ငွေချေးယူသူတစ်ဦးအနေဖြင့်သေဆုံးခြင်း၊ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းတို့ကြောင့်ချေးယူထားသော ငွေကို ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိမှုများအတွက် အကာအကွယ်ပေးသော အာမခံအမျိုးအစားဖြစ်ပါသည်။
ပရီမီယံတစ်ကြိမ်ပေးနှစ်တိုချေးငွေအသက်အာမခံတွင် အာမခံထားငွေကို တဖြည်းဖြည်းလျော့ချသည့် (Decreasing Sum Insured) ပုံစံ နှင့် ပုံသေ (Fixed Sum Insured) ပုံစံဟူ၍ နှစ်မျိုးခွဲခြား ဝယ်ယူနိုင်ပါသည်။
| အာမခံထားနိုင်သူ | အသက် (၁၈) နှစ်မှ (၆၄) နှစ်အတွင်းရှိသူများ။ |
| အာမခံသက်တမ်း | (၁) နှစ် (သို့မဟုတ်) (၂) နှစ် |
| အာမခံထားငွေ | အနည်းဆုံး ကျပ်(၁) သိန်း မှ အများဆုံး ကျပ်သန်း(၁၀၀)။ |
| ပရီမီယံနှုန်း | အာမခံထားသူ၏အသက်၊ အာမခံထားငွေပေါ်မူတည်၍ အာမခံထားသည့် သက်တမ်း အလိုက် ပရီမီယံနှုန်းအား တွက်ချက်ပေးရမည် ဖြစ်ပါသည်။ |
*အာမခံထားငွေ ကျပ်သိန်း (၃၀) အထက် ထားရှိမည်ဆိုပါက အာမခံထားသူသည် ကျန်းမာရေးစစ်ဆေးရန်လိုအပ်ပါသည်။*
| (၁) | မမျှော်လင့်သော ဖြစ်ရပ်ကြောင့် ငွေချေးယူသူ သေဆုံး/ထာဝစဉ်မသန်စွမ်း ဖြစ်ခဲ့လျှင် ငွေချေးသည့် ဘဏ်/ငွေရေးကြေးရေး အဖွဲ့အစည်းမှချေးငွေပြန်လည်ရရှိခြင်း။ |
| (၂) | မမျှော်လင့်သော ဖြစ်ရပ်ကြောင့် ငွေချေးယူသူ သေဆုံး/ထာဝစဉ်မသန်စွမ်းဖြစ်ခဲ့လျှင် ၎င်း၏ကျန်ရစ်သူ မိသားစုအနေဖြင့် အရစ်ကျ ဝယ်ယူထားသော ပိုင်ဆိုင်မှုအတွက် ဆက်လက်ပေးဆပ်ရန် ပူစရာမလိုခြင်း။ |
| (၃) | ပေးသွင်းသည့် ပရီမီယံပေါ်တွင် ဝင်ငွေခွန်သက်သာခွင့်ရှိခြင်း။ |
အာမခံထားသူသည် အောက်ဖော်ပြပါ အကြောင်းကိစ္စများကြောင့် သေဆုံးခဲ့လျှင်သော်လည်းကောင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခဲ့လျှင် သော်လည်းကောင်း အာမခံအကျိုးခံစားခွင့်များအား ရခွင့်မရှိပါ။ ပေးသွင်းပြီးပရီမီယံကိုသာ ပြန်ထုတ်ပေးမည် ဖြစ်ပါသည်။
| (က) | ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို အနာတရဖြစ်အောင်ပြုလုပ်ခြင်း။ |
| (ခ) | မိမိကိုယ်ကို သတ်သေခြင်းကြောင့်ဖြစ်ခြင်း။ |
| (ဂ) | မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့်ဖြစ်ခြင်း။ |
| (ဃ) | ဘေးအန္တရာယ် ဖြစ်စေသော ဆေးကိုမှီဝဲခြင်းကြောင့်ဖြစ်ခြင်း။ |
| (င) | ကိုယ်တိုင်ရာဇဝတ်မှု ကျူးလွန်ခြင်းကြောင့်ဖြစ်ခြင်း။ |
| (စ) | အာမခံဝယ်ယူစဉ်က ဖော်ပြရန်ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါကြောင့် ဖြစ်ခြင်း |
အာမခံထားရှိလိုပါက
FNI (Life) ရုံးချုပ် နှင့် ရုံးခွဲများသို့လည်းကောင်း၊ FNI (Life) နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော အာမခံကိုယ်စားလှယ်များသို့လည်းကောင်း ဆက်သွယ်၍ အာမခံထားရှိနိုင်ပါသည်။
လျော်ကြေးကိစ္စတစ်စုံတစ်ရာပေါ်ပေါက်လာပါက FNI(Life)သို့ချက်ချင်းအကြောင်းကြားရန်ဖြစ်ပါသည်။
အခွင့်အရေးနှင့်စည်းကမ်းချက်မျာ:
| ၁။ | ‘နှစ်တိုပရီမီယံတစ်ကြိမ်ပေးချေးငွေအသက်အာမခံအကျိုးခံစားခွင့်များ’ | |||
| နှစ်တိုပရီမီယံတစ်ကြိမ်ပေးချေးငွေ အသက်အာမခံ၏ အကျိုးခံစားခွင့်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ | ||||
| (က) | သေဆုံးမှုအကျိုးခံစားခွင့်(Death Benefit) | |||
| (ခ) | ထာဝစဥ်လုံးဝမသန်စွမ်းအကျိုးခံစားခွင့် (Permanent Total Disability Benefit) | |||
| (က) | သေဆုံးမှုအကျိုးခံစားခွင့်(Death Benefit) | |||
| (၁) | တဖြည်းဖြည်းလျှော့ချသည့် အာမခံထားငွေ (Decreasing Sum Insured) ပုံစံဖြင့် အာမခံထားပါက အာမခံသက်တမ်းအတွင်း အာမခံထားသူ သေဆုံးခဲ့လျှင် အာမခံကုမ္ပဏီအနေဖြင့်”လျှော့ချထားသော အာမခံထားငွေဇယား” တွင် ဖော်ပြထားသော အာမခံထားသူ သေဆုံးချိန်နှင့် သက်ဆိုင်သည့် အာမခံထားငွေကို အကျိူးခံစားခွင့် လွှဲပြောင်းခံရသည့် ဘဏ်(သို့)ငွေရေးကြေးရေးအဖွဲ့အစည်း (သို့) အသေးစားချေးငွေလုပ်ငန်းသို့သာ တလုံးတည်းထုတ်ပေးပါမည်။ | |||
| (၂) | ပုံသေအာမခံထားငွေ (Fixed Sum Insured) ပုံစံဖြင့် အာမခံထားပါက အာမခံသက်တမ်းအတွင်း အာမခံထားသူသေဆုံးခဲ့လျှင် အာမခံကုမ္ပဏီ အနေဖြင့်အာမခံထားသူ သေဆုံးချိန်နှင့် သက်ဆိုင်သည့် ပုံသေအာမခံထားငွေကို အကျိုးခံစားခွင့် လွှဲပြောင်းခံရသည့် ဘဏ် (သို့) ငွေရေးကြေးရေးအဖွဲ့အစည်း(သို့) အသေးစား ချေးငွေလုပ်ငန်းသို့သာ တလုံးတည်း ထုတ်ပေးပါမည်။ | |||
| (၃) | သေဆုံးမှုအကျိုးခံစားခွင့်ကို အကျိုးခံစားခွင့်လွှဲပြောင်းခံရသည့် ဘဏ်/ငွေရေးကြေးရေး အဖွဲ့အစည်း/အသေးစားချေးငွေလုပ်ငန်းကသာ လျှောက်ထားရမည်ဖြစ်ပြီး အာမခံအကျိုးခံစားခွင့်ကိုလည်း ယင်းဘဏ်/ငွေရေးကြေးရေးအဖွဲ့အစည်း/အသေးစားချေးငွေလုပ်ငန်းသို့သာထုတ်ပေးပါမည်။ | |||
| (၄) | အကယ်၍ ပေးဆပ်ရမည့် အရစ်ကျချေးငွေကို မပေးဆပ်ပဲ ကျန်ရှိခဲ့လျှင် အဆိုပါ ပေးဆပ်ရန်ကျန်သောငွေများအတွက် အာမခံကုမ္ပဏီမှ တာဝန်ယူမည် မဟုတ်ပါ။ | |||
| (၅) | သေဆုံးမှု အကျိုးခံစားခွင့် ထုတ်ယူရန်အတွက် အောက်ဖော်ပြပါ စာရွက်စာတမ်းများအား တင်ပြရန် လိုပါသည်။ | |||
| (က) | ပေါ်လစီမူရင်း | |||
| (ခ) | သေစာရင်းမိတ္တူမှန်/သေဆုံးကြောင်းခိုင်လုံသောအထောက်အထား | |||
| (ဂ) | သေဆုံးကြောင်း ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှုးထောက်ခံချက် | |||
| (ဃ) | အကျိုးခံစားခွင့်လွှဲပြောင်းခံရသည့် ဘဏ်/ငွေရေးကြေးရေးအဖွဲ့အစည်း/အသေးစားငွေချေးလုပ်ငန်း၏အကျိုးခံစားခွင့်တောင်းခံလွှာ | |||
| (၆) | အကယ်၍အာမခံထားသူသေဆုံးပြီးအလောင်းရှာမတွေ့ပါက(၂)နှစ်စောင့်ဆိုင်းရမည်ဖြစ်ပြီး မျက်မြင်အားဖြင့်သွားလာလှုပ်ရှားမှု မရှိကြောင်းကို ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေး၏ ထောက်ခံချက်ရရှိလျှင် အကျိုးခံစားခွင့်လွှဲပြောင်းခံရသည့်ဘဏ်/ငွေရေးကြေးရေးအဖွဲ့အစည်းသို့ တစ်လုံးတည်း ထုတ်ပေးမည်။ | |||
| (ခ) | ထာဝစဥ်လုံးဝမသန်စွမ်းအကျိုးခံစားခွင့်(Permanent Total Disability Benefit) | |||
| (၁) | တဖြည်းဖြည်းလျှော့ချသည့် အာမခံထားငွေ(Decreasing Sum Insured)ပုံစံဖြင့် အာမခံထားပါက အာမခံသက်တမ်းအတွင်း အာမခံထားသူသည် ထိခိုက်မှုကြောင့်သော်လည်းကောင်း၊ ရောဂါကြောင့်သော်လည်းကောင်း ထာဝစဥ်လုံးဝမသန်စွမ်းဖြစ်၍ ဝင်ငွေရရှိသော အလုပ်အကိုင်ကို လုံးဝမလုပ်ကိုင်နိုင်လျှင် “လျှော့ချထားသောအာမခံထားငွေဇယား” တွင်ဖော်ပြထားသော အာမခံထားသူ ထာဝစဥ်လုံးဝမသန်စွမ်း ဖြစ်ချိန်နှင့် သက်ဆိုင်သည့် အာမခံထားငွေကို အကျိုးခံစားခွင့် လွှဲပြောင်းခံရသည့်ဘဏ်(သို့)ငွေရေးကြေးရေး အဖွဲ့အစည်း(သို့) အသေးစားချေးငွေလုပ်ငန်းသို့သာ တလုံးတည်း ထုတ်ပေးပါမည်။ | |||
| (၂) | ပုံသေအာမခံထားငွေ(Fixed Sum Insured)ပုံစံဖြင့် အာမခံထားပါက အာမခံသက်တမ်းအတွင်း အာမခံထားသူသည် ထိခိုက်မှုကြောင့်သော်လည်းကောင်း၊ ရောဂါကြောင့်သော်လည်းကောင်း ထာဝစဥ် လုံးဝမသန်စွမ်းဖြစ်၍ဝင်ငွေရရှိသော အလုပ်အကိုင်ကို လုံးဝမလုပ်ကိုင်နိုင်လျှင် အာမခံကုမ္ပဏီအနေဖြင့် အာမခံထားသူထာဝစဥ်လုံးဝမသန်စွမ်းဖြစ်ချိန်နှင့်သက်ဆိုင်သည့်ပုံသေအာမခံထားငွေကို အကျိုးခံစားခွင့် လွှဲပြောင်းခံရသည့် ဘဏ်(သို့)ငွေရေးကြေးရေးအဖွဲ့အစည်း(သို့)အသေးစားချေးငွေလုပ်ငန်းသို့သာ တလုံးတည်း ထုတ်ပေးပါမည်။ | |||
| (၃) | ထာဝစဥ်လုံးဝမသန်စွမ်း အကျိုးခံစားခွင့်ကို အကျိုးခံစားခွင့်လွှဲပြောင်းခံရသည့် ဘဏ်/ငွေရေးကြေးရေးအဖွဲ့အစည်း/အသေးစားချေးငွေလုပ်ငန်းကသာလျှောက်ထားရမည်ဖြစ်ပြီး အာမခံအကျိုးခံစားခွင့်ကိုလည်း ယင်းဘဏ်/ငွေရေးကြေးရေး အဖွဲ့အစည်း/အသေးစားချေးငွေလုပ်ငန်းသို့သာ ထုတ်ပေးပါမည်။ | |||
| (၄) | အကယ်၍ ပေးဆပ်ရမည့် အရစ်ကျချေးငွေကို မပေးဆပ်ပဲ ကျန်ရှိခဲ့လျှင် အဆိုပါ ပေးဆပ်ရန်ကျန်သောငွေများအတွက် အာမခံကုမ္ပဏီမှ တာဝန်ယူမည် မဟုတ်ပါ။ | |||
| (၅) | ထာဝစဥ်လုံးဝ မသန်စွမ်းဖြစ်ခြင်း အကျိုးခံစားခွင့်အတွက် အောက်ဖော်ပြပါ အထောက်အထားများကို တင်ပြရန်လိုအပ်ပါသည်။
|
|||
| (၆) | ထာဝစဥ်လုံးဝ မသန်စွမ်းဖြစ်ခြင်း ဆိုသည်မှာ အောက်တွင်ဖော်ပြထားသည့် နမူနာ ဖြစ်ရပ်မျိုးကို ဆိုလိုပါသည်။ | |||
| (က) | မျက်စိနှစ်ဖက်လုံးဝကွယ်ခြင်း။ | |||
| (ခ) | ခြေ/လက်နှစ်ဖက်လုံး လက်ကောက်ဝတ် သို့မဟုတ် ခြေကျင်းဝတ် အထက်ပိုင်းမှ လုံးဝပြတ်ခြင်း။ | |||
| (ဂ) | ခြေကျင်းဝတ်အထက်ပိုင်းမှခြေထောက်နှစ်ဖက်ပြတ်ခြင်း၊ လုံးဝအသုံးပြု၍မရခြင်း။ | |||
| (ဃ) | မျက်စိတစ်ဖက်လုံးဝကွယ်ခြင်း နှင့် ခြေ/လက်တစ်ဖက် လက်ကောက်ဝတ် သို့မဟုတ် ခြေကျင်းဝတ်အထက်ပိုင်းမှ လုံးဝပြတ်ခြင်း။ | |||
| (င) | ဆရာဝန်မှ ထာဝစဥ်လုံးဝ မသန်စွမ်းဖြစ်သည် ဟု တရားဝင် ထောက်ခံဖော်ပြထားခြင်း။ | |||
| ၂။ | အကျိုးခံစားခွင့်မရရှိနိုင်သည့်ကိစ္စများ | |||
| အာမခံထားသူသည် အောက်ဖော်ပြပါ အကြောင်းကိစ္စများကြောင့် သေဆုံးခဲ့လျှင်သော်လည်းကောင်း၊ ထာဝစဥ်မသန်စွမ်းဖြစ်ခဲ့လျှင် သော်လည်းကောင်း အာမခံအကျိုးခံစားခွင့်များအား ရခွင့်မရှိပါ။ပေးသွင်းပြီး ပရီမီယံကိုသာ ပြန်ထုတ် ပေးမည်ဖြစ်ပါသည်။ | ||||
| (က) | ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို အနာတရဖြစ်အောင်ပြုလုပ်ခြင်း။ | |||
| (ခ) | မိမိကိုယ်ကို သတ်သေခြင်းကြောင့်ဖြစ်ခြင်း။ | |||
| (ဂ) | မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့်ဖြစ်ခြင်း။ | |||
| (ဃ) | ဘေးအန္တရာယ် ဖြစ်စေသော ဆေးကိုမှီဝဲခြင်းကြောင့်ဖြစ်ခြင်း။ | |||
| (င) | ကိုယ်တိုင်ရာဇဝတ်မှု ကျုးလွန်ခြင်းကြောင့် ဖြစ်ခြင်း။ | |||
| (စ) | အာမခံဝယ်ယူစဥ်ကဖော်ပြရန် ထိန်ချန်ခဲ့သောရှိရင်းစွဲ ရောဂါကြောင့်ဖြစ်ခြင်း။ | |||
| ကိုယ်စားလှယ်အမည် ———————— | ပေါ်လစီ အမှတ် ———————— | ||||||||||||||||
| ကိုယ်စားလှယ်အမှတ် ———————— | ရက်စွဲ ———————— | ||||||||||||||||
| ၁။ | အဆိုလွှာနှင့် အာမခံထားသူ၏ ကျန်းမာရေးစစ်ဆေးချက် အစီရင်ခံစာပါဖော်ပြချက်များနှင့် အဖြေများသည် အာမခံထားသူနှင့်ဤကုမ္ပဏီတို့ချုပ်ဆိုမည့် ပဋိညာဥ်၏ အခြေခံအချက်များ ဖြစ်ကြောင်းနှင့် ယင်းဖော်ပြချက်များနှင့် အဖြေများတွင် မမှန်ကန်သောအချက်(သို့) အချက်များပါရှိလျှင် ဤပဋိညာဥ်ပျက်ကြောင်း ပေါ်လစီရှင်မှ သိရှိသဘောတူညီသည်။ | ||||||||||||||||
| ၂။ | ပေါ်လစီရှင်မှဤနှစ်တိုပရီမီယံတစ်ကြိမ်ပေးချေးငွေအသက်အာမခံအတွက် တစ်ကြိမ်တည်းကျသင့်ပရီမီယံကိုပေးသွင်းပြီး ဖြစ်၍ အောက်၌ ဖော်ပြထားသော ပေးရသည့်အကြောင်းကိစ္စဖြစ်ပေါ်ခဲ့သော် ဤပေါ်လစီပါအခွင့်အရေးများ၊ စည်းမျဥ်းများ၊ ပြင်ဆင်ချက် များနှင့်အညီ ပေါ်လစီရှင်မှ အကျိုးခံစားခွင့်လွှဲပြောင်းပေးထားသည့် ဘဏ်/ငွေရေးကြေးရေးအဖွဲ့အစည်း/အသေးစားချေးငွေလုပ်ငန်း သို့ လျော်ကြေးပေးရန် ဤကုမ္ပဏီက တာဝန်ယူကတိပြုပါသည်။ | ||||||||||||||||
|
|||||||||||||||||
| အာမခံသက်တမ်း | (——————————————————)နှစ် | ||||||||||||||||
| အာမခံစသောနေ့ | ———————— အာမခံသက်တမ်းစေ့မည့်နေ့ ———————————————— | ||||||||||||||||
| အာမခံထားငွေ (ကျပ်) | ————————- အာမခံထားငွေအမျိုးအစား ———————————————— | ||||||||||||||||
| တစ်ကြိမ်တည်းပေးပရီမီယံ(ကျပ်) | ——————————————————————————————————— | ||||||||||||||||
| အကျိုးခံစားခွင့်လွှဲပြောင်းခြင်းခံရသည့်ဘဏ်/ ငွေရေးကြေးရေးအဖွဲ့အစည်း/အသေးစားငွေချေးလုပ်ငန်း | |||||||||||||||||
| အမည် | ——————————————————————————————————— | ||||||||||||||||
| လိပ်စာ | ——————————————————————————————————— | ||||||||||||||||
|
အာမခံထားငွေပေးရသည့်အကြောင်းကိစ္စ အာမခံထားသူ သေဆုံးလျှင်သော်လည်းကောင်း၊ ထာဝစဥ်မသန်စွမ်း ဖြစ်လျှင်သော်လည်းကောင်း အာမခံထားငွေ အမျိုးအစားကိုလိုက်၍ အာမခံထားငွေဇယားအရ အာမခံထားသူ သေဆုံးချိန်/ထာဝစဥ်မသန်စွမ်း ဖြစ်ချိန် နှင့် သက်ဆိုင်သော အာမခံထားငွေကို အကျိုးခံစားခွင့် လွှဲပြောင်းခံရသည့် ဘဏ်/ ငွေရေးကြေးရေးအဖွဲ့အစည်း/ အသေးစားချေးငွေလုပ်ငန်းသို့ ထုတ်ပေးမည်။ ပေါ်လစီထုတ်ပေးသည့်ရက်စွဲ ၊ —————– ခုနှစ်၊ ————– လ၊ (——–) ရက် |
|||||||||||||||||
(တာဝန်ခံအရာရှိ)
| Total Permanent Disability | ||
| ၁။ | အကြောင်းကြားစာ (အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။ | |
| ၂။ | တောင်းခံလွှာ (Claims Form)။ | |
| ၃။ | Policy | |
| ၄။ | မှတ်ပုံတင်မိတ္တူ (ထာဝစဉ်မသန်စွမ်းဖြစ်သူ ၊ အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။ | |
| ၅။ | ဆေးမှတ်တမ်းစာအုပ် (Cause of loss ပါဝင်ရမည် / ပြည်ပတွင် ဖြစ်ပွားပါက ဆေးမှတ်တမ်းအားဘာသာပြန်ပေးရပါမည်)။ | |
| ၆။ | ဆေးကုသသည့် အထူးကုဆရာဝန်၏ ထာဝစဉ်မသန်စွမ်းဖြစ်ကြောင်း ထောက်ခံချက်။ | |
| ၇။ | ဒဏ်ရာဓာတ်ပုံ(ဒဏ်ရာသီးသန့်ပုံ နှင့် လူနှင့်ဒဏ်ရာတွဲလျက်ပုံ)။ | |
| ၈။ | သန်းခေါင်စာရင်း။ | |
| ၉။ | Police case ဖြစ်ပါက ရဲစခန်းထောက်ခံစာ (ပြည်ပတွင် ဖြစ်ပွားပါက ထောက်ခံစာအား ဘာသာပြန်ပေးရပါမည်)။ | |
| Death | ||
| ၁။ | အကြောင်းကြားစာ (အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။ | |
| ၂။ | တောင်းခံလွှာ (Claims Form)။ | |
| ၃။ | Policy စာချုပ်မူရင်း။ | |
| ၄။ | မှတ်ပုံတင်မိတ္တူ (သေဆုံးသူ ၊ အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ) ။ | |
| ၅။ | ဆေးမှတ်တမ်းစာအုပ် (Cause of loss ပါဝင်ရမည် / ပြည်ပတွင် ဖြစ်ပွားပါက ဆေးမှတ်တမ်းအား ဘာသာပြန်ပေးရပါမည်)။ | |
| ၆။ | သေဆုံးမှတ်တမ်းဓာတ်ပုံ။ | |
| ၇။ | Police case ဖြစ်ပါက ရဲစခန်းထောက်ခံစာ (ပြည်ပတွင် ဖြစ်ပွားပါက ထောက်ခံစာအား ဘာသာပြန်ပေးရပါမည်)။ | |
| ၈။ | Death Certificate (ပြည်ပတွင် ဖြစ်ပွားပါက Death Certificate အား ဘာသာပြန်ပေးရပါမည်)။ | |
| ၉။ | သန်းခေါင်စာရင်း။ | |
| ၁၀။ | နာရေးဖိတ်စာ။ | |
အာမခံထားသည့် လူပုဂ္ဂိုလ် (သို့မဟုတ်) အကျိုးခံစားခွင့်ရှိသူမှ ဆောင်ရွက်ရန်အဆင်မပြေပါက အဆိုပါပုဂ္ဂိုလ်မှ အခြားတစ်ဦးသို့ အကျိုးခံစားခွင့်လွှဲပြောင်းလုပ်ဆောင်ခွင့်ပြုကြောင်း အာမခံကုမ္ပဏီသို့ အကြောင်းကြားစာ ပါရှိရမည်။
If you have any question, please inquiry to 09-269843974, 01-570521, 01-570998 and customerservices@fnilife.com
Policy Term – (1) year or (2) years
Premium rate varies with the Age of Insured , Preferred Sum Insured and duration.
The Sum Insured ranges from (1) Lakh to (100) Millions.
It must be between (18) and (64) years old.
The benefits of this insurance are:
Yes, FNI (Life) has One Stop Service.