• Follow Us
PREMIUM CALCULATOR

ကိုယ်အင်္ဂါထိခိုက်မှုအာမခံ

မည်သူမဆိုမတော်တဆထိခိုက်မှုကြောင့် ကိုယ်အင်္ဂါထိခိုက်ဒဏ်ရာရခြင်း၊ ဆေးရုံတက်ကုသရခြင်း၊ ခြေလက်အင်္ဂါဆုံးရှုံးခြင်း၊ မသန်စွမ်းဖြစ်ခြင်း နှင့် သေဆုံးခြင်းများ ဖြစ်ပွားသည့်အခါ ငွေကြေးအထောက်အပံ့ ပြန်လည်ရရှိနိုင်သည့် အာမခံအမျိုးအစားဖြစ်ပါသည်။

အာမခံထားနိုင်ခွင့်ရှိသူ  အသက် (၁၆) နှစ်မှ (၆၅) နှစ်အတွင်းရှိ ကျန်းမာရေးကောင်းမွန်သူများ
အာမခံထားငွေ အနည်းဆုံးကျပ် (၅) သိန်း မှ အများဆုံးကျပ်သိန်း (၂၀၀) အထိ (သို့မဟုတ်)
အမေရိကန်ဒေါ်လာ (၁,၀၀၀) မှ (၂၀၀,၀၀၀) အထိ
အာမခံသက်တမ်း  ၃ လ၊ ၆ လ၊ ၁ နှစ်
ပရီမီယံနှုန်း  တစ်နှစ်အတွက် အာမခံထားငွေ၏ ၀.၇%
 တပ်မတော်သား၊ ပြည်သူ့ရဲ၊ လေယာဉ်ဝန်ထမ်း၊ လျှပ်စစ်ဝန်ထမ်း စသောအန္တရာယ်များသည့် အလုပ်အကိုင်များအတွက် အာမခံထားငွေ၏ ၁%
အာမခံသက်တမ်း ၃ လ၊ ၆ လ အတွက် ၁ နှစ် သက်တမ်းပရီမီယံ၏ အချိုးကျပရီမီယံ

ကိုယ်အင်္ဂါထိခိုက်မှုအာမခံဝယ်ယူခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများ

မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ ကိုယ်အင်္ဂါထိခိုက်ဒဏ်ရာရခြင်း၊ ခြေလက်အင်္ဂါဆုံးရှုံးခြင်း၊ ဆေးရုံတက်ရခြင်း၊ အလုပ် မလုပ်နိုင်ခြင်း ဖြစ်ပွားသည့်အခါ လျော်ကြေးခံစားခွင့် ရရှိမည် ဖြစ်ပါသည်။

စည်းကမ်းချက်များ

၁။ အောက်ပါအဖြစ်အပျက်များနှင့်အကြောင်းအရာများ၊ အကျိုးဆက်များကြောင့် ဖြစ်ပေါ်သည့်သေဆုံးခြင်း၊ မသန်စွမ်းဖြစ်ခြင်း နှင့် ဒဏ်ရာရခြင်း စသည်များမှာ ကိုယ်အင်္ဂါထိခိုက်မှုအာမခံတွင် အကျုံးမဝင်ပါ။
(က) ကြိုတင်ကြံရွယ်ချက်ဖြင့် မိမိကိုယ်ကို ဒဏ်ရာအနာတရဖြစ်စေခြင်း၊ မသန်စွမ်းဖြစ်စေခြင်း နှင့် သေဆုံးစေခြင်း။
(ခ) မူးယစ်စေတတ်သောဆေးဝါးသုံးစွဲထားစဉ် (သို့) သုံးစွဲခြင်းကြောင့် ဒဏ်ရာအနာတရဖြစ်ခြင်း၊ မသန်စွမ်းဖြစ်ခြင်းနှင့် သေဆုံးခြင်း။
(ဂ) ရောဂါကြောင့်သေဆုံးခြင်း၊ မသန်စွမ်းဖြစ်ခြင်း။
(ဃ) စစ်ဖြစ်ပွားခြင်း (စစ်ကြေငြာသည်ဖြစ်စေ၊ မကြေငြာသည်ဖြစ်စေ)၊ စစ်အသွင်တိုက်ခိုက်ခြင်း၊ ပြည်တွင်းစစ်၊ ပုန်ကန်ခြင်း၊ အဓိကရုဏ်း၊ စစ်တပ် (သို့) လူထုအုံကြွခြင်း၊ သောင်းကျန်းခြင်း၊ သူပုန်ထခြင်း၊ တော်လှန်ရေး၊ စစ်တပ်အာဏာသိမ်းခြင်း၊ စစ်အမိန့်ထုတ်ပြန်ခြင်း (သို့) သိမ်းပိုက်ထားခြင်း၊ပြည်တွင်းဆူပူသောင်းကျန်းခြင်း၊ ၎င်းတို့ကိုဖြစ်ပေါ်စေသော အကြောင်းအရင်းများ (သို့) ၎င်းတို့၏ အကျိုးဆက်များကြောင့် ဒဏ်ရာရခြင်း၊ မသန်စွမ်းဖြစ်ခြင်းနှင့် သေဆုံးခြင်း။
(င) ရာဇဝတ်မှု ကျုးလွန်ရာမှဒဏ်ရာ အနာတရဖြစ်ခြင်း၊ မသန်စွမ်းဖြစ်ခြင်း နှင့်သေဆုံးခြင်း။
(စ) သူတစ်ပါး၏ လက်ချက်ကြောင့်ဖြစ်စေ၊ သူတစ်ပါး၏ ကြိုးစားအားထုတ်မှုကြောင့်ဖြစ်စေ၊ ယင်းနှင့်စပ်လျဉ်း၍ဖြစ်စေ ဒဏ်ရာရခြင်း၊ မသန်စွမ်းဖြစ်ခြင်းနှင့် သေဆုံးခြင်း။
၂။ မတော်တဆထိခိုက်မှုဖြစ်ပွားပြီးနောက် ၃လကျော်လွန်ပြီး ၄လ မတိုင်မီ ဖြစ်ပေါ်သော ဒဏ်ရာရခြင်း၊ မသန်စွမ်းဖြစ်ခြင်း နှင့် သေဆုံးခြင်းများမှာ အဆိုပါမတော်တဆဖြစ်ပွားမှုကြောင့်ဖြစ်ကြောင်း ခိုင်လုံစွာသက်သေပြနိုင်မှသာ ဤအာမခံ၌ အကျုံး ဝင်မည်ဖြစ်သည်။
၃။ အကျိုးခံစားခွင့်တောင်းခံမည့် အဖြစ်ပျက်တစ်စုံတစ်ရာဖြစ်ပေါ်လာပါက အချက်အလက် အပြည့်အစုံနှင့်တကွ ဤကုမ္ပဏီသို့ (၁၄) ရက်အတွင်း အကြောင်းကြားရမည်။ သတ်မှတ်ထားသော တောင်းခံလွှာဖြင့် လိုအပ်သောအထောက်အထားများ ပူးတွဲ၍ တောင်းခံရပါမည်။
၄။ ဒဏ်ရာရခြင်း၊ မသန်စွမ်းဖြစ်ခြင်း နှင့် သေဆုံးခြင်းများအတွက် ကုမ္ပဏီ၏ဆရာဝန်များက အလောင်းကို ခွဲစိတ်စစ်ဆေးခြင်း (Post –mortem Examination) အပါအဝင် လိုအပ်သလို စစ်ဆေးပါမည်။
၅။ FNI မှ ဤအာမခံကို ဖျက်သိမ်းခဲ့လျှင် တည်မြဲခဲ့သောကာလအတွက် အချိုးကျရက်တွက်ပရီမီယံနှုန်း (pro rata) နှင့် တွက်ချက်၍ ပိုငွေပြန်အမ်းမည်။
၆။ ပေါ်လီစီတစ်စောင်အတွက် အများဆုံးရရှိနိုင်သော အကျိုးခံစားခွင့်စုစုပေါင်းမှာ အာမခံထားငွေဖြစ်ပါသည်။
၇။ မသန်စွမ်းဖြစ်ခြင်းအတွက် အကျိုးခံစားခွင့်ကို အခြားအကျိုးခံစားခွင့် နှင့် ပူးတွဲခံစားခွင့်မရှိပါ။

အာမခံထားရှိလိုပါက
FNI (Life) ရုံးချုပ် နှင့် ရုံးခွဲများသို့ လည်းကောင်း၊ FNI (Life) နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော အာမခံ ကိုယ်စားလှယ်များ သို့လည်းကောင်း ဆက်သွယ်၍ အာမခံထားရှိနိုင်ပါသည်။

လျော်ကြေးကိစ္စ တစ်စုံတစ်ရာပေါ်ပေါက်လာပါက FNI (Life) သို့ ချက်ချင်းအကြောင်းကြားရန်ဖြစ်ပါသည်။

ကိုယ်အင်္ဂါထိခိုက်မှုအာမခံ ပေါ်လစီ စည်းမျဉ်းများ

၁။ အောက်ပါအဖြစ်အပျက်များနှင့်အကြောင်းအရာများ၊ အကျိုးဆက်များကြောင့် ဖြစ်ပေါ်သည့်သေဆုံးခြင်း ၊ မသန်စွမ်းခြင်းနှင့် ဒဏ်ရာရခြင်း စသည်များမှာ ကိုယ်အင်္ဂါထိခိုက်မှုအာမခံတွင် အကျုံးမဝင်ပါ။
(က) ကြိုတင်ကြံရွယ်ချက်ဖြင့် မိမိကိုယ်ကို ဒဏ်ရာအနာတရဖြစ်စေခြင်း၊ မသန်စွမ်းဖြစ်စေခြင်းနှင့် သေဆုံးစေခြင်း။
(ခ) မူးယစ်စေတတ်သော ဆေးဝါးသုံးစွဲထားစဉ် (သို့) သုံးစွဲခြင်းကြောင့် ဒဏ်ရာအနာတရဖြစ်ခြင်း၊ မသန်စွမ်းဖြစ်ခြင်း နှင့် သေဆုံးခြင်း။
(ဂ) ရောဂါကြောင့်သေဆုံးခြင်း၊ မသန်စွမ်းဖြစ်ခြင်း။
(ဃ) စစ်ဖြစ်ပွါးခြင်း (စစ်ကြေငြာသည်ဖြစ်စေ၊ မကြေငြာသည်ဖြစ်စေ)၊ စစ်အသွင်တိုက်ခိုက်ခြင်း၊ ပြည်တွင်းစစ်၊ ပုန်ကန် ခြင်း၊ အဓိကရုဏ်း၊ စစ်တပ် (သို့) လူထုအုံကြွခြင်း၊ သောင်းကျန်းခြင်း၊ သူပုန်ထခြင်း၊ တော်လှန်ရေး၊ စစ်တပ် အာဏာသိမ်းခြင်း၊ စစ်အမိန့်ထုတ်ပြန်ခြင်း (သို့) သိမ်းပိုက်ထားခြင်း၊ ပြည်တွင်းဆူပူသောင်းကျန်းခြင်း၊ ၄င်းတို့ကို ဖြစ်ပေါ်စေသော အကြောင်းအရင်းများ (သို့) ၄င်းတို့၏ အကျိုးဆက်များကြောင့် ဒဏ်ရာရခြင်း၊ မသန်စွမ်းဖြစ် ခြင်း နှင့်သေဆုံးခြင်း။
(င) ရာဇဝတ်မှု ကျူးလွန်ရာမှ ဒဏ်ရာအနာတရဖြစ်ခြင်း၊ မသန်စွမ်းဖြစ်ခြင်းနှင့် သေဆုံးခြင်း။
(စ) သူတစ်ပါး၏လက်ချက်ကြောင့်ဖြစ်စေ၊ သူတစ်ပါး၏ကြိုးပမ်းအားထုတ်မှုကြောင့်ဖြစ်စေ၊ ယင်းနှင့်စပ်လျဉ်း၍ ဖြစ်စေ ဒဏ်ရာရခြင်း၊ မသန်စွမ်းဖြစ်ခြင်း နှင့်သေဆုံးခြင်း။
၂။ မတော်တဆထိခိုက်မှုဖြစ်ပွားပြီးနောက် (၃) လ ကျော်လွန်ပြီး (၄) လ မတိုင်မီ ဖြစ်ပေါ်သော ဒဏ်ရာရခြင်း၊ မသန်စွမ်း ဖြစ်ခြင်း နှင့် သေဆုံးခြင်းများမှာ အဆိုပါမတော်တဆ ဖြစ်ပွားမှုကြောင့်ဖြစ်ကြောင်း ခိုင်လုံစွာ သက်သေပြနိုင်မှသာ ၄င်းတို့ သည် ဤအာမခံ၌ အကျုံးဝင်မည် ဖြစ်သည်။
၃။ အကျိုးခံစားခွင့်တောင်းခံမည့် အဖြစ်အပျက်တစ်စုံတစ်ရာဖြစ်ပေါ်ပါက အချက်အလက်အပြည့်အစုံနှင့်တကွ ဤကုမ္ပဏီသို့ (၁၄)ရက် အတွင်း အကြောင်းကြားရမည်။ သတ်မှတ်ထားသော တောင်းခံလွှာဖြင့် လိုအပ်သော အထောက်အထားများ ပူးတွဲ ၍ တောင်းခံရမည်။
၄။ ဒဏ်ရာရခြင်း၊ မသန်စွမ်းဖြစ်ခြင်း နှင့် သေဆုံးခြင်းများအတွက် ကုမ္ပဏီ၏ဆရာဝန်များက အလောင်းကို ခွဲစိတ်စစ်ဆေး ခြင်း (Post- mortem Examination) အပါအဝင် လိုအပ်သလိုစစ်ဆေးမည်။
၅။ ဤကုမ္ပဏီက ဤအာမခံကိုဖျက်သိမ်းခဲ့လျှင် တည်မြဲခဲ့သော ကာလအတွက် အချိုးကျရက်တွက် ပရီမီယံနှုန်း (Pro rata) နှင့် တွက်ချက် ၍ ပိုငွေပြန်အမ်းမည်။
၆။ ပေါ်လစီတစ်စောင်အတွက် အများဆုံးရနို င်သော အကျိုးခံစားခွင့်စုစုပေါင်းမှာ အာမခံထားငွေဖြစ်သည်။
၇။ မသန်စွမ်းဖြစ်ခြင်းအတွက် အကျိုးခံစားခွင့်ကို အခြားအကျိုးခံစားခွင့်နှင့် ပူးတွဲခံစားခွင့်မရှိ။
၈။ အကျိုးခံစားခွင့်ပေးလျော်ခြင်းနှင့်စပ်လျဉ်း၍ အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူနှင့် အာမခံလက်ခံသူတို့ သဘောထားကွဲ ပြားခြားနားမှု ပေါ်ပေါက်ခဲ့လျှင် တစ်ခြားကိစ္စများမပါဝင်ဘဲ ယင်းခြားနားမှု တစ်ခုတည်းအတွက်သာ သဘောထား မတိုက် ဆိုင်သူ (၂)ဦးက စာဖြင့် ရေးသားခန့်အပ်သော အနုညာတခုံလူကြီး၏ ဆုံးဖြစ်ချက်ကိုနာခံရမည်။ (သို့မဟုတ်) ၄င်းတို့ (၂)ဦးက ခုံလူကြီးတစ်ဦးတည်း ခန့်အပ်ခြင်းကို သဘောမတူလျှင် ဆုံးဖြတ်ရမည့်ကိစ္စ နှင့် လုံးဝမသက်ဆိုင်သည့် ခုံလူကြီး (၂)ဦး၏ ဆုံးဖြတ်ချက်ကို နာခံရမည်။ အခြားတစ်ဦးက ခုံလူကြီးခန့်ထားရန် စာရေးအကြောင်းကြားလာလျှင် ကျန်တစ်ဦး က မိမိ၏ခုံလူကြီးအား ပြက္ခဒိန် (၂)လ အတွင်း ခန့်ထားရမည်။ သဘောထားမတိုက်ဆိုင်သူ တစ်ဦးဦးသည် မိမိ၏ခုံလူကြီး အား ခန့်ထားရန် နို့တစ်စာကို လက်ခံရရှိပြီးနောက် ပြက္ခဒိန် (၂)လအတွင်း မိမိ၏ခုံလူကြီးအားခန့်ထားရန် ငြင်းဆန်လျှင် သော်လည်းကောင်း၊ ပျက်ကွက်လျှင်သော်လည်းကောင်း၊ ကျန်သဘောထားမတိုက်ဆိုင်သူက တစ်ဦးတည်းသော ခုံလူကြီးကို ခန့်ထားပိုင်ခွင့်ရှိသည်။ ခုံလူကြီး (၂)ဦးအတွင်း သဘောထားကွဲလွဲလျှင် ဆုံးဖြတ်ရန်ကိစ္စကိုမဆောင်ရွက်မီကပင် ၄င်းတို့ (၂) ဦးစလုံးက ကြိုတင်စာရေးခန့်ထားသော ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်ကို နာခံရမည်။ ဒိုင်လူကြီးသည် ခုံလူကြီးများနှင့် အတူ တကွ ရုံးထိုင်ကာ ၄င်းတို့ဆွေးနွေးညှိနှိုင်းခြင်းအပေါ်တွင် သဘာပတိမူရမည်။ သဘောထားမတိုက်ဆိုင်သူ တစ်ဦးဦးသေဆုံး ခြင်းကြောင့် ခုံလူကြီး၊ ခုံလူကြီးများ(သို့မဟုတ်) ဒိုင်လူကြီး၏ အာဏာနှင့်လုပ်ပိုင်ခွင့် အသီးသီးကို မထိခိုက်၊ မပျက်ပြယ်စေ ရ။ ခုံလူကြီးတစ်ဦး(သို့) ဒိုင်လူကြီးသေဆုံးလျှင် ၄င်းအား ခန့်အပ်ခဲ့သော သဘောထားမတိုက်ဆိုင်သူကလည်းကောင်း၊ ခုံလူကြီးများကလည်းကောင်း၊ (ဖြစ်ပေါ်သည့်အတိုင်း) သေဆုံးသူအစား အခြားတစ်ဦးဦးအား အစားထိုးခန့်ထားရမည်။ ဆုံးဖြတ်ရန် ဆောင်ရွက်ခြင်းနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းတို့အတွက် ကျသင့်စရိတ်စကမှာ ယင်း ဆုံးဖြတ်ချက်ကို ချမှတ်သည့် ခုံလူကြီး၊ ခုံလူကြီးများ၊ (သို့မဟုတ်) ဒိုင်လူကြီးက သတ်မှတ်သည့်အတိုင်း ဖြစ်သည်။ အကျိုးခံ စားခွင့်ပေးလျော်ခြင်းနှင့် စပ်လျဉ်း၍ အငြင်းပွားပါက ခုံလူကြီး၊ ခုံလူကြီးများ၊ (သို့မဟုတ်) ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်ကို ဦးစွာရရှိပြီးမှသာ ဤပေါ်လစီနှင့်အညီ မည်သည့်ဥပဒေ ကြောင်းအရ ဆောင်ရွက်ခြင်း သို့မဟုတ် တရားစွဲဆိုခြင်းကိုမဆို ပြုလုပ်နိုင်ခွင့်ရှိသည်။ ထိုကဲ့သို့ တရားဥပဒေစွဲဆိုခြင်းကို ဆုံးဖြတ်ချက်ရရှိပြီးနောက် (၁၂) လအတွင်း မဆောင်ရွက်လျှင် အကျိုးခံစားခွင့် တောင်းခံခြင်းကို လုံးဝစွန့်လွှတ်လိုက်ပြီဟု ယူဆရမည်ဖြစ်ကာ မည်သည့်အကျိုးခံစားခွင့်ကိုမှ မရရှိနိုင်တော့ပါ။
၉။ အဆိုလွှာတွင် ဖြည့်စွက်ချက်များ/အဖြေစသည်များ တိကျမှန်ကန်ခြင်းနှင့် ပေါ်လီစီစည်းမျဉ်များကို လိုက်နာဆောင်ရွက်ခြင်း မှာ အကျိုးခံစားခွင့်ပေးချေခြင်းအတွက် အဓိကလိုအပ်ချက်များဖြစ်သည်။

မှတ်ချက် ။ ။ အကျိုးခံစားခွင့်လွှဲပြောင်းခံရသူမှာ အရွယ်မရောက်သေးသူဖြစ်လျှင် မိဘအရင်း သို့မဟုတ် တရာဝင်အုပ်ထိန်း ခွင့်ရရှိသူသို့ ထုတ်ပေးမည်။ အကျိုးခံစားခွင့်လွှဲပြောင်းခြင်းခံရသူမှာ အာမခံထားသူထက်စော၍ ကွယ်လွန်ခဲ့ ပြီး အကျိုးခံစားခွင့်ကို ထပ်မံ မပြင်ဆင်၊ မပြောင်းလွှဲရသေးမီ အာမခံထားသူကွယ်လွန်လျှင် အောက်ပါအစီအစဉ် အတိုင်း အကျိုးခံစားခွင့် ထုတ်ပေးမည်။

အာမခံထားသူ၏

၁။ ခင်ပွန်း (သို့မဟုတ်) ဇနီး အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေပုဒ်မ
၂။ သား/သမီး
၃။ မြေး
၄။ ညီအစ်ကိုမောင်နှမ
၅။ မိဘ

ကိုယ်အင်္ဂါထိခိုက်မှုအာမခံပေါ်လစီ

ကိုယ်စားလှယ်အမည်   ———————————— ပေါ်လစီအမှတ်  ————————————
ကိုယ်စားလှယ်အမှတ်  ———————————— ရက်စွဲ  ————————————
အာမခံထားသူ အမည် ——————————————————————————————————————-
နိုင်ငံသားစိစစ်‌ရေးအမှတ် / နိုင်ငံကူးလက်မှတ် ——————————————————————————————————————-
အလုပ်အကိုင် ——————————————————————————————————————-
နေရပ်လိပ်စာ ——————————————————————————————————————-
ဖုန်းနံပါတ် ——————————————————————————————————————-
အာမခံထားငွေ ——————————————————————————————————————-
ပရီမီယံ ——————————————————————————————————————-
အာမခံသက်တမ်း ———- Year [ —————- မှ ——————ရက် အထိ ]
အကျိုးခံစားခွင့် လွှဲပြောင်းခံရသူအမည် ——————————————————————————————————————-
နိုင်ငံသားစိစစ်‌ရေးအမှတ် / နိုင်ငံကူးလက်မှတ် ——————————————————————————————————————-
အသက် ——————————————————————————————————————-
တော်စပ်ပုံ ——————————————————————————————————————-
နေရပ်လိပ်စာ ——————————————————————————————————————-
ဖုန်းနံပါတ် ——————————————————————————————————————-
အာမခံထားသူပေးသွင်းထား‌သော ပရီမီယံကို အကြောင်းပြု၍ အာမခံထားသူသည် အာမခံသက်တမ်းအတွင်း သိသာမြင်သာပြီး ပြင်းထန်သည့် အပြင်ပန်းအကြောင်းများအရ ဖြစ်ပွား‌သော မတော်တဆထိခိုက်မှုကြောင့် ဒဏ်ရာရခြင်း၊ ထာ၀စဥ်မသန်စွမ်းဖြစ်ခြင်း၊ ‌သေဆုံးခြင်း စသည်များအတွက် ပူး‌တွဲဖော်ပြထားသည့် အကျိုုးခံစားခွင့်(များ) ကို ပူးတွဲပါ ‌ပေါ်လစီစည်းမျဥ်းများ၊ ‌‌နောင်ပြုလုပ်ကောင်း ပြုလုပ်မည့် ပြင်ဆင်ချက်များနှင့်အညီ အာမခံထားသူ သို့မဟုတ် အကျိုုးခံစားခွင့် လွှဲပြောင်းခြင်းခံရသူသို့ ‌ပေး‌လျော်ရန် ဤကုမ္ပဏီက တာ၀န်ယူ ကတိပြုပါသည်။

အခွင့်အာဏာရအရာရှိ

Product Proposal Form

Download

ကိုယ်အင်္ဂါထိခိုက်မှုအာမခံ လျော်ကြေးပေါ်ပေါက်ပါက ဆောင်ရွက်ရမည့်အချက်များ

Injury
၁။ အကြောင်းကြားစာ (Claim ဖြစ်သူ Customer)။
၂။ ‌တောင်းခံလွှာ (Claims Form)။
၃။ Policy
၄။ မှတ်ပုံတင်မိတ္တူ (Claim ဖြစ်သူ Customer)။
၅။ ‌ဆေးမှတ်တမ်းစာအုပ် (Cause of loss ပါဝင်ရမည် / ပြည်ပတွင် ဖြစ်ပွားပါက ဆေးမှတ်တမ်းအားဘာသာပြန်ပေးရပါမည်)။
၆။ ဒဏ်ရာဓာတ်ပုံ(ဒဏ်ရာသီးသန့်ပုံ နှင့် လူနှင့်ဒဏ်ရာတွဲလျက်ပုံ)။
၇။ Police case ဖြစ်ပါက ရဲစခန်းထောက်ခံစာ (ပြည်ပတွင် ဖြစ်ပွားပါက ထောက်ခံစာအား ဘာသာပြန်ပေး ရပါမည်)။
Death
၁။ အကြောင်းကြားစာ (အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။
၂။ တောင်းခံလွှာ (Claims Form)။
၃။ Policy စာချုပ်မူရင်း။
၄။ မှတ်ပုံတင်မိတ္တူ (သေဆုံးသူ ၊ အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။
၅။ ဆေးမှတ်တမ်းစာအုပ် (Cause of loss ပါဝင်ရမည် / ပြည်ပတွင် ဖြစ်ပွားပါက ဆေးမှတ်တမ်းအား ဘာသာပြန်ပေးရပါမည်)။
၆။ သေဆုံးမှတ်တမ်းဓာတ်ပုံ။
၇။ Police case ဖြစ်ပါက ရဲစခန်းထောက်ခံစာ (ပြည်ပတွင် ဖြစ်ပွားပါက ထောက်ခံစာအား ဘာသာပြန်ပေးရပါမည်)။
၈။ Death Certificate (ပြည်ပတွင် ဖြစ်ပွားပါက Death Certificate အား ဘာသာပြန်ပေးရပါမည်)။
၉။ သန်းခေါင်စာရင်း။
၁၀။ နာရေးဖိတ်စာ။

အာမခံထားသည့် လူပုဂ္ဂိုလ် (သို့မဟုတ်) အကျိုးခံစားခွင့်ရှိသူမှ ဆောင်ရွက်ရန်အဆင်မပြေပါက အဆိုပါပုဂ္ဂိုလ်မှ အခြားတစ်ဦးသို့ အကျိုးခံစားခွင့်လွှဲပြောင်းလုပ်ဆောင်ခွင့်ပြုကြောင်း အာမခံကုမ္ပဏီသို့ အကြောင်းကြားစာ ပါရှိရမည်။

FREQUENTLY ASKED QUESTIONS

HOW CAN WE HELP YOU?

If you have any question, please inquiry to 09-269843974, 01-570521, 01-570998 and customerservices@fnilife.com

What is the policy Term?

Policy Term – (3) months , (6) months and (1) year

  1. Proposal
  2. NRC
  3. Passport Size Photo
  1. 0.7% of the Sum Insured annually (Normal Jobs)
  2. 1% of the Sum Insured annually (Risky Jobs)

Start from premium payment date.

Unlimited claims within the policy coverage and benefits.

Usually it takes approximately 60~90 minutes if all documents are available.

Yes, FNI (Life) has One-Stop Service.

Premium Calculator