• Follow Us
PREMIUM CALCULATOR

ငွေပင်ငွေရင်းအသက်အာမခံ

လူကြီးမင်းတို့၏ ဘဝနောင််ရေးစိတ်အေးချမ်းသာစေရန် ငွေကြေးအားဖြင့် အထောက်အပံ့ပေးမည့် အသက်အာမခံအမျိုးအစား ဖြစ်ပါသည်။

အာမခံထားခွင့်ရှိသူ အသက် (၁၀) နှစ် မှ (၅၅) နှစ်အတွင်းရှိသူများ
အာမခံထားငွေ အနည်းဆုံး ကျပ် (၅၀,၀၀၀) မှ အများဆုံး ကျပ် သိန်း (၃၀၀)
အာမခံသက်တမ်း အနည်းဆုံး (၅) နှစ်
ပရီမီယံနှုန်း
  • အာမခံထားသူ၏အသက်၊ အလုပ်အကိုင်၊ အာမခံထားငွေနှင့် အာမခံသက်တမ်း စသည် တို့ပေါ်မူတည်၍ တွက်ချက်ပေးဆောင်ရပါမည်။
  • ပရီမီယံကို ၃လ၊ ၆လ၊ ၁နှစ် စသည်ဖြင့်အရစ်ကျ ပေးသွင်းနိုင်ပါသည်။

*** ငွေပင်ငွေရင်းအသက်အာမခံထားသူတိုင်း ဆေးစစ်ရပါမည်။ ***

ငွေပင်ငွေရင်းအသက်အာမခံထားခြင်းအားဖြင့် ရရှိနိုင်သောအကျိုးခံစားခွင့်များ

  • အာမခံသက်တမ်းအတွင်း ရာခိုင်နှုန်းပြည့်ထာဝစဉ်မသန်စွမ်းမှုကြောင့် ဝင်ငွေရရှိနိုင်သောအလုပ်အကိုင် လုံးဝမလုပ်ကိုင် နိုင်တော့ခြင်းနှင့် သေဆုံးခြင်းများအတွက် အာမခံထားငွေကိုပြန်လည်ထုတ်ပေးပါမည်။ ဆရာဝန်ဆေးစစ်ထောက်ခံချက်အရ ထာဝစဉ်မသန်စွမ်းကို ရာခိုင်နှုန်းအချိုးကျ ခံစားခွင့်ပြုပါသည်။
  • အာမခံသက်တမ်းအတွင်း လျော်ကြေးတောင်းခံခဲ့ခြင်းမရှိပါက အာမခံသက်တမ်းနှစ်စေ့ချိန်တွင် အာမခံထားငွေကို ပြန်လည်ထုတ်ပေးပါမည်။
  • အာမခံသက််တမ်း (၅) နှစ်မှ (၁၂) နှစ်အထိ ပေါ်လီစီများအတွက် ပရီမီယံ (၂) နှစ်၊ သက်တမ်း (၁၃) နှစ်နှင့်အထက် ပေါ်လီစီ များအတွက် ပရီမီယံ (၃) နှစ် ပေးချေပြီးပါက ချေးငွေယူနိုင်ပါသည်။

စည်းကမ်းချက်များ

သေရည်သေရက်သောက်ခြင်း၊ ကာလသားရောဂါကြောင့်ဖြစ်ခြင်း၊ ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို အနာတရ ဖြစ်အောင်ပြုလုပ်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ မိမိကိုယ်ကို သတ်သေခြင်းကြောင့် အသက်မသေသော်လည်း ထာဝစဉ် မသန်စွမ်းဖြစ်ခြင်း၊ မိမိကိုယ်တိုင် ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း၊ ဘေးအန္တရာယ်ဖြစ်စေသော ဆေးများမှီဝဲခြင်းကြောင့် ဖြစ်ပေါ်လာသော မသန်စွမ်းမှုများ အတွက် လျော်ကြေးငွေ မရရှိနိုင်ပါ။

အာမခံထားရှိလိုပါက
FNI (Life) ရုံးချုပ် နှင့် ရုံးခွဲများသို့ လည်းကောင်း၊ FNI (Life) နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော အာမခံကိုယ်စား လှယ်များ သို့ လည်းကောင်း ဆက်သွယ်၍ အာမခံထားရှိနိုင်ပါသည်။
လျော်ကြေးကိစ္စ တစ်စုံတစ်ရာပေါ်ပေါက်ပါကFNI (Life) သို့ချက်ချင်းအကြောင်းကြားရန်ဖြစ်ပါသည်။

အသက်အာမခံအခွင့်အရေးများနှင့် စည်းမျဉ်းများ

၁။ ပရီမီယံပေးသွင်းခြင်း
ပရီမီယံကို (၁) နှစ်တစ်ကြိမ် (သို့မဟုတ်) (၆) လတစ်ကြိမ် (သို့မဟုတ်) (၃) လတစ်ကြိမ် ပေးသွင်း လျှင် ပေးသွင်း ရမည့်ရက်စေ့ရောက်ပြီး အပိုရက်ပေါင်း (၃ဝ) အတွင်း၊လစဉ်ပေးသွင်းလျှင် ပေးသွင်းရမည့် ရက်စေ့ရောက်ပြီးအပို (၁၅) ရက်အတွင်း ပေးသွင်းနိုင်သည်။ အဆိုပါကုန်ဆုံးရက်များသည် အစိုးရရုံးပိတ်ရက် (သို့မဟုတ်) ဘဏ်ပိတ်ရက်ဖြစ်ပါက အစိုးရရုံး (သို့မဟုတ်) ဘဏ်ဖွင့်သောပထမရက်တွင်ပရီမီယံကိုပေးသွင်းရမည်။ အပိုရက်များအတွင်းအသက်အာမခံထားသူကွယ်လွန်ခဲ့သော် ထိုပေါ်လစီနှစ် အတွင်း ပေးရန်ကျန်ရှိသောပရီမီယံအရစ်ကျငွေများကိုလျော်ကြေးမှ နှုတ်ယူမည်။
၂။ ပျက်သည့်ပေါ်လစီပြန်လည်တည်မြဲရေး
အပိုရက်များအတွင်းပရီမီယံမပေးသွင်းခဲ့သော် ပေါ်လစီပျက်သည်။ ပျက်သည့်ပေါ်လစီကို ပြန်လည်တည်မြဲနိုင်ရန် အာမခံ စသောနေ့မှ (၃) နှစ် တစ်ဆက်တည်းပရီမီယံမပေးသွင်းရသေးသည့်ပေါ်လစီကို ပရီမီယံပေးသွင်းရမည့်ရက်မှ (၁၂) လ အတွင်း သော် လည်းကောင်း၊ (၃) နှစ်အတွက် ပရီမီယံပေးသွင်းပြီးသောပေါ်လစီကို (၂၄) လအတွင်းသော်လည်းကောင်းတည်မြဲစေရန် အောက်ပါ အတိုင်းဆောင်ရွက်ရမည်။
(က) (၁၂) လအတွင်း ပြန်လည်တည်မြဲမည်ဆိုလျှင် မိမိကိုယ်တိုင်ကျန်းမာကြောင်းခံဝန်ချက်နှင့်တကွ ပေးသွင်း ရမည့် ပရီမီယံစုစုပေါင်းနှင့် တစ်နှစ်လျှင် ၆.၂၅ ရာခိုင်နှုန်း အတိုးကိုပါ ပေးသွင်းရမည်။
(ခ) (၂၄) လအတွင်း ပြန်လည်တည်မြဲမည်ဆိုလျှင် မိမိစရိတ်ဖြင့် ဆေးစစ်ခံပြီးအသက်အာမခံဆက်လက်ထားရှိရန် ဆေးစစ် အောင်မြင်ပါကပေးသွင်းရမည့် ပရီမီယံစုစုပေါင်းနှင့် တစ်နှစ်လျှင်၆.၂၅ ရာခိုင်နှုန်း အတိုးကိုပါ ပေးသွင်းရမည်။
၃။ အမ်းငွေရသင့်တန်ဖိုး
သက်တမ်း (၅) နှစ်မှ (၁၂) နှစ်အထိပေါ်လစီများအတွက် (၂) နှစ်၊ သက်တမ်း(၁၃) နှစ် နှင့်အထက် ပေါ်လစီများအတွက် (၃) နှစ်တစ်ဆက်တည်းပရီမီယံ ပေးသွင်းပြီးပါက အမ်းငွေရသင့်တန်ဖိုး ရရှိနိုင်သည်။ ထိုတန်ဖိုးသည် ဇယား(၁) ပေါ်လစီများအတွက် ပထမနှစ်ပရီမီယံကိုနှုတ်၍ ကျန်ပေးသွင်းပြီးပရီမီယံများ၏ အနည်းဆုံးရာခိုင်နှုန်း(၃ဝ) ဖြစ်သည်။ ဇယား (၈) ပေါ်လစီများအတွက် ပေးသွင်းပြီးပရီမီယံများ၏ ရာခိုင်နှုန်း (၈ဝ) ဖြစ်သည်။ ဇယား (၈) ဖြင့် အသက်အာမခံထားရှိသောပြည်သူ့ဝန်ထမ်းတစ်ဦးသည် ပြည်သူ့ဝန်ထမ်းမဟုတ်တော့သည့်အခါမှသာ အမ်းငွေရသင့်တန်ဖိုးကိုထုတ်ယူနိုင်သည်။ ပရီမီယံကိုတစ်နှစ်တစ်ကြိမ်ပေးသွင်းခြင်းမဟုတ်လျှင် တစ်နှစ်အတွက် ပေးသွင်းရမည့်ပရီမီယံကိုဖြည့်၍ ပေးသွင်းနိုင်သည်။
၄။ စာရင်းပိတ်ပေါ်လစီတန်ဖိုး
သက်တမ်း (၅) နှစ်မှ (၁၂) နှစ်အထိပေါ်လစီများအတွက် (၂) နှစ်၊ သက်တမ်း(၁၃) နှစ်နှင့် အထက်ပေါ်လစီများအတွက် (၃) နှစ် တစ်ဆက်တည်းပရီမီယံပေးသွင်းပြီးပါကစာရင်းပိတ်ပေါ်လစီအဖြစ်ပြောင်းလဲနိုင်သည်။ စာရင်း ပိတ် ပေါ်လစီတန်ဖိုးမှာ မူလအာမခံထားငွေကိုပရီမီယံပေးသွင်းပြီးသောနှစ်နှင့် ပေါ်လစီသက်တမ်းတို့၏ အချိုးကျတွက်ချက် ရရှိသောတန်ဖိုးဖြစ်သည်။ ဇယား (၈) ဖြင့် အသက်အာမခံထားရှိသော ပြည်သူ့ဝန်ထမ်းတစ်ဦးသည် ပြည်သူ့ဝန်ထမ်း မဟုတ်တော့သည့်အခါမှသာ စာရင်းပိတ် ပေါ်လစီအဖြစ်ပြောင်းလဲနိုင်သည်။ စာရင်းပိတ်တန်ဖိုးကို နှစ်စေ့သောအခါတွင် အာမခံထားသူသို့လည်းကောင်း၊ နှစ်မစေ့မီ အာမခံထားသူကွယ်လွန်လျှင် အကျိုးခံစားခွင့်လွှဲပြောင်းခံရသူကို လည်းကောင်း ထုတ်ပေးမည်။
၅။ အလိုအလျောက်ပေါ်လစီတည်မြဲစေခြင်း
အမ်းငွေရသင့်တန်ဖိုးရရှိနိုင်သောပေါ်လစီအတွက်ပရီမီယံပေးသွင်းခြင်းပျက်ကွက်သော်လည်းပေါ်လစီမပျက်ပါ။ ပေးသွင်းရန်ကျန်ရှိသည့်ပရီမီယံများ၊ အတိုးနှင့်အခြားပေးဆပ်ရန်ငွေများကိုနှုတ်ပြီးနောက်ကျန်သောအမ်းငွေရသင့်တန်ဖိုးမှပေးသွင်းရန်ကျန်ရှိနေသည့်ပရီမီယံကြွေးများအား အရစ်ကျအတိုင်းနှုတ်ယူပြီးပေါ်လစီကိုအလိုလျောက်ဆက်လက်တည်မြဲစေမည်။ အဆိုပါနှုတ်ယူသောငွေကိုအာမခံထားသူကတစ်နှစ်လျှင် ၆.၂၅ ရာခိုင်နှုန်းအတိုးပေးရမည်။
ဤနည်းဖြင့် တည်မြဲစေသည့်ပေါ်လစီကိုမိမိကိုယ်တိုင်ကျန်းမာကြောင်းခံဝန်ချက်မတင်ပြဘဲတင်ရှိသောပရီမီယံကြွေးများကိုအတိုးနှင့်ပေးဆပ်ခြင်းဖြင့် လည်းကောင်း၊ တင်ရှိသောပရီမီယံကြွေးကိုမဆပ်သေးဘဲပရီမီယံကိုဆက်လက်၍ ပေးသွင်းသွားခြင်းဖြင့်လည်းကောင်း၊ ပေါ်လစီကို ဆက်လက်တည်မြဲစေနိုင်သည်။
ပရီမီယံကြွေးကိုတစ်ကြိမ်တည်းသို့မဟုတ် အရစ်ကျဖြင့် အတိုးနှင့်တကွ ပေးဆပ်နိုင်သည်။ ပရီမီယံကြွေးပေးဆပ်မည့်အချိန်သည် ပရီမီယံပေးသွင်းသောအချိန်အတိုင်း သို့မဟုတ် ဤကုမ္ပဏီကသဘောတူသော အချိန်အတိုင်းဖြစ်ရမည်။
ဤကဲ့သို့ အလိုအလျောက် ပေါ်လစီတည်မြဲနေသောကာလအတွင်းအာမခံထားသူကွယ်လွန်ခဲ့သော်တင်ရှိနေသောပရီမီယံ ကြွေးများ၊ တစ်နှစ်လျှင် ၆.၂၅ ရာခိုင်နှုန်းဖြင့် ကျသင့်အတိုးနှင့်အခြားပေးဆပ်ရန်ငွေများကို နှုတ်ယူပြီးလျှင် ကျန်အာမခံထားငွေကို ထုတ်ပေးမည်။
ယင်းပေးဆပ်ရန်ငွေစုစုပေါင်းသည်ထိုအချိန်တွင်ရရှိနိုင်သောအမ်းငွေရသင့်တန်ဖိုးထက်ပိုနေလျှင်ပေါ်လစီပျက်သဖြင့် အာမခံထားငွေမရရှိနိုင်ပါ။ သို့ရာတွင် ထိုအချိန်၌ ရရှိနိုင်သောစာရင်းပိတ်တန်ဖိုးမှ ပေးဆပ်ရန်ငွေ စုစုပေါင်းကိုနှုတ်၍ ကျန်ငွေကိုထုတ်ပေးမည်။ ပရီမီယံကိုအလီလီပေးသွင်းခြင်းဖြင့်ရသင့်သောအမ်းငွေရသင့်တန်ဖိုးကုန်သွားပါကပေါ်လစီပျက်သည်။ ပျက်သည့်ပေါ်လစီကိုစည်းမျဉ်း (၂) အရ ပြန်လည်တည်မြဲရန်မပြုလုပ်ပါကဤပေါ်လစီပါ မည်သည့်အခွင့်အရေးကိုမှ မရရှိနိုင်ပါ။
၆။ ကျန်ရှိနေသောပရီမီယံမပေးသွင်းဘဲပေါ်လစီကိုတဖန်ပြန်လည်တည်မြဲစေခြင်း
ပရီမီယံပေးသွင်းသည့်ရက်မှ(၆) လထက်မနည်း(၂) နှစ်ထက်မပိုသောကာလအတွက်ပရီမီယံ မပေးသွင်းခြင်းကြောင့် ပေါ်လစီပျက်နေသည့်အချိန်တွင်အာမခံထားသူက မိမိစရိတ်ဖြင့်ဆေးစစ်ခံပြီးအသက်အာမခံဆက်လက်ထားရှိရန်ဆေးစစ်အောင်မြင်ပါက ထိုအချိန်၌ပြည့်သောအသက်အတွက် ဇယားအတိုင်းကျသင့်ပရီမီယံကိုအာမခံထားသူကပေးသွင်း၍ ပေါ်လစီပျက်နေသည့် ကာလ နှင့်အမျှ နှစ်စေ့မည့်ရက်ကိုရှေ့သို့တိုးမြှင့်ပြီးလျှင် မူလပေါ်လစီပါ စည်းကမ်းချက်များအတိုင်း ပေါ်လစီ ကိုတဖန်ပြန်လည်တည်မြဲစေနိုင်သည်။ သက်တမ်း (၁ဝ) နှစ် သို့မဟုတ် (၁ဝ) နှစ်ထက်နည်းသောပေါ်လစီများနှင့် ဇယား (၈) ပြည်သူ့ဝန်ထမ်းပေါ်လစီများသည်တဖန်ပြန်လည်တည်မြဲစေသည့် အခွင့်အရေးမရှိပါ။ ပေါ်လစီသက်တမ်းတစ်လျှောက်လုံးတွင် ဤအခွင့်အရေးကိုတစ်ကြိမ်တည်းသာအသုံးပြုခွင့်ရှိသည်။
၇။ ငွေချေးခြင်း
အာမခံထားသူသည် ငွေချေးလိုပါကငွေချေးယူသည့်အချိန်တွင် အမ်းငွေရသင့်တန်ဖိုး၏ (၉၅) ရာခိုင်နှုန်းအထိငွေထုတ် ချေးမည်။ ထိုချေးငွေပေါ်တွင် တစ်နှစ်လျှင် ၆.၂၅ ရာခိုင်နှုန်းအတိုးပေးရမည်။ ချေးငွေသည် ကျပ် ၅ဝဝ/-ထက်မနည်းရပါ။ ငွေတစ်ကြိမ်ချေးလျှင် ချေးခ ၅/- ကျပ်ပေးရမည်။
၈။ ထာဝစဉ် မစွမ်းမသန်ဖြစ်ခြင်း
အာမခံထားသူသည်အသက်(၆ဝ)နှစ်မပြည့်မီပေါ်လစီတည်မြဲနေစဉ်အတွင်းရုတ်တရက်ထိခိုက်ခြင်းကြောင့်လည်းကောင်း၊ ရောဂါကြောင့်လည်းကောင်း၊ ထာဝစဉ်မစွမ်းမသန်ဖြစ်၍ဝင်ငွေရရှိသောအလုပ်အကိုင်ကိုလုံးဝမလုပ်ကိုင်နိုင်လျှင်ဤကုမ္ပဏီကရွေးချယ်ပေးသောဆရာဝန်နှစ်ဦး၏ ဆေးစစ်ထောက်ခံချက်အရထာဝစဉ်မစွမ်းမသန်ဖြစ်မှုရာခိုင်နှုန်းအပေါ်အခြေခံ၍အာမခံထားငွေကိုအချိုးကျခံစားခွင့်ပြုမည်။ သို့ရာတွင် သေရည်သေရက်သောက်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ဘေးအန္တရာယ်ဖြစ်စေတတ်သောဆေးကိုမှီဝဲခြင်း၊ မိမိကိုယ်ကို အနာတရဖြစ်အောင်ပြုလုပ်ခြင်း၊ မိမိကိုယ်ကိုသတ်သေခြင်းကြောင့် အသက်မ‌သေသော်လည်း ထာ၀စဥ် မသန်စွမ်းဖြစ်ခြင်း၊ ကာလသားရောဂါကြောင့်ဖြစ်ခြင်း၊ ကြိုတင်ရည်ရွယ်ချက်ဖြင့်မိမိကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့် ထာဝစဉ်မစွမ်းမသန်ဖြစ်ခြင်းများအတွက် ဤအကျိုးခံစားခွင့်မရရှိနိုင်ပါ။
ထာဝစဉ်မစွမ်းမသန်မှုဖြစ်ပေါ်လျှင် ဖြစ်ပေါ်သည့်အကြောင်းကိုဤကုမ္ပဏီသို့ ချက်ချင်းအကြောင်းကြားရမည်။ ထာဝစဉ် မစွမ်းမသန်သူဖြစ်သည်ဟု ဤကုမ္ပဏီကသတ်မှတ်သည့်ရက်မှစ၍အသက်အာမခံထားသူကပရီမီယံဆက်လက်ပေးသွင်းရန်မလိုပါ။ ကျန်းမာရေးကိုအကြောင်းပြု၍ သော်လည်းကောင်း၊ အလုပ်အကိုင်ကိုအကြောင်းပြု၍ သော်လည်းကောင်း အပိုပရီမီယံပေးထားရသော ပေါ်လစီများသည် ဤအကျိုးခံစားခွင့်ကို မရရှိနိုင်ပါ။
၉။ လေကြောင်းအန္တရာယ်
သာမန်ပရီမီယံနှုန်းထားဖြင့် အသက်အာမခံထားသူသည် လေကြောင်းဆိုင်ရာဘေးအန္တရာယ်ရှိသည့် အလုပ်အကိုင်ကို လုပ်ကိုင်မည်ဆိုလျှင် အပိုပရီမီယံပေးဆောင်ရမည်။အပိုပရီမီယံမပေးဆောင်ဘဲအဆိုပါအလုပ်အကိုင်ကို လုပ်ကိုင်နေစဉ်လေကြောင်းဆိုင်ရာ အန္တရာယ်များကြောင့် အာမခံထားသူကွယ်လွန်ခဲ့သော် ကျသင့်အပိုပရီမီယံနှင့်အတူထိုအပိုပရီမီယံအပေါ်တွင် တစ်နှစ်လျှင် ၆.၂၅ ရာခိုင်နှုန်းဖြင့် အတိုးငွေကိုအာမခံထားငွေမှ နှုတ်ယူပြီး ကျန်ငွေကိုသာထုတ်ပေးမည်။
၁၀။ ကြည်းတပ်နှင့်ရေတပ်အာမခံ
သာမန်ပရီမီယံနှုန်းထားဖြင့် အသက်အာမခံထားသူသည် ကြည်းတပ် (သို့မဟုတ်) ရေတပ်ဆိုင်ရာအလုပ်အကိုင် လုပ်ကိုင်မည်ဆိုလျှင် အပိုပရီမီယံပေးဆောင်ရမည်။ အပိုပရီမီယံမပေးဆောင်ဘဲအဆိုပါအလုပ်အကိုင်ကိုလုပ်ကိုင်နေစဉ် ကြည်းတပ် (သို့မဟုတ်) ရေတပ်ဆိုင်ရာအလုပ်အကိုင်အန္တရာယ်များကြောင့် အာမခံထားသူကွယ်လွန်ခဲ့သော် ကျသင့်အပိုပရီမီယံနှင့်အတူထိုအပိုပရီမီယံအပေါ်တွင်တစ်နှစ်လျှင် ၆.၂၅ ရာခိုင်နှုန်းဖြင့် အတိုးငွေကို အာမခံထားငွေမှနှုတ်ယူပြီး ကျန်ငွေကိုသာ ထုတ်ပေးမည်။
၁၁။ ဘေးအန္တရာယ်များသောအလုပ်အကိုင်
 အသက်အာမခံထားသူသည်် လက်ရှိအလုပ်အကိုင်မှ အခြားအလုပ်အကိုင်တစ်ခုခုသို့ ပြောင်းလွှဲလုပ်ကိုင်မည်ဆိုလျှင် ဤကုမ္ပဏီသို့အကြောင်းကြားရမည်။ ပြောင်းလွှဲလုပ်ကိုင်သောအလုပ်အကိုင်သည်ဘေးအန္တရာယ်များသည့်အလုပ်အကိုင်မျိုးဖြစ်လျှင်အပိုပရီမီယံပေးဆောင်ရမည်။ အပိုပရီမီယံမပေးဆောင်ဘဲ အဆိုပါအလုပ်အကိုင်မျိုးကိုလုပ်ကိုင်နေစဉ်အာမခံထားသူကွယ်လွန်ခဲ့ သော် ကျသင့်အပိုပရီမီယံနှင့်အတူထိုအပိုပရီမီယံအပေါ်တွင်တစ်နှစ်လျှင် ၆.၂၅ ရာခိုင်နှုန်းဖြင့် အတိုးငွေကိုအာမခံထားငွေမှ နှုတ်ယူပြီးကျန်ငွေကိုသာထုတ်ပေးမည်။
၁၂။ ကိုယ့်အသက်ကိုကိုယ်သတ်သေခြင်း
အသက်အာမခံစသည့်နေ့မှတစ်နှစ်ကျော်ပြီးနောက်ပေါ်လစီတည်မြဲနေသောမည်သည့်အချိန်အခါတွင်မဆိုအသက်အာမခံထားသူသည်မိမိကိုယ်ကိုသတ်သေခြင်းကြောင့် ပေါ်လစီမပျက်ပါ။ အာမခံစသောနေ့မှတစ်နှစ်အတွင်းအာမခံထားသူသည် မိမိကိုယ်ကိုသတ်သေလျှင် အကျိုးခံစားခွင့်ရှိသူများသည် ဤပေါ်လစီ၏အကျိုးကိုခံစားခွင့် လုံးဝမရှိပါ။

Life Assurance Policy

Receipt No ——————————————– Policy No ——————————————–
Date ——————————————– Agent ——————————————–
  1. The Assured agrees with full knowledge that the statements and answers contained in the proposal and medical examination report form basis of the contract which will be made between him/her and this Company and that in case those statements and answers contain a false or untrue item or items, the contract (policy) shall become null and void.
  2. Having agreed accordingly, the Assured is bound to pay premiums as shown below and this Company undertakes and promises to pay the claim to the Assured or  the Assignee(s) subject to the benefits, conditions and endorsements contained in this Policy on the happening of the event for payment of claim stated below.
  3. This life assurance policy attaches from the time at which the first installment of the premium is received by this Company.
Policy No. Type of cover Sum assured . kyats Table     Term Years
Assured’s name Age at next birthday
Address Age admitted or not
Occupation Date of risk (inception Of Insurance)
Sum assured Premium
Kyats – Annual premiums . kyats
Installment.
Assignee(s) Due date(s) Annually
Event for payment of On maturity (            ) or Period for payment of Up to (                               )
claim on earlier death the sum permiums Or earlier death
assured will be paid
——————————————–

(Date)

——————————————–

(Managing Director)

Product Proposal Form

Download

အသက်အာမခံအကျိုးခံစားခွင့်ထုတ်လိုပါက ဆောင်ရွက်ရမည့်အချက်များ

(၁) အသက်အာမခံအကျိုးခံစားခွင့် အမျိုးအစားအလိုက် အောက်ပါအချက်အလက်များဖြင့် တောင်းခံပါရန်။

ချေးငွေ အမ်းငွေ နှစ်စေ့ သေဆုံး ထာဝစဉ်အစွမ်းမသန်
လျှောက်လွှာ တောင်းခံလွှာ တောင်းခံလွှာ အကျိုးခံစားခွင့်ရှိသူ၏ တောင်းခံလွှာ တောင်းခံလွှာ
အာမခံစာချူပ်မူရင်း အာမခံစာချူပ်မူရင်း အာမခံစာချူပ်မူရင်း အာမခံစာချူပ်မူရင်း အာမခံစာချူပ်မူရင်း
နိုင်ငံသားစိစစ်ရေး ကတ်ပြား မိတ္တူ နိုင်ငံသားစိစစ်ရေး ကတ်ပြားမိတ္တူ နိုင်ငံသားစိစစ်ရေး ကတ်ပြားမိတ္တူ သေစာရင်းမိတ္တူ (သို့) ဌာနဆိုင်ရာအဖွဲ့အစည်း ၏ အမိန့်ပြန်တမ်း ထာဝစဉ်အစွမ်းမသန်ဖြစ် ကြောင်းသက်ဆိုင်ရာ
ချေးငွေရှိပါကချေးငွေ စာချုပ် ချေးငွေရှိပါကချေးငွေ စာချုပ် အိမ်ထောင်စုဇယား မိတ္တူ ထာဝစဉ်အစွမ်းမသန်ဖြစ် ကြောင်းသက်ဆိုင်ရာ ဆေးရုံ၊ ဆရာဝန်၏ ထောက်ခံချက်
အကျိုးခံစားခွင့်ရှိသူ၏ နိုင်ငံသားစိစစ်ရေး ကတ်ပြားမိတ္တူ နိုင်ငံသားစိစစ်ရေး ကတ်ပြားမိတ္တူ
သေဆုံးသူ၏ နိုင်ငံသား စိစစ်ရေးကတ်ပြားမိတ္တူ

FREQUENTLY ASKED QUESTIONS

HOW CAN WE HELP YOU?

If you have any question, please inquiry to 09-269843974, 01-570521, 01-570998 and customerservices@fnilife.com

What is the Policy Term?

Policy Term – Minimum (5) years

  1. Proposal
  2. NRIC
  3. Passport Size Photo

The Endowment Life Insurance ranges from (50,000) MMK to (30,000,000) MMK.

The premium varies with the Age, Job , Preferred Sum Insured and duration.

The benefit is granted when:

  1. The insured person is dead
  2. After completion of Policy Term

Usually it takes approximately 60~90 minutes if all documents are available.

Yes, FNI (Life) has One Stop Service.

Premium Calculator