• Follow Us
PREMIUM CALCULATOR

အထူးခရီးသွားအာမခံ

အဝေးပြေးအမြန်လမ်းကြီးပေါ်တွင် မော်တော်ယာဉ်များအသုံးပြု၍ ခရီးသွားကြသောခရီးသည်များအတွက် ယာဉ်မတော်တဆ ထိခိုက်မှုကြောင့် ဒဏ်ရာရခြင်းနှင့်သေဆုံးခြင်းများအတွက် လျော်ကြေးအထောက်အပံ့ရရှိနိုင်သည့် အာမခံအမျိုးအစား ဖြစ်ပါသည်။

အာမခံထားငွေ (၁)ယူနစ်လျှင် ကျပ်သိန်း(၃၀)   (၂ ယူနစ်အထိဝယ်ယူနိုင်ပါသည်။)
အာမခံသက်တမ်း ခရီးစဉ်စတင်ချိန် မှ(၂၄)နာရီ

 

အထူးခရီးသွားအာမခံထားခြင်းအားဖြင့် ရရှိနိုင်သောအကျိုးခံစားခွင့်များမှာ
(၁) အာမခံထားငွေ(၁)ယူနစ်အတွက် ပရီမီယံကျပ်(၃၀၀) ပေးသွင်းထားသော ခရီးသည်တစ်ဉီးသေဆုံးခြင်းဖြစ်ခဲ့လျှင် ၎င်း၏အကျိုးခံစားခွင့် လွှဲပြောင်းခြင်းခံရသူထံသို့ ကျပ်သိန်း(၃၀) ပြန်လည်ထုတ်ပေးပါမည်။
(၂) ထိခိုက်ဒဏ်ရာရခြင်းအတွက် ဒဏ်ရာအခြေအနေပေါ်မူတည်၍ သတ်မှတ်ထားသော နှုန်းများအလိုက်  အမြင့်ဆုံး   (၂၄)သိန်း အထိ လျော်ကြေးခံစားခွင့် ရရှိပါမည်။

 

အထူးခရီးသွားအာမခံထားရန်လိုအပ်ချက်များမှာ
အဝေးပြေးယာဉ်လိုင်းများ ယာဉ်အမှတ်၊ Seat Plan နှင့် လူဉီးရေစာရင်း၊ အမည်စာရင်းနှင့် မှတ်ပုံတင် နံပါတ်များ၊ သွားရောက်မည့်ခရီးစဉ်နှင့်ထွက်ခွာချိန်
ကိုယ်ပိုင်ယာဉ်များ ယာဉ်အမှတ်၊ လိုက်ပါမည့်သူစာရင်းနှင့် မှတ်ပုံတင်အမှတ်များ၊ အကျိုးခံစားခွင့်လွှဲအပ်ခြင်း ခံရသူအမည်နှင့် မှတ်ပုံတင်အမှတ်၊သွားရောက်မည့် ခရီးစဉ်နှင့် ထွက်ခွာချိန်

ခရီးစဉ်အစမှအဆုံးထိ လိုက်ပါသောခရီးသည်များ ယာဉ်စီးနင်းလိုက်ပါစဉ် ယာဉ်ထိခိုက်မှုကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဒဏ်ရာရရှိခြင်းနှင့် သေဆုံးခြင်းများအတွက်သာ လျော်ကြေးအထောက်အပံ့ ရရှိပါမည်။

 

လျော်ကြေးတောင်းခံရာတွင် လိုအပ်သောအချက်များ
ဒဏ်ရာရလျှင်
  •  -သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဉီးစီးဌာနမှ ဆရာဝန်ထောက်ခံချက်
  • ဖြစ်ပွားရာဒေသမှ ပြည်သူ့ရဲတပ်ဖွဲ့ထောက်ခံချက်
  • တောင်းခံသူ(ကာယကံရှင်ကိုယ်တိုင်)၏နိုင်ငံသားစိစစ်ရေးကဒ်မိတ္တူမှန်
  • ခရီးသွားအာမခံထားရှိကြောင်းအထောက်အထား
သေဆုံးလျှင်
  •  သေစာရင်းမိတ္တူမှန်
  • သေဆုံးသူနှင့်အကျိုးခံစားခွင့်တောင်းခံသူတို့ပါဝင်သည့် အိမ်ထောင်စုစာရင်းမိတ္တူမှန်
  • တောင်းခံသူသည် သေဆုံးသူ၏အကျိူးခံစားခွင့်ရှိသူမှန်ကန်ကြောင်း နေထိုင်ရာဒေသ အာဏာပိုင်အဖွဲ့အစည်း၏ထောက်ခံချက်

 

လျော်ကြေးကိစ္စတစ်စုံတစ်ရာပေါ်ပေါက်ပါက

FNI သို့ ချက်ချင်းအကြောင်းကြားရန်ဖြစ်ပါသည်။

Product Proposal Form

FREQUENTLY ASKED QUESTIONS

HOW CAN WE HELP YOU?

If you have any question, please inquiry to 09-268022336, 01-570521, 01-570998 and customerservices@fnilife.com

အထူးခရီးသွားအာမခံကို မည်သို့သောသူများ အာမခံထားရှိနိုင်သလဲ။

အဝေးပြေးအမြန်လမ်းမကြီးပေါ်တွင် မော်တော်ယာဉ်များအသုံးပြုပြီး ခရီးသွားလာကြမည့် ခရီးသည်များမှ အထူးခရီးသွားအာမခံကို ဝယ်ယူထားရှိနိုင်မှာဖြစ်ပါတယ်။

အထူးခရီးသွားအာမခံတွင် ခရီးစဉ်စတင်ချိန်မှ ခရီးစဉ်အဆုံးသတ်ချိန်အထိ (၂၄) နာရီအတွင်း သတ်မှတ်ထားပါတယ်။

အထူးခရီးသွားအာမခံတွင် အာမခံကြေး (ပရီမီယံ) ကို တစ်ယူနစ်လျှင် (၃၀၀) ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် အများဆုံး (၂) ယူနစ်အထိ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Premium Calculator