• Follow Us
PREMIUM CALCULATOR

ပြင်းထန်သောရောဂါကုသမှုအာမခံ

လေဖြတ်ခြင်း၊ နှလုံးရပ်ခြင်း၊ ကင်ဆာစသည့် ပြင်းထန်သောရောဂါများကုသရမှု ကြုံရပါက အကျိုးခံစားခွင့်ပြန်လည်ရရှိနိုင်သော အာမခံ အမျိုးအစားဖြစ်ပါသည်။

အာမခံထားခွင့်ရှိသူ အသက်(၆)နှစ်မှ(၆၀)နှစ်အတွင်းရှိသူများ(တစ်ဦးချင်းသော်လည်းကောင်း၊အစုအဖွဲ့လိုက် သော်လည်းကောင်းထားရှိနိုင်ပါသည်။)
အာမခံသက်တမ်း (၁) နှစ်
ပရီမီယံနှုန်း (၁) ယူနစ် မှ (၁၀) ယူနစ်အထိအများဆုံးဝယ်ယူနိုင်ပြီး အာမခံထား သူ ၏ အသက် နှင့်ဝယ်ယူသောယူနစ် အပေါ်မူတည်၍ ပရီမီယံနှုန်းထားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ပြင်းထန်သောရောဂါကုသမှုအာမခံပရီမီယံနှုန်းဇယား

စဉ် အာမခံအကာအကွယ် အသက်  တစ်ဦးချင်းထားရှိမှု အစုအဖွဲ့လိုက်ထားရှိမှု
၆လ
တစ်ကြိမ်ပေး
တစ်လုံး
တည်းပေး
၃လ
တစ်ကြိမ်ပေး
၆လ
တစ်ကြိမ်ပေး
တစ်လုံး
တည်းပေး
၁။ ပြင်းထန်သော ရောဂါ ကုသမှုအာမခံအကာအကွယ် – ၁ ယူနစ် ၆ ~၃၀ ၄,၅၀၀ ၈,၈၀၀ ၂,၂၀၀ ၄,၃၀၀ ၈,၄၀၀
၃၁~၄၀ ၇,၈၀၀ ၁၅,၄၀၀ ၃,၉၀၀ ၇,၄၀၀ ၁၄,၆၀၀
၄၁~၅၀ ၁၂,၃၀၀ ၂၄,၂၀၀ ၆,၁၀၀ ၁၁,၇၀၀ ၂၃,၀၀၀
၅၁~၆၀ ၁၉,၀၀၀ ၃၇,၄၀၀ ၉,၄၀၀ ၁၈,၁၀၀ ၃၅,၅၀၀

ပြင်းထန်သောရောဂါကုသမှု အာမခံထားခြင်းဖြင့် အောက်ဖော်ပြပါရောဂါများ မမျှော်လင့်ဘဲကြုံတွေ့ရပါက အကျိုးခံစားခွင့် ပြန်လည်တောင်းခံနိုင်ပါသည်။

စဉ် အာမခံအကာအကွယ်  လျော်ကြေးပေးချေရမည့်အကြောင်းရင်း  အကျိုးခံစားခွင့်ငွေ
၁။ ပြင်းထန်သော ရောဂါကုသမှု အာမခံအကာအကွယ် – (၁) ယူနစ် ၁။ Heart Attack (နှလုံးရပ်ခြင်း)

၂။ Stroke (လေဖြတ်ခြင်း)

၃။ Cancer-Life – threatening-(ကင်ဆာ)

၄။ Renal Failure (ကျောက်ကပ်ပျက်စီးခြင်း)

၅။ Major Organ Transplant -ကိုယ်တွင်းအင်္ဂါ အစားထိုးကုသခြင်း

၆။ Heart Valve Replacement or Repair (နှလုံးအဆို့ရှင်အစားထိုးခြင်း (သို့) ပြုပြင်ခြင်း)

၇။ Coronary Artery bypass surgery (လမ်းကြောင်းလွှဲ၍ နှလုံးခွဲစိတ်ကုသခြင်း)

၈။ Severe Burns –ပြင်းထန်စွာမီးလောင်ခြင်း

၉။ Coma -သတိမေ့ခြင်း

၁၀။ Bacterial Meningitis (ဘက်တီးရီးယားကြောင့်ဖြစ်သော ဦးနှောက်အမြှေးရောင်ခြင်း)

၁၀ သိန်းကျပ်
၂။ သေဆုံးခြင်း (၁) ယူနစ် သေဆုံးသည့်အခါ (သို့သော်အထက်ဖော်ပြပါ ပြင်းထန်ရောဂါကြောင့် အကျိုးခံစားခွင့်ပေးချေထားပြီး အခြေအနေ ဖြစ်ပါက အာမခံစာချုပ်သည်ပျောက်ပျက်သွားမည်ဖြစ်ပြီး သေဆုံးမှုအကျိုးခံစားခွင့် ရရှိမည်မဟုတ်ပါ။) ၁၀ သိန်းကျပ်

အကျိုးခံစားခွင့်အကျုံးမဝင်သည့်အချက်များ

အောက်ဖော်ပြပါကိစ္စရပ်တစ်ခုခုနှင့် ပတ်သက်၍ တိုက်ရိုက်ဖြစ်စေ ၊ သွယ်ဝိုက်၍ဖြစ်စေ ဖြစ်ပေါ်ခံစားရသော ပြင်းထန်သောရောဂါ (သို့) ‌သေဆုံးခြင်းတို့အတွက် အကျိုးခံစားခွင့် အကျုံးဝင်မည်မဟုတ်ပါ။

(၁) ဆေးကုသမှုခံယူနေခြင်း ၊ ဆေးကုသရန် ဆရာဝန်၏ထောက်ခံချက်ရရှိထားခြင်း ၊ ရောဂါလက္ခဏာရှိပြီးသားဖြစ်နေခြင်း။
(၂) စိတ်ပေါ့သွပ်ခြင်း၊ စိတ်ရောဂါဝေဒနာများကြောင့်ဖြစ်ခြင်း။
(၃) ကျန်းမာရေးဆေးစစ်ရန်နှင့် အနားယူအားမွေးရန် ဆေးရုံတက်ခြင်း။
(၄) အလှအပအတွက်ဖြစ်ခြင်း။
(၅) နားကြားကိရိယာတပ်ဆင်ရန်အတွက် ဖြစ်ခြင်း။
(၆) ကိုယ်ခန္ဓာချို့ယွင်းခြင်း (သို့) မသန်စွမ်းခြင်း။
(၇) မူးယစ်ဆေးဝါးသုံးစွဲခြင်း။
(၈) ကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်း။
(၉) AIDS/HIV ဖြစ်ခြင်း။
(၁၀) အကြမ်းဖက်ဖျက်ဆီးခြင်း၊ အဓိကရုဏ်း၊ စစ်နှင့်စစ်အသွင်ဖြစ်ပွားခြင်း။
(၁၁) လိမ်လည်တောင်းခံသည့်ဖြစ်ရပ်များ။
(၁၂) မိမိကိုယ်ကိုသတ်သေခြင်း။ (သို့) မိမိကိုယ်ကိုဒဏ်ရာအနာတရဖြစ်အောင်ပြုလုပ်ခြင်း။
(၁၃) ပြင်းထန်သောရောဂါကုသမှုတွင် အာမခံစသည့်နေ့ ( သက်တမ်းဆက်ထားသည့် စာချုပ်ဖြစ်ပါက သက်တမ်းမဆက်မီ စာချုပ်၏ အာမခံစသည့်နေ့) မှ စပြီးရက်ပေါင်း (၉၀) အတွင်း ရောဂါအမည်သတ်မှတ်ခံရသည့် ကင်ဆာဖြစ်သောအလုံးအကျိတ် (Malignant Tumor) ကိုကုသခြင်း။
(၁၄) ကင်ဆာရောဂါအတွက် ပြင်းထန်သောရောဂါကုသမှုတွင် Carcinoma in situ / Intraepithelial Neoplasm (အက်ပီသီလျှမ်အလွှာတွင်း အလုံးအကျိတ် အရေပြား၊ အသက်ရှူ ၊ အစာနှင့် ဆီးလမ်းကြောင်းတို့၏ အခေါင်းအင်္ဂါလမ်းကြောင်း အားလုံးရှိ အက်ပီသီလျှမ်ဆဲလ်အလွှာတွင် အလုံးအကျိတ်ဖြစ်ပွားခြင်း) ။
(၁၅) Coma ရောဂါ-သတိမေ့ခြင်းအတွက် သုံးသောဆေးများ လွန်ကဲရာမှဖြစ်ပေါ်လာသော သတိမေ့ခြင်း၊ ဦးနှောက်သေဆုံးခြင်းကြောင့် သတိမေ့ခြင်း။
(၁၆) Bacterial Meningitis – ဘက်တီးရီးယားကြောင့်ဖြစ်သော ဦးနှောက်အမြှေးရောင်ရောဂါတွင် ဗိုင်းရပ်(စ်)ကြောင့်ဖြစ်သော ဦးနှောက် အမြှေးရောင်ခြင်း။

အာမခံထားရှိလိုပါက
FNI (Life) ရုံးချုပ် နှင့် ရုံးခွဲများသို့လည်းကောင်း၊ FNI (Life) နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော အာမခံကိုယ်စားလှယ်များသို့ လည်းကောင်း ဆက်သွယ်၍ အာမခံထားရှိနိုင်ပါသည်။

လျော်ကြေးကိစ္စ တစ်စုံတစ်ရာပေါ်ပေါက်ပါက
FNI (Life) သို့ ချက်ချင်းအကြောင်းကြားရန်ဖြစ်ပါသည်။

ပြင်းထန်သောရောဂါကုသမှုအာမခံ စည်းကမ်းချက်များ

အကျိုးခံစားခွင့်များ
၁။ နှလုံးရပ်ခြင်း၊ လေဖြတ်ခြင်း၊ ကင်ဆာ၊ ကျောက်ကပ်ပျက်စီးခြင်း၊ အစားထိုးကုသခြင်း၊ နှလုံးအဆို့ရှင်အစားထိုးခြင်း (သို့) ပြုပြင်ခြင်း၊ နှလုံးခွဲစိတ်ကုသခြင်း၊ ပြင်းထန်စွာမီးလောင်ခြင်း၊ သတိမေ့ခြင်း၊ ဘက်တီးရီးယားကြောင့်ဖြစ်သော ဦးနှောက်အမြှေးရောင်ခြင်း၊
၂။  မတော်တဆမှုကြောင့်သေဆုံးခြင်း၊
လျော်ကြေးအကျုံးမဝင်သည့် အချက်များ

အောက်ဖော်ပြပါကိစ္စရပ်တစ်ခုခုနှင့်ပတ်သက်၍ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဖြစ်ပေါ်ခံစားရသော ပြင်းထန်သောရောဂါ (သို့) သေဆုံးခြင်းအတွက် လျော်ကြေးအကျုံးဝင်မည်မဟုတ်ပါ။

(၁) ဆေးကုသမှုခံယူနေခြင်း၊ ဆေးကုသရန်ဆရာဝန်၏ထောက်ခံချက်ကိုရရှိထားခြင်း၊ ရောဂါလက္ခဏာရှိပြီးသား ဖြစ်နေခြင်း၊
(၂) စိတ်ပေါ့သွပ်ခြင်း၊ စိတ်ရောဂါဝေဒနာများကြောင့်ဖြစ်ခြင်း၊
(၃) ကျန်းမာရေးဆေးစစ်ရန်နှင့် အနားယူအားမွေးရန် ဆေးရုံတက်ခြင်း၊
(၄) သားသမီးရလိုမှုဖြင့် ဆေးရုံတက်ခြင်းနှင့် ခွဲစိတ်ကုသခြင်း၊
(၅) အလှအပအတွက်ဖြစ်ခြင်း၊
(၆) နားကြားကိရိယာ တပ်ဆင်ရန်အတွက်ဖြစ်ခြင်း၊
(၇) ကိုယ်ခန္ဓာချို့ယွင်းခြင်း (သို့မဟုတ်) မသန်စွမ်းခြင်း၊
(၈) မူးယစ်ဆေးဝါးသုံးစွဲခြင်း၊
(၉) ကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်း၊
(၁၀) AIDS/HIV ဖြစ်ခြင်း၊
(၁၁) လိမ်လည်တောင်းခံသည့် ဖြစ်ရပ်များ၊
(၁၂) အကြမ်းဖက်ဖျက်ဆီးခြင်း၊ အဓိကရုဏ်း၊ စစ်နှင့်စစ်အသွင်ဖြစ်ပွားခြင်း (စစ်ပြုခြင်းများ၊ စစ်ပွဲကဲ့သို့ တိုက်ခိုက်ခြင်း၊ စစ်တပ်(သို့မဟုတ်) အာဏာသိမ်းခြင်းနှင့် ဖော်ပြပါ အဖြစ်အပျက်တစ်ခုခု၏ တိုက်ရိုက်(သို့မဟုတ်) သွယ်ဝိုက် သောအကျိုးသက်ရောက်မှု တစ်ရပ်ရပ်ကြောင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ နီးကပ်စွာသော်လည်းကောင်း၊ ဝေးလံစွာသော်လည်းကောင်း ဖြစ်ပေါ်စေသော၊ အားပေးသော၊ အခြေခံသော၊ ပေါ်ပေါက်သော မည်သည့်မတော်တဆ ဖြစ်ပွားခြင်း၊ ဆုံးရှုံးခြင်း၊ ပျက်စီးခြင်း)၊
(၁၃) မိမိကိုယ်ကို သတ်သေခြင်း (သို့မဟုတ်) မိမိကိုယ်ကို ဒဏ်ရာအနာတရဖြစ်အောင်ပြုလုပ်ခြင်း၊
(၁၄) အာမခံစသည့်နေ့ (သက်တမ်းဆက်ထားသည့် စာချုပ်ဖြစ်ပါက သက်တမ်းမဆက်မီ စာချုပ်၏ အာမခံစသည့် နေ့) မှစပြီး ရက်ပေါင်း(၉၀)အတွင်း ရောဂါအမည် သတ်မှတ်ခံရသည့် ကင်ဆာဖြစ်သော အလုံးအကျိတ်ကို ကုသခြင်း၊
(၁၅) အက်ပီသီလျှမ်အလွှာအတွင်း အလုံးအကျိတ်၊ အရေပြား၊ အသက်ရှူ၊ အစာနှင့်ဆီးလမ်းကြောင်းတို့၏ အခေါင်း အင်္ဂါလမ်းကြောင်းအားလုံးရှိ အက်ပီသီလျှမ်အလွှာတွင် အလုံးအကျိတ်ဖြစ်ပွားခြင်း၊
စည်းကမ်းချက်များ
၁။ အဆိုလွှာပါ ဖော်ပြချက်များတွင် ပေါ့ဆစွာဖော်ပြခြင်း၊ မှားယွင်းစွာဖော်ပြခြင်း၊ တမင်ရည်ရွယ်ချက်ဖြင့် လွဲမှားစွာဖော်ပြ ခြင်း၊ ထိန်ချန်ခြင်း၊ လိမ်လည်ခြင်းစသည့် မမှန်မကန်ဖော်ပြခြင်းများရှိပါက အကျိုးခံစားခွင့်များ ဆုံးရှုံးမည်။
၂။ ပရီမီယံပေးသွင်းသည့် အချိန်မှစ၍ အာမခံသက်တမ်းစပြီး၊ သက်တမ်း(၁)နှစ် ပြည့်မြောက်သည့်နေ့၏ ည(၁၂) နာရီတွင် သက်တမ်းကုန်ဆုံးမည်။
၃။ အာမခံထားသူက အာမခံစာချုပ်ရပ်စဲပါက ပရီမီယံအမ်းငွေ ခံစားခွင့်မရှိပါ။ အာမခံလက်ခံသူက ရပ်စဲလျှင် ကျန်ကာလ အတွက် ရက်တွက်နှုန်းဖြင့် ပရီမီယံပြန်အမ်းမည်။
၄။ ပထမအကြိမ် ပရီမီယံပေးသွင်းပြီးနောက် ကျန်ကာလများအတွက် ပရီမီယံပေးသွင်းမှုစနစ်အရ ပေးသွင်းရမည့် သတ်မှတ်ရက်၏ နောက်တစ်နေ့မှ (၁၅) ရက်အတွင်း ပေးသွင်းရမည်ဖြစ်ပြီး၊ လျော်ကြေးဖြစ်ပွားပါက အကျိုးခံစားခွင့်ပေးမည့် ငွေထဲမှ မပေးချေရသေးသည့် ပရီမီယံကို ခုနှိမ်ပေးလျော်မည်။
၅။ စောင့်ဆိုင်းကာလကို ကျော်လွန်သွားပါက အာမခံစာချုပ်သည် စောင့်ဆိုင်းကာလပြည့်သည့်နေ့၏ နောက်တစ်နေ့မှစပြီး အကျိုးသက်ရောက်မှု ပျက်ပြယ်မည်ဖြစ်သည်။
၆။ သက်တမ်းဆက် အာမခံစာချုပ်များအတွက် သက်တမ်းပြန်စသည့် ကြားကာလတွင် ပရီမီယံပေးသွင်းရန် စောင့်ဆိုင်းကာလမရှိပါ။
၇။ အကျိုးခံစားခွင့် တောင်းခံခြင်းအတွက် ဤကုမ္ပဏီမှ ထပ်မံတောင်းခံသော လိုအပ်ချက်များကို အကျိုးခံစားခွင့် တောင်းခံ သူမှ (၃)လအတွင်း တင်ပြနိုင်ခြင်းမရှိပါက အကျိုးခံစားခွင့် ဆုံးရှုံးမည်။
၈။ အာမခံထားရှိပြီး (၁)လအတွင်း အကျိုးခံစားခွင့် တောင်းခံလာသော ဖြစ်ရပ်များအတွက် ဤကုမ္ပဏီ၏ ကျွမ်းကျင်သူ များမှထပ်မံ စစ်ဆေးမည်ဖြစ်သည်။

ပြင်းထန်သောရောဂါကုသမှုအာမခံပေါ်လစီ

ကိုယ်စားလှယ်အမည် ———————– ပေါ်လစီအမှတ် ———————–
ကိုယ်စားလှယ်အမှတ် ———————– ရက်စွဲ ———————–
အာမခံထားသူအမည် ——————————————————————————-
နိုင်ငံသားစိစစ်ရေး/နိုင်ငံကူးလက်မှတ်အမှတ် ——————————————————————————-
အသက် ——————————————————————————-
အလုပ်အကိုင် ——————————————————————————-
နေရပ်လိပ်စာ ——————————————————————————-
ဖုန်းနံပါတ် ——————————————————————————-
ဝယ်ယူသည့်ယူနစ်အရေအတွက် —————————– Unit(s)
ပရီမီယံကြေးပေးသွင်းသည့်စနစ် ——————————————————————————-
၁နှစ်ကျသင့်ပရီမီယံ ———————-/ကျပ်  (———————————— ကျပ်တိတိ)
ပေးသွင်းပရီမီယံ ———————-/ကျပ်  (———————————— ကျပ်တိတိ)
အာမခံသက်တမ်း ————Year  From ———————- To ————————
အကျိုးခံစားခွင့်လွှဲပြောင်းခံရသူအမည် ——————————————————————————-
နိုင်ငံသားစိစစ်ရေး/နိုင်ငံကူးလက်မှတ်အမှတ် ——————————————————————————-
အသက် ——————————————————————————-
တော်စပ်ပုံ ——————————————————————————-
နေရပ်လိပ်စာ ——————————————————————————-
ဖုန်းနံပါတ် ——————————————————————————-
အာမခံထားသူကပေးသွင်းသော ပရီမီယံကိုအကြောင်းပြု၍ အာမခံထားသူသည် အထက်ဖော်ပြပါ အာမခံသက်တမ်းအတွင်း ပြင်းထန်သော ရောဂါရရှိခြင်း (သို့မဟုတ်) သေဆုံးခြင်းအတွက် ၎င်းဝယ်ယူထားသော ယူနစ်အရေအတွက်အလိုက် ကျသင့်ငွေကြေးကို ဤအာမခံစာချုပ်ပါ စည်းကမ်းချက်များ၊ နောက်ပြုလုပ်ကောင်းပြုလုပ်မည့် ပြင်ဆင်ချက်များနှင့်အညီ အာမခံထားသူ(သို့မဟုတ်) အကျိုးခံစားခွင့်လွှဲပြောင်းခံရသူသို့ ပေးလျော်ရန် ဤအာမခံကုမ္ပဏီက တာဝန်ယူကတိပြုပါသည်။

အခွင့်အာဏာရအရာရှိ

Product Proposal Form

Download

ပြင်းထန်သောရောဂါကုသမှုအာမခံ လျော်ကြေးပေါ်ပေါက်ပါက ဆောင်ရွက်ရမည့်အချက်များ

ပြင်းထန်သောရောဂါကုသခြင်း-
၁။ အကြောင်းကြားစာ  (Claim ဖြစ်သူ Customer)။
၂။ တောင်းခံလွှာ  (Claims Form)။
၃။ Policy
၄။ မှတ်ပုံတင်မိတ္တူ (Claim ဖြစ်သူ Customer)။
၅။ ဆေးမှတ်တမ်းစာအုပ်  (ပြင်းထန်သောရောဂါ(၁၀)မျိုး ပါဝင်ရမည်)  (ပြည်ပတွင် ဖြစ်ပွားပါက ဆေးမှတ်တမ်းအား ဘာသာပြန်ပေးရပါမည်)။
၆။ ဆရာဝန်၏ ဆေးစစ်ချက် ထောက်ခံစာ။
သေဆုံးခြင်း-
၁။ အကြောင်းကြားစာ (အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။
၂။ တောင်းခံလွှာ (Claims Form)။
၃။ Policy စာချုပ်မူရင်း။
၄။ မှတ်ပုံတင်မိတ္တူ (သေဆုံးသူ ၊ အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။
၅။ ဆေးမှတ်တမ်းစာအုပ် (ပြင်းထန်သောရောဂါ(၁၀)မျိုး ပါဝင်ရမည်)  (ပြည်ပတွင် ဖြစ်ပွားပါကဆေးမှတ်တမ်းအား ဘာသာပြန် ပေးရပါမည်)။
၆။ ဆရာဝန်၏ ဆေးစစ်ချက် ထောက်ခံစာ။
၇။ နာရေးဖိတ်စာ။
၈။ သန်းခေါင်စာရင်း။
၉။ Death Certificate (ပြည်ပတွင် ဖြစ်ပွားပါက Death Certificate အား ဘာသာပြန်ပေးရပါမည်)။
၁၀။ Police case ဖြစ်ပါက ရဲစခန်းထောက်ခံစာ (ပြည်ပတွင် ဖြစ်ပွားပါက ထောက်ခံစာအား ဘာသာပြန်ပေးရပါမည်)။

အာမခံထားသည့် လူပုဂ္ဂိုလ် (သို့မဟုတ်) အကျိုးခံစားခွင့်ရှိသူမှ ဆောင်ရွက်ရန်အဆင်မပြေပါက အဆိုပါပုဂ္ဂိုလ်မှ အခြားတစ်ဦးသို့ အကျိုးခံစားခွင့်လွှဲပြောင်းလုပ်ဆောင်ခွင့်ပြုကြောင်း အာမခံကုမ္ပဏီသို့ အကြောင်းကြားစာ ပါရှိရမည်။

FREQUENTLY ASKED QUESTIONS

HOW CAN WE HELP YOU?

If you have any question, please inquiry to 09-269843974, 01-570521, 01-570998 and customerservices@fnilife.com

What is the Policy Term?

Policy Term – (1) year

  1. Proposal
  2. NRC
  3. Passport Size Photo

Premium varies with Age and the quantity of the Unit.

It can be bought for both.

It can be claimed one time.

Usually it takes approximately 60~90 minutes if all documents are available.

Yes, FNI (Life) has One Stop Service.

Premium Calculator