• Follow Us
PREMIUM CALCULATOR

လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံ

ရောဂါကြောင့်သော်လည်းကောင်း၊ မတော်တဆထိခိုက်မှုကြောင့်သော်လည်းကောင်း၊ ဆေးရုံတက်၍ကုသမှုခံယူခြင်း၊ မတော်တဆ မှုကြောင့် သေဆုံးခြင်းများအတွက် အကျိုးခံစားခွင့်ပြန်လည်ရရှိနိုင်သော အာမခံအမျိုးအစားဖြစ်ပါသည်။

အာမခံထားနိုင်သူ အသက် (၆) နှစ် မှ (၇၅) နှစ် အတွင်းရှိသူများ။
(တစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့ဖြင့်သော်လည်းကောင်း ထားရှိနိုင်ပါသည်။)
အာမခံသက်တမ်း (၁) နှစ်။
ပရီမီယံနှုန်း အာမခံထားသူ၏ အသက်အရွယ်ပေါ်မူတည်၍ ပရီမီယံနှုန်းကွဲပြားမှုရှိပါသည်။

လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံပရီမီယံ

စဉ်  အာမခံအကာအကွယ်  အသက်  ပရီမီယံ
၁။ လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံအကာအကွယ် ၆ ~ ၃၀ ၅,၀၀၀
၃၁ ~ ၄၀ ၅,၅၀၀
၄၁ ~ ၅၀ ၆,၅၀၀
၅၁ ~ ၆၀ ၈,၅၀၀
၆၁ ~ ၇၅ ၁၃,၀၀၀

အကျိုးခံစားခွင့်ရရှိနိုင်မှုအခြေအနေများ

စဉ်  အာမခံအကာအကွယ်  အာမခံအကျိုးခံစားခွင့်  အကျိုးခံစားခွင့်ငွေ (ကျပ်)
၁။ လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှု အာမခံအကာအကွယ်
  • ရောဂါကြောင့်ဆေးရုံတက်ကုသခြင်း
  • မတော်တဆမှုကြောင့်ဆေးရုံတက်ကုသခြင်း
တစ်နှစ်လျှင် ဆေးရုံတက်ရက် (၁) ရက် ကျပ် ၅,၀၀၀/-
အများဆုံးရက်ပေါင်း (၆၀) ထိသာ
  • မတော်တဆမှုကြောင့်ထိခိုက် သေဆုံးခြင်း
ကျပ် ၅၀၀,၀၀၀/-

အကျိုးခံစားခွင့်အကျုံးမဝင်သည့်အချက်များ

အောက်ဖော်ပြပါ ကိစ္စရပ်တစ်ခုခုနှင့်ပတ်သက်၍ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဖြစ်ပေါ်ခံစားရသော ဒဏ်ရာရခြင်း၊ ရောဂါရရှိခြင်း၊ ဆေးရုံတက်ရောက်ခြင်း၊ မတော်တဆမှုတို့ကြောင့်သေဆုံးခြင်းတို့အတွက် အကျိုးခံစားခွင့် အကျုံးဝင်မည်မဟုတ်ပါ။

(၁) ဆေးကုသမှုခံယူနေခြင်း၊ ဆေးကုသရန် ဆရာဝန်၏ထောက်ခံချက်ရရှိထားခြင်း၊ ရောဂါလက္ခဏာရှိပြီးသား ဖြစ်နေခြင်း။
(၂) စိတ်ပေါ့သွပ်ခြင်း၊ စိတ်ရောဂါဝေဒနာများကြောင့်ဖြစ်ခြင်း။
(၃) ကျန်းမာရေးဆေးစစ်ရန် နှင့် အနားယူအားမွေးရန် ဆေးရုံတက်ခြင်း။
(၄) သားသမီးရလိုမှုဖြင့် ဆေးရုံတက်ခြင်း နှင့် ခွဲစိတ်ကုသခြင်း။
(၅) မတော်တဆထိခိုက်ဒဏ်ရာရခြင်းမှအပဖြစ်သော သွားနှင့်ပတ်သက်သည့် ကုသမှုအတွက်ဖြစ်ခြင်း။
(၆) မတော်တဆထိခိုက်ဒဏ်ရာရခြင်းမှအပဖြစ်သော မျက်မှန်အပါအဝင်၊ မျက်စိစမ်းသပ်ခြင်း၊ အမြင်သွေဖယ်ခြင်း၊ မျက်စိကုသခြင်း၊ အမြင်အာရုံကောင်းမွန်လာအောင်ပြုပြင်ရန်ဖြစ်ခြင်း။
(၇) အလှအပအတွက်ဖြစ်ခြင်း။
(၈) နားကြားကိရိယာတပ်ဆင်ရန်အတွက် ဖြစ်ခြင်း။
(၉) ကိုယ်ခန္ဓာချို့ယွင်းခြင်း (Physical Defect) (သို့မဟုတ်) မသန်စွမ်းခြင်း (Infirmity) ။
(၁၀) မူးယစ်ဆေးဝါးသုံးစွဲခြင်း။
(၁၁) ကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်း။
(၁၂) AIDS/HIV ဖြစ်ခြင်း။
(၁၃) အကြမ်းဖက်ဖျက်ဆီးခြင်း၊ အဓိကရုဏ်း၊ စစ်နှင့်စစ်အသွင်ဖြစ်ပွားခြင်း။
(၁၄) ရောဂါကြောင့် ဆေးရုံတက်ရက်ပေါင်းသည် (၃) ရက်နှင့်အောက်ဖြစ်သောဆေးကုသမှုများ။
(၁၅) လိမ်လည်တောင်းခံသည့်ဖြစ်ရပ်များ။
(၁၆) မိမိကိုယ်ကိုသတ်သေခြင်း။

အာမခံထားရှိလိုပါက
FNI (Life) ရုံးချုပ် နှင့် ရုံးခွဲများသို့လည်းကောင်း၊ FNI (Life) နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော အာမခံကိုယ်စားလှယ်များသို့ လည်းကောင်း ဆက်သွယ်၍ အာမခံထားရှိနိုင်ပါသည်။

လျော်ကြေးကိစ္စတစ်စုံတစ်ရာပေါ်ပေါက်ပါက FNI (Life) သို့ချက်ချင်းအကြောင်းကြားရန်ဖြစ်ပါသည်။

လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံ စည်းကမ်းချက်များ

အကျိုးခံစားခွင့်များ

၁။ ရောဂါကြောင့်(သို့မဟုတ်) မတော်တဆမှုကြောင့် ဆေးရုံတက်ခြင်းအတွက် ဆေးရုံတက်ရက် (၁)ရက်လျှင် (၅,၀၀၀/-)ကျပ်
(အများဆုံးရက်ပေါင်း (၆၀)ထိသာ)
၂။  မတော်တဆမှုကြောင့် သေဆုံးခြင်းအတွက် (၅၀၀,၀၀၀/-) ကျပ်

လျော်ကြေးအကျုံးမဝင်သည့် အချက်များ

၁။  ဆေးကုသမှုခံယူနေခြင်း၊ ဆေးကုသရန် ဆရာဝန်၏ ထောက်ခံချက်ကို ရရှိထားခြင်း၊ ရောဂါလက္ခဏာရှိပြီးသားဖြစ်နေခြင်း၊
၂။  စိတ်ပေါ့သွပ်ခြင်း၊ စိတ်ရောဂါဝေဒနာများကြောင့်ဖြစ်ခြင်း၊
၃။ ကျန်းမာရေးဆေးစစ်ရန်နှင့် အနားယူအားမွေးရန် ဆေးရုံတက်ခြင်း၊
၄။ သားသမီးရလိုမှုဖြင့် ဆေးရုံတက်ခြင်းနှင့် ခွဲစိတ်ကုသခြင်း၊
၅။ မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းမှ အပဖြစ်သော သွားနှင့်ပတ်သက်သည့် ကုသမှုအတွက်ဖြစ်ခြင်း၊
၆။  မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းမှ အပဖြစ်သော မျက်မှန်အပါအဝင် မျက်စိစမ်းသပ်ခြင်း၊ အမြင်သွေဖယ်ခြင်း၊ မျက်စိကုသခြင်း၊ အမြင်အာရုံကောင်းမွန်လာအောင် ပြုပြင်ရန်ဖြစ်ခြင်း၊
၇။  အလှအပအတွက်ဖြစ်ခြင်း၊
၈။  နားကြားကိရိယာ တပ်ဆင်ရန်အတွက်ဖြစ်ခြင်း၊
၉။ ကိုယ်ခန္ဓာချို့ယွင်းခြင်း (သို့မဟုတ်) မသန်စွမ်းခြင်း၊
၁၀။ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊
၁၁။ ကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်း၊
၁၂။  AIDS/HIV ဖြစ်ခြင်း၊
၁၃။  အကြမ်းဖက်ဖျက်ဆီးခြင်း၊ အဓိကရုဏ်း၊ စစ်နှင့်စစ်အသွင်ဖြစ်ပွားခြင်း (စစ်ပြုခြင်းများ၊ စစ်ပွဲကဲ့သို့ တိုက်ခိုက်ခြင်း၊ စစ်တပ် (သို့မဟုတ်) အာဏာသိမ်းခြင်းနှင့် ဖော်ပြပါ အဖြစ်အပျက်တစ်ခုခု၏ တိုက်ရိုက်(သို့မဟုတ်) သွယ်ဝိုက်သော အကျိုးသက်ရောက်မှုတစ်ရပ်ရပ်ကြောင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ နီးကပ်စွာသော်လည်းကောင်း၊ ဝေးလံစွာသော်လည်းကောင်း ဖြစ်ပေါ်စေသော၊ အားပေးသော၊ အခြေခံသော၊ ပေါ်ပေါက်သော မည်သည့်မတော်တဆဖြစ်ပွားခြင်း၊ ဆုံးရှုံးခြင်း၊ ပျက်စီးခြင်း)၊
၁၄။ ရောဂါကြောင့် ဆေးရုံတက်ရက်ပေါင်းသည် (၃)ရက်နှင့်အောက်ဖြစ်သော ဆေးကုသမှုများ၊
၁၅။  လိမ်လည်တောင်းခံသည့်ဖြစ်ရပ်များ၊
၁၆။  မိမိကိုယ်ကို သတ်သေခြင်း (သို့မဟုတ်) မိမိကိုယ်ကို ဒဏ်ရာအနာတရဖြစ်အောင် ပြုလုပ်ခြင်း၊

စည်းကမ်းချက်များ

၁။  အဆိုလွှာပါ ဖော်ပြချက်များတွင် ပေါ့ဆစွာဖော်ပြခြင်း၊ မှားယွင်းစွာဖော်ပြခြင်း၊ တမင်ရည်ရွယ်ချက်ဖြင့် လွဲမှားစွာဖော်ပြခြင်း၊ ထိန်ချန်ခြင်း၊ လိမ်လည်ခြင်းစသည့် မမှန်မကန်ဖော်ပြခြင်းများရှိပါက အကျိုးခံစားခွင့်များ ဆုံးရှုံးမည်။
၂။ ပရီမီယံပေးသွင်းသည့် အချိန်မှစ၍ အာမခံသက်တမ်းစပြီး၊ သက်တမ်း(၁)နှစ် ပြည့်မြောက်သည့်နေ့၏ ည(၁၂) နာရီတွင် သက်တမ်းကုန်ဆုံးမည်။
၃။  ဆေးရုံတက်ရောက်ရပါက ဤကုမ္ပဏီသို့ ကြိုတင်အကြောင်းကြားရမည်ဖြစ်ပြီး၊ ဆေးရုံဆင်းသည့်နေ့မှစ၍ အလုပ်လုပ်ရက် (၁၀)ရက်အတွင်း လိုအပ်သော စာရွက်စာတမ်းများနှင့်တကွ အကျိုးခံစားခွင့် တောင်းခံရမည်။ ဤကုမ္ပဏီမှ ထပ်မံတောင်းခံသော လိုအပ်ချက်များကို အကျိုးခံစားခွင့်တောင်းခံသူမှ (၃)လအတွင်း တင်ပြနိုင်ခြင်းမရှိပါက အကျိုးခံစားခွင့် ဆုံးရှုံးမည်။

လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံလက်မှတ်

ကိုယ်စားလှယ်အမည် ——————————————– အာမခံလက်မှတ်အမှတ် ——————————————–
ကိုယ်စားလှယ်အမှတ် ——————————————– ရက်စွဲ ——————————————–
၁။ အာမခံထားသူအမည် —————————————————— အဖအမည် ———————————————-
၂။ အသက် (———————————)နှစ်

—————————— ရက်၊ ———————————လ၊ ——————————— ခုနှစ် ။

၃။ နိုင်ငံသားစိစစ်ရေးကဒ်အမှတ် ——————————————————————————————————————-
၄။ အလုပ်အကိုင် ——————————————————————————————————————-
၅။ ဆက်သွယ်ရန်လိပ်စာ ——————————————————————————————————————-
၆။ ဖုန်းနံပါတ် ——————————————————————————————————————-
၇။ အာမခံသက်တမ်း ——————————————————————————————————————-
၈။ အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ၏အမည် —————————————————— အဖအမည် ———————————————-
အသက် ——————————————————————————————————————-
နိုင်ငံသားစိစစ်ရေးကဒ်အမှတ် ——————————————————————————————————————-
တော်စပ်ပုံ ——————————————————————————————————————-
ဆက်သွယ်ရန်လိပ်စာ ——————————————————————————————————————-
ဖုန်းနံပါတ် ——————————————————————————————————————-

ဝန်ခံချက်

အထက်ဖော်ပြပါ ဖြည့်စွက်ချက်များ မှန်ကန်ပါကြောင်းနှင့် မိမိ၏လက်ရှိ ကျန်းမာရေးအခြေအနေမှာကောင်းမွန်ကြောင်း ဝန်ခံကတိပြုပါသည်။

အာမခံထားရှိသူပေးသွင်းသော ပရီမီယံကို အကြောင်းပြု၍ အာမခံသက်တမ်းအတွင်း မတော်တဆထိခိုက်မှုကြောင့် အာမခံထားသူ ဆေးရုံတက်ရလျှင်ဖြစ်စေ၊ ကွယ်လွန်လျှင်ဖြစ်စေ အာမခံထားသူ (သို့မဟုတ်) အကျိုးခံစားခွင့် လွှဲပြောင်းခြင်းခံရသူထံသို့ တစ်ဖက်စာမျက်နှာပါ အကျိုးခံစားခွင့်ကို ဤအာမခံလက်မှတ်တွင် ဖော်ပြထားသည့် စည်းကမ်းချက်များနှင့်အညီ ထုတ်ပေးရန် ဤကုမ္ပဏီက ကတိပြုတာဝန်ယူပါသည်။

အာမခံလက်ခံသူလက်မှတ်

Product Proposal Form

Download

လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံ လျော်ကြေးပေါ်ပေါက်ပါကဆောင်ရွက်ရမည့်အချက်များ

ရောဂါကြောင့်ဆေးရုံတက်ရခြင်း
၁။ အကြောင်းကြားစာ  (Claim ဖြစ်သူ Customer)။
၂။ တောင်းခံလွှာ  (Claims Form)။
၃။ Policy
၄။ ‌မှတ်ပုံတင်မိတ္တူ (Claim ဖြစ်သူ Customer)။
၅။ ‌ဆေးမှတ်တမ်းစာအုပ် (ဖြစ်ပွားသည့်ရောဂါ ၊ ဆေးရုံတက်ရက်နှင့်ဆင်းရက် ပါဝင်ရမည်) (ပြည်ပတွင်ဖြစ်ပွားပါက ဆေးမှတ်တမ်းအား ဘာသာပြန်ပေးရပါမည်)။
၆။ ‌ဆရာဝန်၏ ဆေးစစ်ချက် ထောက်ခံစာ။
  မတော်တဆကြောင့်ဆေးရုံတက်ရခြင်း
၁။ ‌အကြောင်းကြားစာ  (Claim ဖြစ်သူ Customer)။
၂။ ‌တောင်းခံလွှာ  (Claims Form)။
၃။ ‌Certificate
၄။ ‌မှတ်ပုံတင်မိတ္တူ (Claim ဖြစ်သူ Customer)။
၅။ ‌ဆေးမှတ်တမ်းစာအုပ် (Cause of Loss ၊ ဆေးရုံတက်ရက်နှင့်ဆင်းရက် ပါဝင်ရမည်) (ပြည်ပတွင် ဖြစ်ပွားပါကဆေးမှတ်တမ်းအား ဘာသာပြန်ပေးရပါမည်)။
၆။ ‌ရဲစခန်းထောက်ခံစာ (ပြည်ပတွင် ဖြစ်ပွားပါက ထောက်ခံစာအား ဘာသာပြန်ပေးရပါမည်)။
မတော်တဆကြောင့်သေဆုံးခြင်း
၁။ ‌အကြောင်းကြားစာ (အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။
၂။ ‌တောင်းခံလွှာ (Claims Form)။
၃။ ‌Certificate
၄။ မှတ်ပုံတင်မိတ္တူ (သေဆုံးသူ ၊ အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။
၅။ ‌ဆေးမှတ်တမ်းစာအုပ် (ပြည်ပတွင် ဖြစ်ပွားပါက ဆေးမှတ်တမ်းအား ဘာသာပြန် ပေးရပါမည်)။
၆။ နာရေးဖိတ်စာ။
၇။ သန်းခေါင်စာရင်း။
၈။ Death Certificate (ပြည်ပတွင် ဖြစ်ပွားပါက Death Certificate အား ဘာသာပြန်ပေးရပါမည်)။
၉။ ရဲစခန်းထောက်ခံစာ (ပြည်ပတွင် ဖြစ်ပွားပါက ထောက်ခံစာအား ဘာသာပြန်ပေးရပါမည်)။

အာမခံထားသည့် လူပုဂ္ဂိုလ် (သို့မဟုတ်) အကျိုးခံစားခွင့်ရှိသူမှ ဆောင်ရွက်ရန်အဆင်မပြေပါက အဆိုပါပုဂ္ဂိုလ်မှ အခြားတစ်ဦးသို့ အကျိုးခံစားခွင့်လွှဲပြောင်းလုပ်ဆောင်ခွင့်ပြုကြောင်း အာမခံကုမ္ပဏီသို့ အကြောင်းကြားစာ ပါရှိရမည်။

FREQUENTLY ASKED QUESTIONS

HOW CAN WE HELP YOU?

If you have any question, please inquiry to 09-269843974, 01-570521, 01-570998 and customerservices@fnilife.com

What is the Policy Term?

Policy Term – (1) year

  1. Proposal
  2. NRC

Premium rate varies with the Age of insured.

It can be bought for both.

Yes, FNI (Life) has One Stop Service.

Premium Calculator