထားသည့် ‌ဆေးရုံမှ အထူးကုဆရာ၀န်၏ ထာ၀စဥ် မသန်စွမ်းဖြစ်ကြောင်း ‌ထောက်ခံချက်
  • အားကစားနှင့် ကျန်းမာ‌ရေး၀န်ကြီးဌာနမှ အသိအမှတ်ပြုထားသည့် ‌ဆေးရုံ၊ ‌ဆေးခန်းများမှ ‌ဆေးကုသမှုမှတ်တမ်း
  • ကျေးရွာ / ရပ်ကွက်အုပ်ချုပ်ရေးမှူး ‌ထောက်ခံချက်
  • အကျိုးခံစားခွင့်လွှဲပြောင်းခံရသည့် ဘဏ်/‌ငွေရေး‌‌ကြေး‌ရေးအဖွဲ့အစည်း၏ အကျိုးခံစားခွင့် ‌တောင်းခံလွှာ
(၅) ထာ၀စဥ်မသန်စွမ်းဖြစ်ခြင်းဆိုသည်မှာ ‌‌အောက်တွင်ဖော်ပြထားသည့် နမူနာဖြစ်ရပ်မျိုးကို ဆိုလိုပါသည်။
(က) မျက်စိနှစ်ဖက်လုံး၀ကွယ်ခြင်း။
(ခ) ခြေ /လက် နှစ်ဖက်လုံး လက်ကောက်၀တ် သို့မဟုတ် ‌ခြေကျင်း၀တ် အထက်ပိုင်းမှ လုံး၀ပြတ်ခြင်း။
(ဂ) ခြေကျင်း၀တ်အထက်ပိုင်းမှ ‌ခြေထောက်နှစ်ဖက်ပြတ်ခြင်း၊ လုံး၀အသုံးပြု၍ မရခြင်း။
(ဃ) မျက်စိတစ်ဖက် လုံး၀ကွယ်ခြင်းနှင့် ‌ခြေ/လက် တစ်ဖက် လက်‌ကောက်၀တ် သို့မဟုတ် ‌ခြေကျင်း၀တ် အထက်ပိုင်းမှ လုံး၀ပြတ်ခြင်း။
(င) ဆရာ၀န်မှ ထာ၀စဥ်မသန်စွမ်းဖြစ်သည်ဟု တရား၀င် ‌ထောက်ခံဖော်ပြထားခြင်း။
၂။
အမ်း‌ငွေထုတ်ပေးခြင်း (Surrender Value)
(၁) ချေးယူထားသည့်ငွေကို အပြည့်အ၀ပြန်လည်ပေးဆပ်ပြီးမှသာလျှင် အမ်း‌ငွေထုတ်ယူခွင့်ရှိပါသည်။
(၂) အမ်း‌ငွေထုတ်ယူရန်အတွက် ဘဏ် /‌ငွေရေး‌ကြေး‌ရေးအဖွဲ့အစည်းမှ ‌‌ချေး‌ငွေအကြေဆပ်ပြီး‌ကြောင်းကို ‌ထောက်ခံချက်ပေးရပါမည်။ အာမခံကုမ္ပဏီသို့ အကြောင်းကြားရပါမည်။
(၃) အာမခံကုမ္ပဏီအနေဖြင့် ယင်းကဲ့သို့ ‌ချေး‌ငွေအကြေဆပ်ပြီး‌ကြောင်းကို အကြောင်းကြားစာရရှိလျှင် ‌နောက်ဆက်တွဲဖော်ပြထားသည့် “အမ်း‌ငွေနှုန်းထားဇယား” ပါအတိုင်း ရခွင့်ရှိသည့်အမ်း‌ငွေကို ‌ပေါ်လစီရှင်ထံသို့ တလုံးတည်းထုတ်ပေးပါမည်။
(၄) အမ်း‌ငွေထုတ်ယူရန်အတွက် လိုအပ်သည့်စာရွက်စာတမ်းများမှာ
  • မူရင်း‌ပေါ်လစီစာချုပ်
  • ဘဏ် / ‌‌ငွေရေး‌ကြေး‌ရေးအဖွဲ့အစည်းမှ ‌ချေး‌ငွေအကြေဆပ်ပြီး‌ကြောင်း‌ ‌ထောက်ခံစာ
(၅) အမ်း‌ငွေထုတ်ပေးခြင်းမပြုရသေးမီ အာမခံထားသူ ‌သေဆုံးခဲ့လျှင် အာမခံလုပ်ငန်းလုပ်ကိုင်ခွင့် ဥပ‌‌ဒေ ၁၂(ဆ) နှင့်အညီ ‌အောက်ပါအစီအစဥ်အတိုင်း ထုတ်ပေးပါမည်။
(၁) ခင်ပွန်း / ဇနီး
(၂) သားသမီး
(၃) မြေး
(၄) ညီအစ်ကို၊ ‌မောင်နှမ
(၅) မိဘ
၃။
အကျိုးခံစားခွင့်မရနိုင်သည့်ကိစ္စများ
(၁) အာမခံထားသူသည် အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း မိမိကိုယ်ကိုသတ်သေခြင်း‌ကြောင့် ‌သေဆုံးခဲ့လျှင် ‘‌‌သေဆုံးမှုအကျိုးခံစားခွင့် (Death Benefit)’ အားရခွင့် မရှိပါ။ အမ်း‌ငွေကိုသာ ထုတ်ပေးမည် ဖြစ်ပါသည်။
(၂) အာမခံထားသူတစ်ဦးသည် ‌အောက်ဖော်ပြပါ အကြောင်းကိစ္စများ‌ကြောင့် အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း ထာ၀စဥ်မသန်စွမ်းဖြစ်ခဲ့လျှင် ‘ထာ၀စဥ် မသန်စွမ်းဖြစ်မှု အကျိုးခံစားခွင့် (Total Permanent Disability Benefit)’ အားရခွင့်မရှိပါ။ အမ်း‌ငွေကိုသာ ထုတ်ပေးမည်ဖြစ်ပါသည်။
(က) ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို အနာတရဖြစ်အောင်လုပ်ခြင်း‌ကြောင့် ဖြစ်သည့် ထာ၀စဥ်မသန်စွမ်းဖြစ်ခြင်း။
(ခ) မိမိကိုယ်ကို သတ်သေခြင်း‌ကြောင့် မသေဘဲထာ၀စဥ်မသန်စွမ်းဖြစ်ခြင်း။

ပရီမီယံတစ်ကြိမ်ပေးချေးငွေအသက်အာမခံ‌ပေါ်လစီ

ကိုယ်စားလှယ်အမည် ————————— ပေါ်လစီအမှတ် —————————
ကိုယ်စားလှယ်အမှတ် ————————— နေ့စွဲ —————————
၁။ အဆိုလွှာနှင့် အာမခံထားသူ၏ ကျန်းမာ‌ရေးစစ်ဆေးချက်အစီရင်ခံစာပါ‌ဖော်ပြချက်များနှင့် အဖြေများသည် ‌ပေါ်လစီရှင်နှင့် ဤကုမ္ပဏီ တို့ချုပ်ဆိုမည့် ပဋိညာဥ်၏ အခြေခံအချက်များဖြစ်ကြောင်းနှင့် ယင်း‌ဖော်ပြချက်များနှင့် အဖြေများတွင် မမှန်ကန်သောအချက် (သို့မဟုတ်) အချက်များပါရှိလျှင် ဤပဋိညာဥ်ပျက်ကြောင်း‌ပေါ်လစီရှင်မှ သိရှိသဘောတူညီသည်။
၂။ ပေါ်လစီရှင်မှ ဤပရီမီယံတစ်ကြိမ်ပေး ချေး‌ငွေအသက်အာမခံအတွက် တစ်ကြိမ်တည်းကျသင့်ပရီမီယံကို ‌ပေးသွင်းပြီးဖြစ်၍ ‌အောက်၌‌ဖော်ပြထား‌သော ‌ပေးရသည့်အကြောင်းကိစ္စဖြစ်ပေါ်ခဲ့သော် ဤ‌ပေါ်လစီပါအခွင့်အရေးများ၊ စည်းမျဥ်းများ၊ ပြင်ဆင်ချက်များနှင့်အညီ ‌ပေါ်လစီရှင်မှ အကျိုးခံစားခွင့် လွှဲပြောင်း‌ပေးထားသည့် ဘဏ်/‌‌ငွေရေး‌ကြေး‌ရေးအဖွဲ့အစည်းသို့ ‌လျော်‌ကြေး‌ပေးရန် ဤကုမ္ပဏီက တာ၀န်ယူကတိပြုပါသည်။
ပေါ်လစီရှင်အချက်အလက်များ အာမခံထားသူအချက်အလက်များ
အမည်
နောက်မွေး‌နေ့တွင် ပြည့်မည်အသက်
နေရပ်လိပ်စာ
အလုပ်အကိုင်
အာမခံထားသည့်သက်တမ်း ———————————————————————————————————————————————
အာမခံစသော‌နေ့ ————————————————- အာမခံသက်တမ်း‌စေ့မည့်နေ့—————————————————–
အာမခံထား‌ငွေ(ကျပ်) ———————————————————————————————————————————————
တစ်ကြိမ်တည်း‌ပေးပရီမီယံ (ကျပ်) ———————————————————————————————————————————————
အကျိုးခံစားခွင့်လွှဲပြောင်းခြင်းခံရသည့် ဘဏ် / ‌ငွေရေး‌ကြေး‌ရေးအဖွဲ့အစည်း
ဘဏ်အမည် ———————————————————————————————————————————————
လိပ်စာ ———————————————————————————————————————————————
အာမခံထား‌ငွေပေးရသည့် အကြောင်းကိစ္စ

အာမခံထားသူသေဆုံးလျှင်သော်လည်း‌ကောင်း၊ ထာ၀စဥ်မသန်စွမ်းဖြစ်လျှင်သော်လည်း‌ကောင်း ‘‌‌လျှော့ချထား‌သောအာမခံထား‌ငွေဇယား’ တွင် ‌ဖော်ပြထားသည့် အာမခံထားသူသေဆုံးချိန်နှင့် သက်ဆိုင်သောအာမခံထား‌ငွေ ကို အကျိုးခံစားလွှဲပြောင်းခံရသည့် ဘဏ်/‌ငွေရေး‌ကြေး‌ရေး အဖွဲ့အစည်းသို့ ထုတ်ပေးမည်။

ပေါ်လစီ ထုတ်ပေးသည့်ရက်စွဲ၊ ————————- ခုနှစ်၊ —————————-လ၊ (——————) ရက်

(တာ၀န်ခံအရာရှိ)

Product Proposal Form

Download

ပရီမီယံတစ်ကြိမ်ပေး ချေးငွေ အသက်အာမခံ လျော်ကြေးပေါ်ပေါက်ပါက ဆောင်ရွက်ရမည့် အချက်များ

Total Permanent Disability
၁။ အကြောင်းကြားစာ (အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။
၂။ ‌တောင်းခံလွှာ (Claims Form)။
၃။ ‌Policy
၄။ ‌မှတ်ပုံတင်မိတ္တူ (ထာဝစဉ်မသန်စွမ်းဖြစ်သူ ၊ အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။
၅။ ‌ဆေးမှတ်တမ်းစာအုပ် (Cause of loss ပါဝင်ရမည် / ပြည်ပတွင် ဖြစ်ပွားပါက ဆေးမှတ်တမ်းအားဘာသာပြန်ပေးရပါမည်)။
၆။ ‌ဆေးကုသသည့် အထူးကုဆရာဝန်၏ ထာဝစဉ်မသန်စွမ်းဖြစ်ကြောင်း ထောက်ခံချက်။
၇။ ဒဏ်ရာဓာတ်ပုံ(ဒဏ်ရာသီးသန့်ပုံ နှင့် လူနှင့်ဒဏ်ရာတွဲလျက်ပုံ)။
၈။ ‌သန်းခေါင်စာရင်း။
၉။ ‌Police case ဖြစ်ပါက ရဲစခန်းထောက်ခံစာ (ပြည်ပတွင် ဖြစ်ပွားပါက ထောက်ခံစာအား ဘာသာပြန်ပေး ရပါမည်)။
Death
၁။ ‌အကြောင်းကြားစာ (အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။
၂။ ‌တောင်းခံလွှာ (Claims Form)။
၃။ ‌Policy စာချုပ်မူရင်း။
၄။ ‌မှတ်ပုံတင်မိတ္တူ (သေဆုံးသူ ၊ အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ) ။
၅။ ‌ဆေးမှတ်တမ်းစာအုပ် (Cause of loss ပါဝင်ရမည် / ပြည်ပတွင် ဖြစ်ပွားပါက ဆေးမှတ်တမ်းအား ဘာသာပြန် ပေးရပါမည်)။
၆။ ‌သေဆုံးမှတ်တမ်းဓာတ်ပုံ။
၇။ ‌Police case ဖြစ်ပါက ရဲစခန်းထောက်ခံစာ (ပြည်ပတွင် ဖြစ်ပွားပါက ထောက်ခံစာအား ဘာသာပြန်ပေးရပါမည်)။
၈။ Death Certificate (ပြည်ပတွင် ဖြစ်ပွားပါက Death Certificate အား ဘာသာပြန်ပေးရပါမည်)။
၉။ ‌သန်းခေါင်စာရင်း။
၁၀။ နာရေးဖိတ်စာ။

အာမခံထားသည့် လူပုဂ္ဂိုလ် (သို့မဟုတ်) အကျိုးခံစားခွင့်ရှိသူမှ ဆောင်ရွက်ရန်အဆင်မပြေပါက အဆိုပါပုဂ္ဂိုလ်မှ အခြားတစ်ဦးသို့ အကျိုးခံစားခွင့်လွှဲပြောင်းလုပ်ဆောင်ခွင့်ပြုကြောင်း အာမခံကုမ္ပဏီသို့ အကြောင်းကြားစာ ပါရှိရမည်။

FREQUENTLY ASKED QUESTIONS

HOW CAN WE HELP YOU?

If you have any question, please inquiry to 09-269843974, 01-570521, 01-570998 and customerservices@fnilife.com

What is the Policy Term?

Policy Term – (3) years to (15) years

  1. Proposal
  2. NRC
  3. Passport Size Photo
  4. Full medical examination result of the insured

Premium rate varies with the Age of Insured , Preferred Sum Insured and duration.

The Sum Insured ranges from (1) Million to (300) Millions.

It must be between (18) and (62) years old.

The benefits of this insurance are:

  1. Tax exemption on premium
  2. Receive the loan from Bank or Financial Institute if the insured is dead/TPD
  3. Waiver of installment payment if the insured is dead/TPD

Yes, FNI (Life) has One Stop Service.