• Follow Us
PREMIUM CALCULATOR

ခရီးသွားအာမခံ

ပြည်တွင်း/ပြည်ပခရီးသွားသောသူများ ခရီးစဉ်အတွင်း မတော်တဆဖြစ်ရပ်များကြောင့် ထိခိုက်ဒဏ်ရာရခြင်း၊ ထာဝစဉ်မသန်စွမ်း ဖြစ်ခြင်း၊ အသက်ဆုံးရှုံးခြင်းများ ဖြစ်ပွားသည့်အခါ ငွေကြေးအထောက်အပံ့ပြန်လည်ရရှိနိုင်သည့် အာမခံအမျိုးအစားဖြစ်ပါသည်။

အာမခံထားခွင့်ရှိသူ ပြည်တွင်း၊ ပြည်ပခရီးစဉ်ကို လေယာဉ်၊ သင်္ဘော၊ ကိုယ်ပိုင်ယာဉ် (သို့) စီးလုံးငှားယာဉ်နှင့် အများပြည်သူသုံး ယာဉ်လိုင်းများ အသုံးပြု၍ ခရီးသွားသူများ (အသက်ကန့်သတ်ချက်မရှိ)
အာမခံတန်ဖိုး
  • ပြည်တွင်း၊ ပြည်ပခရီးစဉ်များအတွက် – တစ်ယူနစ်လျှင် ကျပ် (၅) သိန်းမှ အများဆုံး (၂၀) ယူနစ် ကျပ်သိန်း (၁၀၀) အထိ
  • ခရီးမိုင် ၁၀၀ အောက် သယ်ယူပို့ဆောင်သည့် ယာဉ်လိုင်းများအတွက် – အာမခံထားငွေ ပုံသေကျပ် သိန်း (၂၀)
အာမခံသက်တမ်း
  • ပြည်တွင်းခရီးစဉ်များအတွက် – နေ့ချင်းပြန်(၁) ရက်ခရီးမှ အများဆုံး(၃) လ ခရီးအထိ
  • ပြည်ပခရီးစဉ်များအတွက် – ၁ ပတ်ခရီးမှအများဆုံး (၃) လ ခရီးအထိ
  • ခရီးမိုင် ၁၀၀ အောက်သယ်ယူပို့ဆောင်သည့်ယာဉ်လိုင်းများအတွက်ခရီးတစ်ခေါက် (ခရီးစဉ်အစ-အဆုံး)

 

ပရီမီယံနှုန်း
ခရီးစဉ် သက်တမ်း ပရီမီယံနှုန်း
ပြည်တွင်း ၁ ရက် ခရီး ၁ ယူနစ် – ၁၀၀ ကျပ်
၃ ရက် ခရီး ၁ ယူနစ် – ၁၅၀ ကျပ်
၁ ပတ် ခရီး ၁ ယူနစ် – ၂၀၀ ကျပ်
၂ ပတ် ခရီး ၁ ယူနစ် – ၂၅၀ ကျပ်
၁ လ ခရီး ၁ ယူနစ် – ၃၀၀ ကျပ်
၁ လ နှင့် ၁၅ ရက် ခရီး ၁ ယူနစ် – ၃၅၀ ကျပ်
၂ လ ခရီး ၁ ယူနစ် – ၄၀၀ ကျပ်
၂ လ ခွဲခရီး ၁ ယူနစ် – ၄၅၀ ကျပ်
၃ လ ခရီး ၁ ယူနစ် – ၅၀၀ ကျပ်
ပြည်ပ ၁ ပတ် ခရီး ၁ ယူနစ် – ၂၀၀ ကျပ်
၂ ပတ် ခရီး ၁ ယူနစ် – ၂၅၀ ကျပ်
၁ လ ခရီး ၁ ယူနစ် – ၃၀၀ ကျပ်
၁ လ နှင့်၁၅ ရက် ခရီး ၁ ယူနစ် – ၃၅၀ ကျပ်
၂ လ ခရီး ၁ ယူနစ် – ၄၀၀ ကျပ်
၂ လ ခွဲ ခရီး ၁ ယူနစ် – ၄၅၀ ကျပ်
၃ လ ခရီး ၁ ယူနစ် – ၅၀၀ ကျပ်
ခရီးမိုင် ၁၀၀ အောက် ခရီးစဉ်အစမှအဆုံးအထိ ပုံသေ ၁၀၀/- ကျပ်

 

ခရီးသွားအာမခံထားရှိခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ
  • ခရီးစဉ် အစမှ အဆုံးအထိ အာမခံ ဝယ်ယူပြီး စီးနင်းလိုက်ပါသည့်သူများ ထိခိုက်ဒဏ်ရာရခြင်း၊ ထာဝစဉ်မသန်စွမ်း ဖြစ်ခြင်း နှင့် မတော်တဆ ဖြစ်ရပ်များကြောင့် သေဆုံးခြင်းများအတွက် လျော်ကြေးခံစားခွင့်ရနိုင်ပါသည်။
  • အသက်ဆုံးရှုံးခြင်း အတွက် အာမခံထားငွေကိုအကျိုးခံစားခွင့်လွှဲပြောင်းခံရသူသို့ထုတ်ပေးပါမည်။
  • ဆရာဝန်ထောက်ခံချက်အရ ၁၀၀% ထာဝစဉ်မသန်စွမ်းဖြစ်ခဲ့ပါက အာမခံထားငွေကို အပြည့်အဝတစ်လုံးတည်း ပေးလျော်ပါမည်။
  • ထိခိုက်ဒဏ်ရာရရှိခြင်းများ အတွက် ဆရာဝန်ထောက်ခံချက်ဖြင့် သတ်မှတ်ရာခိုင်နှုန်းအတိုင်း အကျိုးခံစားခွင့်ရရှိနိုင် ပါသည်။

 

ဆေးရုံတက်/ဆေးကုသရခြင်းအတွက်
  • ပြည်တွင်း၊ ပြည်ပ ခရီးစဉ်များတွင် မတော်တဆထိခိုက်မှုကြောင့် ဆေးရုံတက်ကုသခံယူရသည့်ကာလအတွက် ရက်သတ္တပတ်လျှင် အာမခံထားငွေ ကျပ် ၅၀၀,၀၀၀/- (တစ်ယူနစ်) လျှင်ကျပ် ၄,၀၀၀ နှုန်းဖြင့် စုစုပေါင်း (၅၂) ပတ်အထိ။
  • မိုင် (၁၀၀) အောက်ခရီးစဉ်များတွင် မတော်တဆထိခိုက်မှုကြောင့် ဆေးရုံတက်ကုသခံယူရသည့် ကာလအတွက် ရက်သတ္တပတ်လျှင် ပုံသေကျပ် ၃,၂၀၀ နှုန်းဖြင့် စုစုပေါင်း (၅၂) ပတ်အထိ။
  • အကျိုးခံစားခွင့်စုစုပေါင်းသည် အာမခံထားငွေထက် ကျော်လွန်ခြင်း မရှိစေရပါ။
  • သေဆုံးမှုအတွက် လျော်ကြေးကို ဖြစ်ပွားသည့်နေ့မှ (၁) နှစ်အတွင်း၊ ဒဏ်ရာရမှုအတွက် လျော်ကြေးကို (၂) နှစ်အတွင်း တောင်းခံရန် လိုအပ်ပါသည်။

 

ခရီးသွားအာမခံလျော်ကြေးပေးရန် အကျုံးမဝင်သည့်အချက်များမှာ
(က) ရှိရင်းစွဲကိုယ်အင်္ဂါချို့တဲ့မှု နှင့် ရှိရင်းစွဲရောဂါဘယများကြောင့် ဖြစ်ပွားခြင်း
(ခ) မိမိကိုယ်မိမိ သေကြောင်းကြံစည်ခြင်း
(ဂ) တမင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို ထိခိုက်ဒဏ်ရာရရှိစေခြင်း
(ဃ) ယာဉ်ထိခိုက်မှုနှင့် ဆက်စပ်မှုမရှိသောမီးဖွားခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း စသည်များ
(င) ရာဇဝတ်မှုကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် ဥပဒေချိုးဖောက်ခြင်း
(စ) မူးယစ်ဆေးဝါးသုံးစွဲခြင်း
(ဆ) စစ်၊ သပိတ်မှောက်ခြင်း၊ အဓိကရုဏ်းဖြစ်ခြင်း၊ ပြည်တွင်းစစ်၊ အကြမ်းဖက်ဖျက်စီးခြင်းနှင့် ပြည်တွင်း မငြိမ်မသက်ဖြစ်ခြင်း
(ဇ) (င)၊ (စ) နှင့် (ဆ) ပါအကြောင်းအရာများ နှင့် ယင်းတို့၏ အကျိုးဆက်များကြောင့် ဖြစ်ပေါ်သည့် သေဆုံးခြင်း၊ ထာဝစဉ် မသန်စွမ်းဖြစ်ခြင်း နှင့် ထိခိုက်ဒဏ်ရာရရှိခြင်းစသည်များ။

 

အာမခံထားရှိလိုပါက

FNI ရုံးချုပ်နှင့် ရုံးခွဲများသို့လည်းကောင်း၊ FNI နှင့်ဆက်သွယ်ဆောင်ရွက်လျှက်ရှိသော အာမခံကိုယ်စားလှယ်များသို့လည်းကောင်း ဆက်သွယ်၍ အာမခံထားရှိနိုင်ပါသည်။

ခရီးသွားအာမခံ အကျိုးခံစားခွင့် နှင့် စည်းကမ်းချက်

အာမခံထားသူ အကျိုးခံစားခွင့်များ
ခရီးစဉ်အစမှ အဆုံးအထိ အာမခံလက်မှတ်ဝယ်ယူထားသည့် ခရီးသည်များသည် စီးနင်းလိုက်ပါသည့် ယာဉ်ကြောင့် ဖြစ်စေ ၊ အာမခံထားသူ၏ မတော်တဆဖြစ်ရပ်များကြောင့်ဖြစ်စေ ၊ အသက်ဆုံးရှုံးခြင်း ၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း ၊ ထိခိုက် ဒဏ်ရာရခြင်းများအတွက် ပူးတွဲပါ အကျိုးခံစားခွင့်များကို ရရှိခံစားရမည်ဖြစ်ပါသည်။
(က) အသက်ဆုံးရှုံးလျှင်
အသက်ဆုံးရှုံးလျှင် အာမခံထားငွေကို အကျိုးခံစားခွင့်လွှဲပြောင်းပေးသူသို့ ထုတ်ပေးပါမည်။
(ခ) ထာဝစဉ်မသန်စွမ်းဖြစ်လျှင်
ထာဝစဉ်မသန်စွမ်းဖြစ်လျှင် ဆရာဝန်၏ ထောက်ခံချက်တွင် ထာဝစဉ်မသန်စွမ်းဖြစ်မှု ရာခိုင်နှုန်းအတိုင်း ဝယ်ယူသည့်ယူနစ်အလိုက် ပေးလျော်မည်ဖြစ်ပြီး ၁၀၀% ထာဝစဉ်မသန်စွမ်းဖြစ်ပါက လျော်ကြေးကို အာမခံထားငွေ အတိုင်း ပေးလျော်မည်ဖြစ်ပါသည်။
လျော်ကြေးပေးရန် အကျုံးမဝင်သည့် အချက်များ
(က) ရှိရင်းစွဲ ကိုယ်အင်္ဂါချို့တဲ့မှုနှင့် ရှိရင်းစွဲရောဂါဘယများကြောင့် ဖြစ်ပွားခြင်း။
(ခ) မိမိကိုယ် မိမိသေကြောင်းကြံစည်ခြင်း။
(ဂ) တမင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို ထိခိုက်ဒဏ်ရာရရှိစေခြင်း။
(ဃ) ယာဉ်ထိခိုက်မှုနှင့် ဆက်စပ်မှုမရှိသော မီးဖွားခြင်း၊ ကိုယ်ဝန်ပျက်ခြင်း စသည်များ။
(င) ရာဇဝတ်မှုကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် ဥပဒေချိုးဖောက်ခြင်း။
(စ) မူးယစ်ဆေးဝါးသုံးစွဲခြင်း။
(ဆ) စစ်၊ သပိတ်မှောက်ခြင်း၊ အဓိကရုဏ်းဖြစ်ခြင်း၊ ပြည်တွင်းစစ်အကြမ်းဖက်ဖျက်ဆီးခြင်း နှင့် ပြည်တွင်း မငြိမ်မသက်ဖြစ်ခြင်း။
စည်းကမ်းချက်

ထိခိုက်မှုဖြစ်ပွားပါက ဖြစ်ပွားသည့်နေမှစ၍ ချက်ချင်း (၇)ရက်အတွင်း အာမခံလက်မှတ်တွင် ဖော်ပြထားသော ဆက်သွယ်ရမည့်တယ်လီဖုန်းသို့ အကြောင်းကြားရန် လိုအပ်ပါသည်။

ခရီးသွားအာမခံလက်မှတ်

ကိုယ်စားလှယ်အမည်   ———————————— FNIL-HO/TI/CER/——————–/——–
ကိုယ်စားလှယ်အမှတ်  ———————————— ရက်စွဲ  ————————————
အာမခံထားသူ အမည် ——————————————————————————————————————-
နိုင်ငံသားစိစစ်‌ရေးအမှတ် / နိုင်ငံကူးလက်မှတ် ——————————————————————————————————————-
အဘအမည် ——————————————————————————————————————-
နေရပ်လိပ်စာ / ဖုန်းနံပါတ် / အီးမေးလ် ——————————————————————————————————————-
အာမခံဝယ်ယူသည့်ယူနစ် / တန်ဖိုး ——————————————————————————————————————-
ကျသင့်ပရီမီယံ ——————————————————————————————————————-
အာမခံထားသည့်ခရီးစဉ် ——————————————————————————————————————-
အာမခံထားသည့်ကာလ ——————————————————————————————————————-
အသုံးပြုသည့်ယာဉ် ——————————————————————————————————————-
အကျိုးခံစားခွင့် လွှဲပြောင်းခံရသူအမည် ——————————————————————————————————————-
နိုင်ငံသားစိစစ်‌ရေးအမှတ် / နိုင်ငံကူးလက်မှတ် ——————————————————————————————————————-
အဘအမည် ——————————————————————————————————————-
နေရပ်လိပ်စာ / ဖုန်းနံပါတ်/ အီးမေးလ် ——————————————————————————————————————-
တော်စပ်ပုံ ——————————————————————————————————————-
(အာမခံထားသူပေးသွင်းသော ပရီမီယံကို အကြောင်းပြု၍ အာမခံထားသည့်ကာလနှင့် အာမခံခရီးစဉ်အတွင်း ယာဉ် မတော်တဆထိခိုက်မှုကြောင့် အာမခံထားသူ အသက်ဆုံးရှုံးခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းနှင့် ထိခိုက်ဒဏ်ရာရခြင်း စသည်များအတွက် ပူးတွဲပါအကျိုးခံစားခွင့်များကို ပူးတွဲပါ စည်းမျဉ်းများနှင့်အညီ အာမခံထားသူ/ အကျိုးခံစားခွင့်ရှိသူသို့ ထုတ်ပေးရန် ဤအာမခံကုမ္ပဏီက တာဝန်ယူကတိပြုပါသည်။)

(အတည်ပြုသူ)

Product Proposal Form

Download

Travel Insurance လျော်ကြေးပေါ်ပေါက်ပါက ဆောင်ရွက်ရမည့် အချက်များ

Death
၁။ အကြောင်းကြားစာ (အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)
၂။ ‌တောင်းခံလွှာ (Claims Form)
၃။ Certificate
၄။ မှတ်ပုံတင်မိတ္တူ(သေဆုံးသူ ၊ အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)
၅။ ‌ဆေးမှတ်တမ်းစာအုပ် (ပြည်ပတွင် ဖြစ်ပွားပါက ဆေးမှတ်တမ်းအား ဘာသာပြန်ပေးရပါမည်)
၆။ နာရေးဖိတ်စာ
၇။ သန်းခေါင်စာရင်း
၈။ Death Certificate (ပြည်ပတွင် ဖြစ်ပွားပါက Death Certificate အား ဘာသာပြန်ပေးရပါမည်)
၉။ Police case ဖြစ်ပါက ရဲစခန်းထောက်ခံစာ (ပြည်ပတွင် ဖြစ်ပွားပါက ထောက်ခံစာအား ဘာသာပြန်ပေးရပါမည်)
Total Permanent Disability
၁။ အကြောင်းကြားစာ (အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)
၂။ တောင်းခံလွှာ (Claims Form)
၃။ Certificate
၄။ မှတ်ပုံတင်မိတ္တူ (ထာဝစဉ်မသန်စွမ်းဖြစ်သူ ၊ အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)
၅။ ဆေးမှတ်တမ်းစာအုပ် (Cause of loss ပါဝင်ရမည် / ပြည်ပတွင် ဖြစ်ပွားပါက ဆေးမှတ်တမ်းအား
ဘာသာပြန်ပေးရပါမည်)
၆။ ဆေးကုသသည့် အထူးကုဆရာဝန်၏ ထာဝစဉ်မသန်စွမ်းဖြစ်ကြောင်း ထောက်ခံချက်
၇။ သန်းခေါင်စာရင်း
၈။ Police case ဖြစ်ပါက ရဲစခန်းထောက်ခံစာ (ပြည်ပတွင် ဖြစ်ပွားပါက ထောက်ခံစာအား ဘာသာပြန်ပေးရပါမည်)
Injury
၁။ အကြောင်းကြားစာ (Claim ဖြစ်သူ Customer)
၂။ တောင်းခံလွှာ (Claims Form)
၃။ Certificate
၄။ မှတ်ပုံတင်မိတ္တူ (Claim ဖြစ်သူ Customer)
၅။ ဆေးမှတ်တမ်းစာအုပ် (Cause of loss ပါဝင်ရမည် / ပြည်ပတွင် ဖြစ်ပွားပါက ဆေးမှတ်တမ်းအား ဘာသာပြန်ပေးရပါမည်)
၆။ ဒဏ်ရာဓာတ်ပုံ(ဒဏ်ရာသီးသန့်ပုံ နှင့် လူနှင့်ဒဏ်ရာတွဲလျက်ပုံ)
၇။ Police case ဖြစ်ပါက ရဲစခန်းထောက်ခံစာ (ပြည်ပတွင် ဖြစ်ပွားပါက ထောက်ခံစာအား ဘာသာပြန်ပေးရပါမည်)
Hospitalized / Treated
၁။ အကြောင်းကြားစာ (Claim ဖြစ်သူ Customer)
၂။ တောင်းခံလွှာ (Claims Form)
၃။ Certificate
၄။ မှတ်ပုံတင်မိတ္တူ (Claim ဖြစ်သူ Customer)
၅။ ဆေးမှတ်တမ်းစာအုပ် (Cause of Loss ၊ ဆေးရုံတက်ရက်နှင့်ဆင်းရက် ပါဝင်ရမည်) (ပြည်ပတွင် ဖြစ်ပွားပါက ဆေးမှတ်တမ်းအား ဘာသာပြန်ပေးရပါမည်)
၆။ ရဲစခန်းထောက်ခံစာ (ပြည်ပတွင် ဖြစ်ပွားပါက ထောက်ခံစာအား ဘာသာပြန်ပေးရပါမည်)

အာမခံထားသည့် လူပုဂ္ဂိုလ် (သို့မဟုတ်) အကျိုးခံစားခွင့်ရှိသူမှ ဆောင်ရွက်ရန်အဆင်မပြေပါက အဆိုပါပုဂ္ဂိုလ်မှ အခြားတစ်ဦးသို့ အကျိုးခံစားခွင့်လွှဲပြောင်းလုပ်ဆောင်ခွင့်ပြုကြောင်း အာမခံကုမ္ပဏီသို့ အကြောင်းကြားစာ ပါရှိရမည်။

FREQUENTLY ASKED QUESTIONS

HOW CAN WE HELP YOU?

If you have any question, please inquiry to 09-268022336, 01-570521, 01-570998 and customerservices@fnilife.com

What is the policy Term?

-for domestic trip period of coverage is set from a minimum of 1 day to a maximum of 3 months
-oversea trip is set from a minimum of 1 week to a maximum of 3 months.

a.Proposal
b.NRC

The premium is set from a minimum of 100 MMK to a maximum of 500 MMK per unit.

A maximum of 20 units.

Yes, FNI (Life) has One-Stop Service.

Premium Calculator