• Follow Us
PREMIUM CALCULATOR

မြွေအန္တရာယ်အာမခံ

မြွေကိုက်ခံရခြင်းကြောင့်ကိုယ်အင်္ဂါထိခိုက်ဒဏ်ရာရခြင်းနှင့် သေဆုံးခြင်းများအတွက် လျော်ကြေးအထောက်အပံ့ရရှိနိုင်သည့် အာမခံအမျိုးအစား ဖြစ်ပါသည်။

အာမခံထားခွင့်ရှိသူ အသက်ကန့်သတ်ချက်မရှိထားနိုင်ပါသည်။
အာမခံထားငွေ (၁) ယူနစ်လျှင် ကျပ် (၅) သိန်း (အများဆုံး (၁၀) ယူနစ်အထိ ဝယ်ယူနိုင်ပါသည်။)
အာမခံသက်တမ်း (၁) နှစ်
ပရီမီယံနှုန်း (၁) ယူနစ် = (၅၀၀) ကျပ်

မြွေအန္တရာယ်အာမခံထားရှိခြင်းဖြင့် ရရှိနိုင်သောအကျိုးခံစားခွင့်များမှာ

(၁) မြွေအန္တရာယ်အာမခံ (၁) ယူနစ်ဝယ်ယူထားသူသည် မြွေကိုက်ခံရခြင်းကြောင့် အသက်သေဆုံးပါက အာမခံထားငွေကို အကျိုးခံစားခွင့်ရှိသူအား ထုတ်ပေးမည်ဖြစ်ပါသည်။
(၂) ဆေးရုံတက်၍ ကုသရပါက ဆေးဝါးကုသစရိတ် ကျပ် (၈၀,၀၀၀) ထုတ်ပေးမည်ဖြစ်ပါသည်။
(၃) မြွေကိုက်ခံရပြီး အသက်မဆုံးရှုံးသော်လည်း မျက်စိနှစ်လုံးကွယ်ခြင်း၊ ကိုယ်တစ်ပိုင်းသေခြင်းစသည်တို့ အတွက် ကျန်းမာရေးဌာန၏ ထောက်ခံချက်ဖြင့် အများဆုံးအကျိုးခံစားခွင့် ကျပ် (၂၅၀,၀၀၀) ထုတ်ပေးမည်ဖြစ်ပါသည်။
(၄) ယင်းအချက်များမှတစ်ပါး အခြားကိုယ်အင်္ဂါထိခိုက်မှုအတွက် သူတစ်ပါးထိခိုက်မှု အာမခံနည်းဥပဒေပါ ရာခိုင်နှုန်းအတိုင်း ဆရာဝန်၏ ထောက်ခံချက်ဖြင့် အကျိုးခံစားခွင့်ထုတ်ပေးပါမည်။
(၅) အကျိုးခံစားခွင့်ကို ဝယ်ယူထားသည့် ယူနစ်အလိုက် ခံစားခွင့်ရှိပါသည်။

စည်းကမ်းချက်များ

(၁) မြွေကိုက်ခြင်းမှတစ်ပါး အခြားမည်သည့်အကြောင်းကြောင့်မဆို သေဆုံးခြင်း၊ ကိုယ်အင်္ဂါထိခိုက်အနာတရဖြစ်၍ ဆေးကုသရခြင်း များအတွက် အကျိုးခံစားခွင့် မရရှိနိုင်ပါ။
(၂) အကျိုးခံစားခွင့်ကို မြွေကိုက်ခံရသည့်နေ့မှ (၆) လအတွင်း လိုအပ်သည့် အထောက်အထားများနှင့်အတူ တောင်းခံရပါမည်။
(၃) အကျိုးခံစားခွင့်ကို ဝယ်ယူထားသည့် ယူနစ်အလိုက် ခံစားခွင့်ရှိပါသည်။

အာမခံထားရှိလိုပါက
FNI(Life) ရုံးချုပ် နှင့် ရုံးခွဲများသို့ လည်းကောင်း၊ FNI(Life) နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော အာမခံကိုယ်စားလှယ်များ သို့လည်းကောင်း ဆက်သွယ်၍ အာမခံထားရှိနိုင်ပါသည်။

လျော်ကြေးကိစ္စ တစ်စုံတစ်ရာပေါ်ပေါက်လာပါက FNI (Life) သို့ ချက်ချင်းအကြောင်းကြားရန်ဖြစ်ပါသည်။

မြွေအန္တရာယ်အာမခံစည်းကမ်းချက်များ

၁။ ‌ မြွေအန္တရာယ်အာမခံထားသူသည် ဤအာမခံသက်တမ်းအတွင်း မြွေအန္တရာယ်ကြောင့် အသက်သေဆုံးပါက အကျိုးခံစားခွင့် ကျပ် (၅) သိန်းတိတိ အကျိုးခံစားခွင့်ရှိသူအား ထုတ်ပေးမည်။
၂။ မြွေကိုက်ခံရခြင်းကြောင့် ဆေးရုံ၊ ဆေးခန်း တက်ရောက်ကုသရခြင်းအတွက် ဆေးဝါးကုသစရိတ် ကျပ် ၈၀၀၀၀/- (ကျပ်ရှစ်သောင်းတိတိ) ထုတ်ပေးမည်။(မြွေကိုက်ခံရခြင်းကြောင့် ဆေးကုသခံနေစဉ် သေဆုံးပါက သေဆုံးမှုအကျိုးခံစားခွင့်ကိုသာ ထုတ်ပေးမည်။)
၃။ မြွေကိုက်ခံရသဖြင့် အသက်မဆုံးရှုံးသော်လည်း မျက်စိနှစ်လုံးစလုံးကွယ်ခြင်း၊ ကိုယ်တစ်ပိုင်းသေခြင်းအမျိုးမျိုး တို့အတွက် ကျန်းမာရေးဌာန၏ထောက်ခံချက်ဖြင့် အများဆုံးအကျိုးခံစားခွင့် ကျပ်၂၅၀,၀၀၀/- (ကျပ်နှစ်သိန်း ငါးသောင်းတိတိ) အား ထုတ်ပေးမည်။
၄။ ယင်းတို့မှတစ်ပါး အခြားကိုယ်အင်္ဂါထိခိုက်မှုများအတွက် သူတစ်ပါးထိခိုက်မှုအာမခံနည်းဥပဒေပါ ရာခိုင်နှုန်းအတိုင်း ဆရာဝန်၏ထောက်ခံချက်ဖြင့် အကျိုးခံစားခွင့်ထုတ်ပေးမည်။
၅။ ဆေးဝါးကုသစရိတ် ထုတ်ပေးသည့်အခါ ထုတ်ပေးသည့် နေ့မှစ၍ မြွေအန္တရာယ်အာမခံလက်မှတ် ထပ်မံထားရှိရန် ပရီမီယံ ကျပ် ၅၀၀/- နှုတ်ဖြတ်ပြီး ပေးလျော်မည်ဖြစ်သည်။
၆။ မြွေကိုက်ခြင်းမှတစ်ပါး အခြားမည်သည့် အကြောင်းကြောင့်မဆို သေဆုံးခြင်း၊ ကိုယ်အင်္ဂါထိခိုက်အနာတရ ဖြစ်ခြင်း၊ ဆေးကုသခြင်းတို့အတွက် အကျိုးခံစားခွင့် မရရှိနိုင်ပါ။
၇။ မြွေကိုက်ခံရလျှင် အနည်းဆုံးကျေးလက်ကျန်းမာရေးဌာနနှင့် တိုက်နယ်ဆေးရုံ၊ မြို့နယ်ဆေးရုံများသို့ ပြသရမည်ဖြစ်ပြီး အကျိုးခံစားခွင့်ကို မြွေကိုက်ခံရသည့်နေ့မှ (၆) လအတွင်း ရပ်ကွက်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် ကျန်းမာရေးဌာနထောက်ခံချက် အထောက်အထား ပြေစာများနှင့် အတူ တင်ပြတောင်းခံရမည်။ သေဆုံး သည့်ကိစ္စတွင်မူ သေစာရင်း ပူးတွဲတင်ရပါမည်။
၈။ မည်သည့်ကိစ္စတွင်မျှ စုစုပေါင်းအကျိုးခံစားခွင့်သည် သေဆုံးခြင်းအတွက် ကျပ်ငါးသိန်း၊ အပိုဒ် (၃) ပါ ကိုယ်အင်္ဂါ ထိခိုက်မှုအတွက် ကျပ်နှစ်သိန်းငါးသောင်းနှင့် အပိုဒ် (၄) ပါ ထိခိုက်မှုများအတွက် သတ်မှတ်ထားသော ရာခိုင်နှုန်း ထက်ကျော်လွန်ခြင်းမရှိ။

မြွေအန္တရာယ်အသက်အာမခံလက်မှတ်

အာမခံထားငွေ ကျပ်(၅)သိန်း

ကိုယ်စားလှယ်အမည် ——————————- ရက်စွဲ ——————————-
ကိုယ်စားလှယ်အမှတ် ——————————- FNIL-HO/SB/CER/ / –
အာမခံဝယ်ယူသူအမည် ——————————- Branch Name ———————-
အာမခံထားသူအမည် ——————————————————————————————————————-
အမျိုးသားမှတ်ပုံတင်အမှတ် ——————————————————————————————————————-
အဘအမည် ——————————————————————————————————————-
နေရပ်လိပ်စာနှင့်ဖုန်းနံပါတ် ——————————————————————————————————————-
ကျသင့်ပရီမီယံ ကျပ် (၅၀၀ /-) (ကျပ်ငါးရာတိတိ)
အာမခံစတင်သည့်နေ့ ——————————————————————————————————————-
သက်တမ်းကုန်ဆုံးသည့်နေ့ ——————————————————————————————————————-
အကျိုးခံစားခွင့်လွှဲအပ်ခံရသူအမည် ——————————————————————————————————————-
အမျိုးသားမှတ်ပုံတင်အမှတ် ——————————————————————————————————————-
အဘအမည် ——————————————————————————————————————-
နေရပ်လိပ်စာနှင့်ဖုန်းနံပါတ် ——————————————————————————————————————-
——————————————————————————————————————-
———————————- ———————————- ———————————-
(အာမခံဝယ်ယူသူလက်မှတ်) (အာမခံထားသူလက်မှတ်) (အာမခံလက်ခံသူလက်မှတ်)
———————————-
(အာမခံဝယ်ယူသူဖုန်းနံပါတ်)

Product Proposal Form

Download

မြွေအန္တရာယ်အာမခံ လျော်ကြေးပေါ်ပေါက်ပါက ဆောင်ရွက်ရမည့်အချက်များ

Injury
၁။ အကြောင်းကြားစာ  (Claim ဖြစ်သူ Customer)။
၂။ ‌တောင်းခံလွှာ  (Claims Form)။
၃။ ‌Certificate
၄။ ‌မှတ်ပုံတင်မိတ္တူ (Claim ဖြစ်သူ Customer)။
၅။ ‌ဆေးမှတ်တမ်းစာအုပ် (Cause of loss ပါဝင်ရမည် / ပြည်ပတွင် ဖြစ်ပွားပါက ဆေးမှတ်တမ်းအားဘာသာပြန်ပေးရပါမည်)။
၆။ ဒဏ်ရာဓာတ်ပုံ  (ဒဏ်ရာသီးသန့်ပုံ နှင့် လူနှင့်ဒဏ်ရာတွဲလျက်ပုံ)။
၇။ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း၏မြွေကိုက်ခံရသည့်အကြောင်းရင်းဖော်ပြသည့် ထောက်ခံစာ။
၈။ ‌ဆေးရုံမှထုတ်ပေးသည့်ငွေတောင်းခံလွှာ / ငွေလက်ခံဖြတ်ပိုင်း။
Death
၁။ ‌အကြောင်းကြားစာ (အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။
၂။ ‌တောင်းခံလွှာ (Claims Form)။
၃။ Certificate
၄။ ‌မှတ်ပုံတင်မိတ္တူ (သေဆုံးသူ ၊ အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။
၅။ ‌ဆေးမှတ်တမ်းစာအုပ် (Cause of loss ပါဝင်ရမည် / ပြည်ပတွင် ဖြစ်ပွားပါက ဆေးမှတ်တမ်းအား ဘာသာပြန်ပေးရပါမည်)။
၆။ ‌သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း၏မြွေကိုက်ခံရသည့်အကြောင်းရင်းဖော်ပြသည့် ထောက်ခံစာ။
၇။ ‌သေဆုံးမှတ်တမ်းဓာတ်ပုံ။
၈။ Death Certificate (ပြည်ပတွင် ဖြစ်ပွားပါက Death Certificate အား ဘာသာပြန်ပေးရပါမည်)။
၉။ ‌သန်းခေါင်စာရင်း။
၁၀။ ‌နာရေးဖိတ်စာ။

အာမခံထားသည့် လူပုဂ္ဂိုလ် (သို့မဟုတ်) အကျိုးခံစားခွင့်ရှိသူမှ ဆောင်ရွက်ရန်အဆင်မပြေပါက အဆိုပါပုဂ္ဂိုလ်မှ အခြားတစ်ဦးသို့ အကျိုးခံစားခွင့်လွှဲပြောင်းလုပ်ဆောင်ခွင့်ပြုကြောင်း အာမခံကုမ္ပဏီသို့ အကြောင်းကြားစာ ပါရှိရမည်။

FREQUENTLY ASKED QUESTIONS

HOW CAN WE HELP YOU?

If you have any question, please inquiry to 09-269843974, 01-570521, 01-570998 and customerservices@fnilife.com

What is the Policy Term?

Policy Term – (1) year

  1. Proposal
  2. NRC

Premium rate is (500) MMK per unit .

The ranges from (1) unit to (10) units.

Yes, FNI (Life) has One Stop Service.

Premium Calculator