• Follow Us
PREMIUM CALCULATOR

စာသင်သားအသက်အာမခံ

ရည်မှန်းထားသည့်ကာလတစ်ခုတွင်သားသမီးများ၏တက္ကသိုလ်ပညာရေးစနစ်ကို အထောက်အပံ့ပေးနိုင်ရန်အတွက် ကူညီ ထောက်ပံ့ပေးသော အာမခံဖြစ်ပါသည်။
စာသင်သားအသက်အာမခံသည် တစ်ဦးချင်းထားရှိနိုင်သည့် ငွေပင်ငွေရင်းအသက်အာမခံအမျိုးအစားဖြစ်ပါသည်။

အာမခံထားနိုင်သူ ရက် (၃၀) သား မှ (၁၂) နှစ်အတွင်းရှိသူ (ရင်သွေးငယ်)။
အာမခံဝယ်ယူနိုင်သူ အသက် (၁၈) နှစ်မှ (၅၅) နှစ်အတွင်းရှိသည့်မိခင် (သို့မဟုတ််) ဖခင်။
အာမခံထားငွေ အနည်းဆုံး ကျပ်သိန်း (၁၀) မှ အများဆုံး ကျပ်သိန်း (၁,၀၀၀) အထိ။
အာမခံသက်တမ်း အနည်းဆုံး (၈) နှစ် မှ အများဆုံး (၁၉) နှစ် အထိ။
ပရီမီယံနှုန်း အာမခံထားသူ၏အသက်၊ အာမခံထားငွေပေါ်မူတည်၍ အာမခံထားသည့်
သက်တမ်းအလိုက် ပရီမီယံနှုန်းအား တွက်ချက်ပေးရမည် ဖြစ်သည်။

*စာသင်သားအသက်အာမခံထားသူတိုင်း လိုအပ်ပါက ကျန်းမာရေးဆေးစစ်ရမည်ဖြစ်သည်။*

စာသင်သားအသက်အာမခံထားရှိခြင်းအားဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

(၁)  သေဆုံးမှုအကျိုးခံစားခွင့်
အာမခံထားသူ (ကလေး) သေဆုံးခဲ့လျှင် အာမခံထားသည့်ရင်သွေးငယ်သည် ရက် (၃၀) သား မှ (၃) နှစ် အတွင်းဖြစ်ပါက အာမခံထားငွေ၏ (၂၅%) သာထုတ်ပေးမည်ဖြစ်ပြီး အာမခံထားသူ (ကလေး) အသက် (၃) နှစ် ပြည့်ပြီး သည့်နေ့မှ နောက်ပိုင်း သေဆုံးခဲ့လျှင် အာမခံထားငွေ ထုတ်ပေးမည် ဖြစ်ပါသည်။
(၂)  ထာဝစဉ်မသန်စွမ်းအကျိုးခံစားခွင့်
အာမခံထားသူ (ကလေး) သည် ရက် (၃၀) သား မှ (၃) နှစ်အတွင်းဖြစ်ပါက အာမခံထားငွေ၏ (၂၅%) သာ ထုတ်ပေးမည်ဖြစ်ပြီး အာမခံထားသူ (ကလေး) အသက် (၃) နှစ်ပြည့်ပြီး နောက်ပိုင်း ထာဝစဉ်မသန်စွမ်း ဖြစ်ခဲ့လျှင် အာမခံထားငွေကို ထုတ်ပေးမည် ဖြစ်ပါသည်။
(၃)  ပရီမီယံကင်းလွတ်ခွင့်
စာသင်သားအသက်အာမခံ ဝယ်ယူသူသေဆုံးလျှင်ဖြစ်စေ၊ ရောဂါကြောင့်သော်လည်းကောင်း၊ မတော်တဆ ထိခိုက်မှုကြောင့် သော်လည်းကောင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်လျှင်ဖြစ်စေ ဆက်လက်ပေးသွင်းရန် ကျန်ရှိသော ပရီမီယံကို ပေးသွင်းရန်မလိုဘဲ ကင်းလွတ်ခွင့်ပြုပါသည်။
(၄)  ပညာသင်ထောက်ပံ့ငွေအကျိုးခံစားခွင့်
ရင်သွေးငယ်အသက် (၁၇) နှစ်မှစ၍ အသက် (၁၈) နှစ်၊ အသက် (၁၉) နှစ်၊ အသက် (၂၀) နှစ်တို့တွင် အာမခံထားငွေ၏ (၂၅%) ကျစီ (၄) ရစ် အညီအမျှခွဲ၍ နှစ်စဉ်ပေးပါသည်။
(၅)  ပေါ်လီစီကိုစာရင်းပိတ်ခြင်း
ပေါ်လီစီရှင်တစ်ဦးအနေဖြင့် (၃) နှစ် တစ်ဆက်တည်း ပရီမီယံပေးသွင်းပြီးသည့်နောက်တွင် အကြောင်းတစ်စုံ တစ်ရာကြောင့် ပရီမီယံဆက်လက် မပေးသွင်းနိုင်လျှင် စာရင်းပိတ်နိုင်သည်။ ပေါ်လီစီတွင် ဖော်ပြထားသော သက်တမ်းစေ့ ရောက်သည့်နေ့တွင် စာရင်းပိတ်တန်ဖိုးကို အာမခံထားသူ သို့ထုတ်ပေးပါသည်။
(၆) အမ်းငွေထုတ်ပေးခြင်း
ပေါ်လီစီရှင်သည် ကျသင့်ပရီမီယံကို ဆက်လက်ပေးသွင်းခြင်း မပြုနိုင်တော့သဖြင့် အတည်ဖြစ်ပြီးသော ပေါ်လီစီတစ်စောင်ကို ဖျက်သိမ်း၍အမ်းငွေထုတ်ယူရန် အကြောင်းကြားလာလျှင် အမ်းငွေဇယားပါနှုန်းအတိုင်း ရခွင့်ရှိသည့် အမ်းငွေကို ပေါ်လီစီရှင်သို့တစ်လုံးတည်း ထုတ်ပေးပါသည်။
(၇) ချေးငွေရယူခြင်း
ပေါ်လီစီရှင်တစ်ဦးအနေဖြင့် (၃) နှစ် တစ်ဆက်တည်း ပရီမီယံပေးသွင်းပြီးသည့် ပေါ်လစီတစ်စောင်မှ ချေးငွေရယူနိုင်သည့် အကျိုးခံစားခွင့်ရှပါသည်။

အကျိုးခံစားခွင့်မရရှိနိုင်သည့်ကိစ္စများ

၁။ သေဆုံးမှုအကျိုးခံစားခွင့်ကို အောက်ဖော်ပြပါအကြောင်းကိစ္စများအတွက် မရရှိနိုင်ပါ။
(က) အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း မိမိကိုယ်ကို သတ်သေခြင်း။
(ခ) အာမခံဝယ်ယူစဉ်က ဖော်ပြရန် ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါကြောင့်ဖြစ်သည့်သေဆုံးခြင်း။
၂။ ထာဝစဉ်မသန်စွမ်းဖြစ်မှု အကျိုးခံစားခွင့်ကို အောက်ဖော်ပြပါကိစ္စရပ်များအတွက်မရရှိနိုင်ပါ။
(က) မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။
(ခ) ဘေးအန္တရာယ်ဖြစ်စေတတ်သောဆေးကိုမှီဝဲခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။
(ဂ) ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို အနာတရဖြစ်အောင်လုပ်ခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။
(ဃ) မိမိကိုယ်ကို သတ်သေခြင်းကြောင့်မသေဘဲ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။
(င) ကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။
(စ) အာမခံဝယ်ယူစဉ်ကဖော်ပြရန် ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါကြောင့်ဖြစ်သည့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။

အာမခံထားရှိလိုပါက
FNI (Life) ရုံးချုပ် နှင့် ရုံးခွဲများသို့လည်းကောင်း ၊ FNI (Life) နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော အာမခံ ကိုယ်စားလှယ် များသို့လည်းကောင်း ဆက်သွယ်၍အာမခံထားရှိနိုင်ပါသည်။

စာသင်သားအသက်အာမခံစည်းကမ်းချက်များ

စာသင်သား အသက်အာမခံအကျိုးခံစားခွင့်များ

(၁) ပညာသင်ထောက်ပံ့ကြေး အကျိုးခံစားခွင့် (Cash Payout Benefit)
၁။ ပရီမီယံများကို သက်တမ်းဆုံးသည်အထိ ‌ပေးသွင်းပြီး‌နောက် စာသင်သားအသက်အာမခံ အကျိုုးခံစားခွင့်ငွေကို တက္ကသိုလ် ပညာ‌ရေးအတွက် ပညာသင်ထောက်ပံ့ကြေးအဖြစ် အာမခံထားသူ(ရင်သွေးငယ်) အသက်(၁၇)နှစ် မှစ၍ အသက်(၁၈)နှစ်၊ အသက်(၁၉)နှစ်၊ အသက်(၂၀)နှစ်တို့တွင် အာမခံထား‌ငွေ၏ (၂၅)ရာခိုင်နှုန်းကျစီ (၄)ရစ်အညီအမျှ ခွဲ၍ နှစ်စဥ်ပေးပါမည်။
၂။ အကျိုးခံစားခွင့်ထုတ်ယူမည့်အာမခံထားသူ (ရင်သွေးငယ်) သည် အသက်(၁၈)နှစ် ‌‌အောက်ဖြစ်လျှင် အာမခံ၀ယ်ယူသူ (Policy Holder) သို့ အချိုးကျ အကျိုးခံစားခွင့်ငွေ ထုတ်ပေးပါမည်။
(၂) သေဆုံးမှုအကျိုးခံစားခွင့် (Death Benefit)
၁။ ပေါ်လစီတည်မြဲနေစဥ်ကာလအတွင်း အာမခံထားသူရင်သွေးငယ် ‌သေဆုံးခဲ့လျှင် ရင်သွေးငယ်သည် အသက်(၁)နှစ် မှ (၃)နှစ် အတွင်း ဖြစ်ပါက အာမခံထား‌ငွေ၏ (၂၅ %)၊ ရင်သွေးငယ် အသက်(၃)နှစ်ပြည့်ပြီးသည့်နေ့မှ ‌‌နောက်ပိုင်း‌သေဆုံးခဲ့လျှင် အာမခံထား‌ငွေကို ထုတ်ပေးမည် ဖြစ်ပါသည်။ အကျိုးခံစားခွင့်ထုတ်ပေးရာတွင် ‌ပေးပြီးအကျိုးခံစားခွင့်နှင့် ကုမ္ပဏီမှ ရရှိရန်ငွေများကို နှုတ်၍ ကျန်ငွေကိုသာ အာမခံ၀ယ်ယူသူအား တလုံးတည်း ထုတ်ပေးပြီးချိန်တွင် ပေါ်လစီရပ်ဆိုင်းသွားမည်ဖြစ်ပါသည်။
၂။ ပရီမီယံ သက်တမ်းပြီးဆုံးသည့်နောက်ပိုင်း အာမခံထားသူ(ကလေး) ‌သေဆုံးခြင်းဖြစ်လျှင် အာမခံထား‌ငွေမှ ယခင်ပေးပြီး အကျိုးခံစားခွင့်ကို နှုတ်၍ ကျန်အာမခံထား‌ငွေကိုသာ ‌ပေးမည် ဖြစ်ပါသည်။စုစုပေါင်း အာမခံထား ငွေအထိသာ ပေးချေသွားမည်ဖြစ်ပါသည်။
၃။ အာမခံထားသူသေဆုံးပြီး အလောင်းရှာမတွေ့ပါက (၂)နှစ် ‌စောင့်ဆိုင်းရမည်ဖြစ်ပြီး မျက်မြင်အားဖြင့် သွားလာလှုပ်ရှားမှု မရှိကြောင်းကို‌ ‌ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ ‌‌‌ထောက်ခံချက်ရရှိလျှင် ကုမ္ပဏီမှ ရရန်ရှိငွေများ ကိုနှုတ် ကျန်အကျိုးခံစားခွင့်ငွေကို အာမခံ၀ယ်သူ (Policy Holder) အား တစ်လုံးတည်း ထုတ်ပေးပါမည်။
(၃) ထာ၀စဥ်မသန်စွမ်း အကျိုးခံစားခွင့် (Permanent Total Disability Benefit)
၁။ ပေါ်လစီတည်မြဲနေစဥ်ကာလအတွင်း အာမခံထားသူရင်သွေးငယ် ‌ရောဂါ‌ကြောင့်သော်လည်း‌ကောင်း၊ မတော်တဆ ထိခိုက်မှုကြောင့်သော်လည်း‌ကောင်း ထာ၀စဥ်မသန်စွမ်းဖြစ်လျှင် အာမခံထားသည့် ရင်သွေးငယ်သည် အသက်(၁) နှစ် မှ (၃)နှစ် အတွင်းဖြစ်ပါအာမခံထား‌ငွေ၏(၂၅%)သာ ထုတ်ပေးမည်ဖြစ်ပြီး ရင်သွေးငယ် အသက်(၃)နှစ်ပြည့်ပြီးသည့် ‌နေ့မှ ‌နောက်ပိုင်း ထာ၀စဥ်မသန်စွမ်းဖြစ်လျှင် အာမခံထား‌ငွေကို ထုတ်ပေးမည်ဖြစ်သည်။အကျိုးခံစားခွင့်ထုတ်ပေးရာတွင် ပေးပြီးအကျိုးခံစားခွင့်နှင့် ကုမ္ပဏီမှ ရရန်ရှိငွေများ ကို နှုတ်၍ ကျန်ငွေကိုသာ အာမခံဝယ်ယူသူအား တလုံးတည်းထုတ်ပေးပြီး ပေါ်လစီရပ်ဆိုင်းသွားမည် ဖြစ်ပါသည်။

ပရီမီယံသက်တမ်း ပြီးဆုံးသည့်‌နောက်ပိုင်း အာမခံထားသူ (ကလေး) ထာ၀စဥ် မသန်စွမ်းဖြစ်လျှင် အာမခံထား‌ငွေမှ ယခင်ပေးပြီး အကျိုးခံစားခွင့်ကိုနှုတ်၍ ကျန်အာမခံထား‌ငွေကိုသာ ‌ပေးမည်ဖြစ်ပါသည်။ စုစုပေါင်း အာမခံထား‌ငွေအထိသာ ‌ပေး‌ချေသွားမည်ဖြစ်ပါသည်။

၂။ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းဆိုသည်မှာ –
(၁) မျက်စိနှစ်ဖက်လုံးဝကွယ်ခြင်း။
(၂) လက်ကောက်ဝတ်အထက်ပိုင်းမှ လက်နှစ်ဖက်ပြတ်ခြင်း၊ လုံးဝအသုံးပြု၍ မရခြင်း။
(၃) ခြေကျင်းဝတ်အထက်ပိုင်းမှ ခြေထောက်နှစ်ဖက်ပြတ်ခြင်း၊ လုံးဝအသုံးပြု၍မရခြင်း။
(၄) မျက်စိတစ်ဖက် လုံးဝကွယ်ခြင်းနှင့် လက်ကောက်ဝတ်အထက်ပိုင်း လက်တစ်ဖက်ပြတ်ခြင်း/ အသုံးပြု၍ မရခြင်း၊ ခြေကျင်းဝတ်အထက်ပိုင်း ခြေတစ်ဖက်ပြတ်ခြင်း/ လုံးဝအသုံးပြု၍မရခြင်း။

မှတ်ချက်။ ။ အထက်ပါအချက်များ အကြုံးမဝင်သော်လည်း ကုသသည့်ဆေးရုံမှ အထူးကုဆရာဝန်၏
လုံးဝထာဝစဉ်မသန်စွမ်းဖြစ်ကြောင်း ထောက်ခံချက်ရရှိလျှင် ထာဝစဉ်မသန်စွမ်းအကျိုးခံစားခွင့် ရရှိနိုင်သည်။

(၄) ပရီမီယံပေးသွင်းခြင်းမှကင်းလွတ်ခွင့်ရရှိနိုင်ခြင်း(Premium Waiver Benefit)
ပေါ်လစီတည်မြဲနေစဉ်ကာလအတွင်း စာသင်သားအသက်အာမခံဝယ်သူ (Policy Holder) သေဆုံးလျှင်ဖြစ်စေ၊ ရောဂါကြောင့်သော်လည်းကောင်း မတော်တဆထိခိုက်မှုကြောင့်သော်လည်းကောင်း ထာဝစဉ်မသန်စွမ်း ဖြစ်လျှင်ဖြစ်စေ ဆက်လက်ပေးသွင်းရန်ကျန်သော ပရီမီယံကို ပေးသွင်းရန်မလိုဘဲ ကင်းလွတ်ခွင့်ပြုသည်။
(၅) အာမခံဝယ်ယူသူမှ ပေါ်လစီကို စာရင်းပိတ်နိုင်ခြင်း(Paid-up Policy)
ကျသင့်ပရီမီယံကို ၃ နှစ် တဆက်တည်းပေးသွင်းပြီးပါက ပရီမီယံကို ဆက်လက်ပေးသွင်းခြင်း မပြုနိုင်တော့ လျှင် ပေါ်လစီကို စာရင်းပိတ်ပေါ်လစီအဖြစ် ပြောင်းလဲသတ်မှတ်နိုင်သည်။ စာရင်းပိတ်ထားသည့် ပေါ်လစီမှ ရနိုင်ခွင့် ရှိသည့် အာမခံထားငွေကို အာမခံထားသူအသက် (၁၇) နှစ် ပြည့်သည့်အချိန်မှစ၍ စာရင်းပိတ်တန်ဖိုး၏ ၂၅ ရာခိုင်နှုန်း ကျစီ ၄ ရစ် အညီအမျှခွဲ၍ နှစ်စဉ် (အာမခံထားသူ အသက် ၁၇ နှစ်၊ ၁၈ နှစ်၊ ၁၉ နှစ်၊ ၂၀ နှစ်တို့တွင်) ထုတ်ပေးပါမည်။
(၆)  အာမခံဝယ်ယူသူမှ အမ်းငွေထုတ်ယူနိုင်ခြင်း (Surrender Value)
ကျသင့်ပရီမီယံကို ၃ နှစ် တဆက်တည်းပေးသွင်းပြီးပါက ပရီမီယံကို ဆက်လက်ပေးသွင်းခြင်း မပြုနိုင်တော့လျှင် ပေါ်လစီကို အမ်းငွေပေါ်လစီအဖြစ် ပြောင်းလဲသတ်မှတ်နိုင်သည်။ အမ်းငွေထုတ်ယူရာတွင် မိမိပေးသွင်းထားသော ပရီမီယံမှ အပြည့်အဝရရှိမည်မဟုတ်ပါ။
(၇) စာသင်သား အသက်အာမခံပေါ်လစီမှ ‌ငွေ‌ချေးယူနိုင်ခြင်း (Policy Loan) 
၃ နှစ် တဆက်တည်း ပရီမီယံပေးသွင်းပြီးသည့် ပေါ်လစီတစ်စောင်မှ ချေးငွေရယူနိုင်ခွင့်ရှိသည်။

အကျိုးခံစားခွင့်မရရှိနိုင်သည့်ကိစ္စများ

(၁) အာမခံထားသူ(ရင်သွေးငယ်) (သို့မဟုတ်) အာမခံဝယ်ယူသူ (Policy Holder) သေဆုံးခြင်း
၁။ အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း မိမိကိုယ်ကို သတ်သေခြင်း။
၂။ အာမခံဝယ်ယူစဉ်ကဖော်ပြရန်ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါကြောင့် တစ်နှစ်အတွင်းသေဆုံးခြင်း။
(၂) အာမခံထားသူ(ရင်သွေးငယ်) (သို့မဟုတ်) အာမခံဝယ်ယူသူ (Policy Holder) ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း
၁။ အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကိုအနာတရဖြစ်အောင် လုပ်ခြင်း ကြောင့်ဖြစ်သည့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။
၂။ အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း မိမိကိုယ်ကိုသတ်သေခြင်းကြောင့် မသေဘဲထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။
၃။ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။
၄။ ဘေးအန္တရာယ်ဖြစ်စေသောဆေးကို မှီဝဲခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။
၅။ ကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။
၆။ အာမခံဝယ်ယူစဉ်က ဖော်ပြရန်ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါကြောင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။

ပေါ်လစီစည်းကမ်းချက်များ

ပရီမီယံပေးသွင်းခြင်း
–   ပရီမီယံကို (၁)နှစ်တစ်ကြိမ်၊ (၆)လတစ်ကြိမ်၊ (၃)လတစ်ကြိမ်၊ (၁)လတစ်ကြိမ် ပေးသွင်းနိုင်ပါသည်။(၁)နှစ် တစ်ကြိမ်၊ (၆)လတစ်ကြိမ်၊ (၃)လတစ်ကြိမ် ပေးသွင်းသည့်ပေါ်လစီများအတွက် ပရီမီယံပေးသွင်းရန် အပိုရက် (၃၀)ခွင့်ပြုပါသည်။ (၁)လတစ်ကြိမ် ပေးသွင်းသည့်ပေါ်လစီများအတွက် ပရီမီယံပေးသွင်းရန် အပိုရက် (၁၅) ရက် ခွင့်ပြုပါသည်။၃ နှစ် တဆက်တည်း ပရီမီယံ မပေးသွင်းရသေးသော ပေါ်လစီသည် အပိုရက်များအတွင်း၌ ပရီမီယံ မသွင်းခဲ့သော် ပေါ်လစီပျက်ပါသည်။
ပျက်သည့်ပေါ်လစီပြန်လည်တည်မြဲခြင်း
–   ပေါ်လစီသည် အပိုရက် များအတွင်း၌ ပရီမီယံမသွင်းခဲ့သော် ပေါ်လစီပျက်သည်။ပရီမီယံပေးသွင်းရန် ပျက်ကွက်သည့်ကာလ (၆)လထက်မပိုပါက ပျက်သည့်ပေါ်လစီကို ပြန်လည်တည်မြဲနိုင်ရန်အောက်ပါ အတိုင်း ဆောင်ရွက်ရမည်။
–   မိမိကိုယ်တိုင် ကျန်းမာကြောင်း ခံဝန်ချက်တင်ပြရန်။
–   ပေးသွင်းရန်ကျန်သည့် ပရီမီယံစုစုပေါင်းနှင့် ယင်းပရီမီယံကျန်ငွေပေါ်တွင် တစ်နှစ်လျှင်အတိုးနှုန်း ၁၃ % ဖြင့်ပျက်ကွက် ကာလ အတွက် တွက်ချက်၍ ရသည့်အတိုးကို တပေါင်းတည်းပေးသွင်းရပါမည်။ပရီမီယံပေးသွင်းရန် ပျက်ကွက်သည့်ကာလသည် (၆)လကျော်ပြီး တစ်နှစ်အတွင်းဖြစ်ပါက ပျက်သည့်ပေါ်လစီကိုပြန်လည် တည်မြဲနိုင်ရန် အောက်ပါအတိုင်းဆောင်ရွက်ရမည်။
–   မိမိစရိတ်ဖြင့်ကုမ္ပဏီမှ ညွှန်ကြားသည့်အတိုင်း ကျန်းမာရေးစစ်ဆေးရမည်။
–   ရလဒ်ကောင်းမွန်ပါက ပေးသွင်းရန်ကျန်သည့် ပရီမီယံစုစုပေါင်းနှင့် ယင်းပရီမီယံကျန်ငွေပေါ်တွင် တစ်နှစ်လျှင် အတိုးနှုန်း ၁၃ % ဖြင့် ပျက်ကွက်ကာလအတွက် တွက်ချက်၍ ရသည့်အတိုးကို တပေါင်းတည်းပေးသွင်းရပါမည်။အကယ်၍ အထက်တွင်ဖော်ပြထားသည့်နည်းလမ်းအတိုင်း ပေါ်လစီကို ပြန်လည်တည်မြဲရန် မဆောင်ရွက်ပါကပေါ်လစီပျက်သည်။
အလိုအလျောက်ပေါ်လစီတည်မြဲခြင်း
–   အမ်းငွေရသင့်တန်ဖိုး ရရှိနိုင်သော ပေါ်လစီတွင် ပရီမီယံပေးသွင်းခြင်း ပျက်ကွက်သော်လည်း ပေါ်လစီမပျက်ပါ။ ပေးသွင်းရန်ကျန်သည့် ပရီမီယံ၊ အတိုးနှင့် ကုမ္ပဏီမှရရန်ရှိငွေများကို အမ်းငွေရသင့်တန်ဖိုးမှ အရစ်ကျအတိုင်းနှုတ်ယူပြီးပေါ်လစီကို အလိုအလျောက်တည်မြဲစေနိုင်ပါသည်။ အဆိုပါပေးရန်ကျန်ပရီမီယံငွေပေါ်တွင် တစ်နှစ်လျှင် ၁၃% အတိုးပါ ထည့်သွင်းတွက်ချက်ပါမည်။
–   အာမခံဝယ်သူ (Policy Holder) မှ ပေးသွင်းရန်ကျန်သည့် ပရီမီယံကို အထက်တွင်ဖော်ပြခဲ့သည့်အတိုင်းအမ်းငွေ ရသင့်တန်ဖိုးမှ နှုတ်၍ အလီလီပေးသွင်းခြင်းဖြင့် အမ်းငွေရသင့်တန်ဖိုး ကုန်သွားပါက ပေါ်လစီ ပျက်သည်။
–   အထက်တွင်ဖော်ပြခဲ့သည့်နည်းဖြင့် အလိုအလျောက် တည်မြဲစေသည့် ပေါ်လစီအတွက် ပေးရန်ကျန်သည့် ပရီမီယံစုစုပေါင်းနှင့် အတိုးကို တစ်ကြိမ်တည်း ပေးဆပ်ခြင်းဖြင့် ပေါ်လစီကို ပြန်လည်တည်မြဲစေနိုင်သည်။ ဤကဲ့သို့ တည်မြဲစေရာတွင် ကျန်းမာရေးစစ်ဆေးရန် လိုအပ်သည်ဟု ကုမ္ပဏီမှယူဆလျှင် ပြန်လည်စစ်ဆေးမှုခံယူရမည်ဖြစ်ပြီးကုန်ကျစရိတ်ကို အာမခံဝယ်သူမှ ကျခံရမည်ဖြစ်ပါသည်။
–   စစ်ဆေးသည့်ဆရာဝန်၏ ထောက်ခံချက်အရ လက်ခံနိုင်သည့်အနေအထားရှိလျှင် ပေါ်လစီပြန်လည်တည်မြဲခွင့် ပြုမည်ဖြစ်ပြီး လက်ခံနိုင်သည့် အနေအထားမရှိပါက ပေါ်လစီပြန်လည်တည်မြဲခွင့် ရှိမည်မဟုတ်ပါ။
–   ဤကဲ့သို့ အလိုအလျောက်ပေါ်လစီတည်မြဲနေသောကာလအတွင်း အာမခံထားသူ ကွယ်လွန် / ထာဝစဉ် မသန်စွမ်းဖြစ်ခဲ့သော် တင်ရှိနေသော ပရီမီယံအကြွေးများ၊ တစ်နှစ်လျှင် ၁၃ % ဖြင့် ကျသင့်အတိုးနှင့် ကုမ္ပဏီမှ ရရန်ရှိငွေများကို နှုတ်ယူပြီးလျှင် ကျန်အကျိုးခံစားခွင့်ငွေကို တလုံးတည်း ထုတ်ပေးမည်။ သို့ရာတွင် အာမခံဝယ်သူမှ ပြန်လည်ပေးဆပ်ရ မည့် စုစုပေါင်းငွေပမာဏသည် ၎င်းရခွင့်ရှိသော အမ်းငွေရသင့်တန်ဖိုးထက်ပိုနေလျှင် ပေါ်လစီပျက်ပြယ်သည်။ ထိုအချိန်တွင်အာမခံထားသူသေဆုံး/ ထာဝစဉ်မသန်စွမ်းဖြစ်ပါက အာမခံထားငွေကို ရနိုင်ခွင့်မရှိပါ။သို့ရာတွင် အာမခံထားသူကွယ်လွန်/ ထာဝစဉ်မသန်စွမ်းဖြစ်ချိန်၌ ပေါ်လစီအရ ရရှိနိုင်သော စာရင်းပိတ်တန်ဖိုးကိုတွက်ချက်ပြီး အာမခံဝယ်သူမှ ပေးရန်ကျန်သည့် စုစုပေါင်းငွေကိုနှုတ်၍ ကျန်ငွေကို အာမခံဝယ်သူ (PolicyHolder) သို့ ထုတ်ပေးပါ မည်။
–   အလိုအလျောက်ပေါ်လစီတည်မြဲနေသောကာလအတွင်း အာမခံဝယ်သူ (Policy Holder)  ကွယ်လွန် / ထာဝစဉ် မသန်စွမ်း ဖြစ်ခဲ့သော် ပရီမီယံပေးသွင်းခြင်းမှ ကင်းလွတ်ခွင့်အကျိုးခံစားခွင့်ရှိပါသည်။ တင်ရှိနေသော ပရီမီယံအကြွေးများ၊ တစ်နှစ်လျှင် ၁၃ % ဖြင့် ကျသင့်အတိုးနှင့် ကုမ္ပဏီမှ ရရန်ရှိငွေများကို ပညာသင်ထောက်ပံ့ငွေအကျိုးခံစားခွင့်မှလည်းကောင်း၊ ထာဝစဉ်မသန်စွမ်းအကျိုးခံစားခွင့်မှလည်းကောင်း သေဆုံးမှုအကျိုးခံစားခွင့်မှလည်းကောင်း နှုတ်၍ပေးပါမည်။ သို့ရာတွင် အာမခံဝယ်သူမှ ပြန်လည်ပေးဆပ်ရမည့် စုစုပေါင်းငွေပမာဏသည် ၎င်းရခွင့်ရှိသော အမ်းငွေရသင့်တန်ဖိုးထက်ပိုနေလျှင် ပေါ်လစီပျက်ပြယ်သည်။ ထိုအချိန်တွင် အာမခံဝယ်သူ သေဆုံး/ ထာဝစဉ်မသန်စွမ်း ဖြစ်ပါက အာမခံထားငွေကို ရနိုင်ခွင့်မရှိပါ။ သို့ရာတွင် အာမခံဝယ်သူ သေဆုံး / ထာဝစဉ်မသန်စွမ်းဖြစ်ချိန်၌ ပေါ်လစီအရ ရရှိနိုင်သော စာရင်းပိတ်တန်ဖိုးကို တွက်ချက်ပြီး အာမခံဝယ်သူမှ ပေးရန်ကျန်သည့် စုစုပေါင်းငွေကိုနှုတ်၍ ကျန်ငွေကို အာမခံထားသူ အသက် ၁၇၊ ၁၈၊ ၁၉၊ ၂၀ တို့တွင် အရစ်ကျ အကျိုးခံစားခွင့်ပြုပါမည်။

စာသင်သား အသက်အာမခံ ‌‌ပေါ်လစီ

ကိုယ်စားလှယ်အမည်   ———————————— ပေါ်လစီအမှတ်  ————————————
ကိုယ်စားလှယ်အမှတ်  ———————————— ရက်စွဲ  ————————————
၁။ အဆိုလွှာတွင်ဖော်ပြထားသော အကြောင်းအရာများနှင့် ကျန်းမာရေးစစ်ဆေးချက် မေးခွန်းများသို့ ဖြေကြားထားသည့် အဖြေများသည် အာမခံဝယ်သူနှင့် ဤကုမ္ပဏီတို့ချုပ်ဆိုမည့် ပဋိညာဥ်၏အခြေခံအချက်များဖြစ်ကြောင်း နှစ်ဦးနှစ်ဖက် သဘောတူညီကြပါသည်။
၂။ ထိုသို့သဘောတူညီချက်အရပေးသွင်းရမည့် ပထမအရစ်ပရီမီယံကို ကုမ္ပဏီသို့ပေးပြီးဖြစ်၍ ပေးသွင်းရန်စေ့သောရက်များတွင် ပရီမီယံများကို မပျက်မကွက်ပေးသွင်းပါက ပေါ်လစီတွင် ဖော်ပြထားသော အကြောင်းကိစ္စများပေါ်ပေါက်လျှင် သက်မှတ်ထားသည့် အကျိုးခံစားခွင့်နှင့် အခွင့်အရေးများကို ပေါ်လစီစည်းမျဉ်းများ၊ ပြင်ဆင်ချက်များ(ရှိလျှင်)နှင့်အညီ ထုတ်ပေးရန် ကုမ္ပဏီက တာဝန်ယူ ပါသည်။
အာမခံထားသူ၏အချက်အလက်များ အာမခံဝယ်ယူသူ၏အချက်အလက်များ
အာမခံထားသူအမည် အာမခံဝယ်ယူသူအမည်
နိုင်ငံသားစိစစ်ရေးကဒ်အမှတ် နိုင်ငံသားစိစစ်ရေးကဒ်အမှတ်
အသက် (‌မွေးသက္ကရာဇ်) အသက် (‌မွေးသက္ကရာဇ်)
နေရပ်လိပ်စာ နေရပ်လိပ်စာ
အဖအမည် လုပ်ငန်းလိပ်စာ
အမိအမည်
ပညာသင်ကြား‌နေသည့် ‌ကျောင်း ဖုန်းနံပါတ်
ပညာသင်ကြား‌နေသည့် အတန်း အီးမေးလ်
စာသင်သားအသက်အာမခံပတ်သက်သည့်အချက်အလက်များ
အာမခံထားငွေ(ကျပ်) အာမခံစသည့်နေ့
အာမခံသက်တမ်း(နှစ်) တစ်နှစ်ကျသင့်ပရီမီယံ(ကျပ်)
ပရီမီယံသက်တမ်း(နှစ်)
ပရီမီယံပေးသွင်းပုံ (၁) လအရစ်ကျ ပရီမီယံ (ကျပ်)
ပရီမီယံပေးသွင်းရမည့် နေ့ရက်များ
ပရီမီယံပေးသွင်းရမည့် နောက်ဆုံးရက်
ပညာသင်ထောက်ပံ့ကြေး အကျိုးခံစားခွင့်နေ့
ထုတ်ပေးမည့် ငွေပမာဏ(ကျပ်)
အကျိုးခံစားခွင့်ထုတ်ပေးရသည့်အကြောင်းအရင်း

အာမခံထားသူအား အချိုးကျပညာသင်ထောက်ပံ့ကြေးကို အာမခံထားသူအသက်(၁၇)နှစ်၊ (၁၈)နှစ်၊ (၁၉)နှစ်၊ (၂၀)နှစ်ပြည့်လျှင် ထုတ်ပေးမည်။ အာမခံထားသူ ကွယ်လွန်/ ထာဝစဉ်မသန်စွမ်းဖြစ်လျှင် အာမခံဝယ်သူအားအကျိုးခံစားခွင့် ထုတ်ပေးမည်။ အာမခံဝယ်သူ ကွယ်လွန်/ထာဝစဉ်မသန်စွမ်း ဖြစ်ခဲ့လျှင်ပရီမီယံကို ဆက်လက်ပေးသွင်းရန် မလိုဘဲ အချိုးကျ ပညာသင်ထောက်ပံ့ကြေးကို အာမခံထားသူ အသက်(၁၇)နှစ်၊ (၁၈)နှစ်၊ (၁၉)နှစ်၊(၂၀)နှစ် ပြည့်လျှင် ထုတ်ပေးမည်။

ပေါ်လစီထုတ်ပေးသည့်နေ့ ။ ။ ခုနှစ်၊ လ၊ ( )ရက်
အခွင့်အာဏာရအရာရှိ

Product Proposal Form

Download

စာသင်သားအသက်အာမခံ လျော်ကြေးပေါ်ပေါက်ပါက ဆောင်ရွက်ရမည့်အချက်များ

Total Permanent Disability
၁။ အကြောင်းကြားစာ (အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။
၂။ ‌တောင်းခံလွှာ (Claims Form)။
၃။ ‌Policy
၄။ မှတ်ပုံတင်မိတ္တူ (ထာဝစဉ်မသန်စွမ်းဖြစ်သူ ၊ အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။
၅။ ‌ဆေးမှတ်တမ်းစာအုပ် (Cause of loss ပါဝင်ရမည် / ပြည်ပတွင် ဖြစ်ပွားပါက ဆေးမှတ်တမ်းအားဘာသာပြန်ပေးရပါမည်)။
၆။ ‌ဆေးကုသသည့် အထူးကုဆရာဝန်၏ ထာဝစဉ်မသန်စွမ်းဖြစ်ကြောင်း ထောက်ခံချက်။
၇။ ‌ဒဏ်ရာဓာတ်ပုံ(ဒဏ်ရာသီးသန့်ပုံ နှင့် လူနှင့်ဒဏ်ရာတွဲလျက်ပုံ)။
၈။ ‌သန်းခေါင်စာရင်း။
၉။ ‌Police case ဖြစ်ပါက ရဲစခန်းထောက်ခံစာ (ပြည်ပတွင် ဖြစ်ပွားပါက ထောက်ခံစာအား ဘာသာပြန်ပေး ရပါမည်)။
Death
၁။ အကြောင်းကြားစာ (အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။
၂။ ‌တောင်းခံလွှာ (Claims Form)။
၃။ ‌Policy စာချုပ်မူရင်း။
၄။ မှတ်ပုံတင်မိတ္တူ (သေဆုံးသူ ၊ အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ) ။
၅။ ‌ဆေးမှတ်တမ်းစာအုပ် (Cause of loss ပါဝင်ရမည် / ပြည်ပတွင် ဖြစ်ပွားပါက ဆေးမှတ်တမ်းအား ဘာသာပြန်ပေးရပါမည်)။
၆။ ‌သေဆုံးမှတ်တမ်းဓာတ်ပုံ။
၇။ ‌Police case ဖြစ်ပါက ရဲစခန်းထောက်ခံစာ (ပြည်ပတွင် ဖြစ်ပွားပါက ထောက်ခံစာအား ဘာသာပြန်ပေး ရပါမည်)။
၈။ ‌Death Certificate (ပြည်ပတွင် ဖြစ်ပွားပါက Death Certificate အား ဘာသာပြန်ပေးရပါမည်)။
၉။ ‌သန်းခေါင်စာရင်း။
၁၀။ ‌နာရေးဖိတ်စာ။

အာမခံထားသည့် လူပုဂ္ဂိုလ် (သို့မဟုတ်) အကျိုးခံစားခွင့်ရှိသူမှ ဆောင်ရွက်ရန်အဆင်မပြေပါက အဆိုပါပုဂ္ဂိုလ်မှ အခြားတစ်ဦးသို့ အကျိုးခံစားခွင့်လွှဲပြောင်းလုပ်ဆောင်ခွင့်ပြုကြောင်း အာမခံကုမ္ပဏီသို့ အကြောင်းကြားစာ ပါရှိရမည်။

FREQUENTLY ASKED QUESTIONS

HOW CAN WE HELP YOU?

If you have any question, please inquiry to 09-269843974, 01-570521, 01-570998 and customerservices@fnilife.com

What is the policy Term?

Policy Term – Varies from (8) to (19) years

  1. Proposal
  2. NRC
  3. Passport Size Photo
  4. Full medical examination result of the insured person if required

The Student life insurance ranges from (10) Lakhs to (1,000) Lakhs.

The premium varies with the insured’s Age, Preferred Sum Insured and Duration.

The benefit is granted when:

  1. The insured person is dead ( Benefit varies with the Age )
  2. The insured person is total permanent disability
  3. Every year after completion of premium payment

Usually it takes approximately 60~90 minutes if all documents are available.

Yes, FNI (Life) has One Stop Service.

Premium Calculator