• Follow Us
PREMIUM CALCULATOR

Short Term Single Premium Credit Life Insurance

This type of assurance provides protection to a money borrower who could not repay the Loan owing to his / her Death or Permanent Total Disablement.
This Assurance consists of Decreasing Sum Assured and Fixed Sum Assured types either of which can be purchased.

Who can assure Those aged between 18 and 64 years
Term (duration) (1) or (2) years
Sum Insured From minimum kyats 100,000/ – up to maximum 100 million.
Premium Rate Premium Rates would be calculated, based on the sum assured, term and age of the Assured.

A proposer with a proposed sum assured of more than Kyats 3 million needs to be medically examined.

Benefits Obtainable under this Assurance

  1. Recovery by the lending institution like a bank/financial institution of the Loan in the unexpected event of the Assured becoming Deceased or Totally Disabled.
  2. The Assured’s Family would feel No Anxiety about paying the installments as they fall due for the Property purchased on installment payment system.
  3. Some Relief of Income tax on the premium paid.
No Benefit Obtainable for the following:–

No Benefit shall be obtainable in the event of the Assured becoming Deceased or Totally Disabled Because of the following. Only the premium paid shall be returned.

  1. Intentional Self-Injury.
  2. Suicide.
  3. Use of a Narcotic Drug.
  4. Consumption of a Dangerous Medicine.
  5. Commission by the Assured of a Criminal Offence.
  6. Caused by a pre-existing Disease not declared at the time this Assurance was purchased.

If you want to buy this insurance, please contact First National Insurance (Life) Co., Ltd. & F.N.I Branches or Insurance Agents dealing with FNI.

နှစ်တိုပရီမီယံတစ်ကြိမ်ပေးချေးငွေအသက်အာမခံပေါ်လစီ

အခွင့်အရေးနှင့်စည်းကမ်းချက်မျာ:

၁။ ‘နှစ်တိုပရီမီယံတစ်ကြိမ်ပေးချေးငွေအသက်အာမခံအကျိုးခံစားခွင့်များ’
 နှစ်တိုပရီမီယံတစ်ကြိမ်ပေးချေးငွေ အသက်အာမခံ၏ အကျိုးခံစားခွင့်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(က) သေဆုံးမှုအကျိုးခံစားခွင့်(Death Benefit)
(ခ) ထာဝစဥ်လုံးဝမသန်စွမ်းအကျိုးခံစားခွင့် (Permanent Total Disability Benefit)
(က) သေဆုံးမှုအကျိုးခံစားခွင့်(Death Benefit)
 (၁) တဖြည်းဖြည်းလျှော့ချသည့် အာမခံထားငွေ (Decreasing Sum Insured) ပုံစံဖြင့် အာမခံထားပါက အာမခံသက်တမ်းအတွင်း အာမခံထားသူ သေဆုံးခဲ့လျှင် အာမခံကုမ္ပဏီအနေဖြင့်”လျှော့ချထားသော အာမခံထားငွေဇယား” တွင် ဖော်ပြထားသော အာမခံထားသူ သေဆုံးချိန်နှင့် သက်ဆိုင်သည့် အာမခံထားငွေကို အကျိူးခံစားခွင့် လွှဲပြောင်းခံရသည့် ဘဏ်(သို့)ငွေရေးကြေးရေးအဖွဲ့အစည်း (သို့) အသေးစားချေးငွေလုပ်ငန်းသို့သာ တလုံးတည်းထုတ်ပေးပါမည်။
(၂) ပုံသေအာမခံထားငွေ (Fixed Sum Insured) ပုံစံဖြင့် အာမခံထားပါက အာမခံသက်တမ်းအတွင်း အာမခံထားသူသေဆုံးခဲ့လျှင် အာမခံကုမ္ပဏီ အနေဖြင့်အာမခံထားသူ သေဆုံးချိန်နှင့် သက်ဆိုင်သည့် ပုံသေအာမခံထားငွေကို အကျိုးခံစားခွင့် လွှဲပြောင်းခံရသည့် ဘဏ် (သို့) ငွေရေးကြေးရေးအဖွဲ့အစည်း(သို့) အသေးစား ‌ချေးငွေလုပ်ငန်းသို့သာ တလုံးတည်း ထုတ်ပေးပါမည်။
(၃) သေဆုံးမှုအကျိုးခံစားခွင့်ကို အကျိုးခံစားခွင့်လွှဲပြောင်းခံရသည့် ဘဏ်/ငွေရေးကြေးရေး အဖွဲ့အစည်း/အသေးစားချေးငွေလုပ်ငန်းကသာ လျှောက်ထားရမည်ဖြစ်ပြီး အာမခံအကျိုးခံစားခွင့်ကိုလည်း ယင်းဘဏ်/ငွေရေးကြေးရေးအဖွဲ့အစည်း/အသေးစားချေးငွေလုပ်ငန်းသို့သာထုတ်ပေးပါမည်။
 (၄) အကယ်၍ ပေးဆပ်ရမည့် အရစ်ကျချေးငွေကို မပေးဆပ်ပဲ ကျန်ရှိခဲ့လျှင် အဆိုပါ ပေးဆပ်ရန်ကျန်သောငွေများအတွက် အာမခံကုမ္ပဏီမှ တာဝန်ယူမည် မဟုတ်ပါ။
 (၅) သေဆုံးမှု အကျိုးခံစားခွင့် ထုတ်ယူရန်အတွက် အောက်ဖော်ပြပါ စာရွက်စာတမ်းများအား တင်ပြရန် လိုပါသည်။
(က) ပေါ်လစီမူရင်း
(ခ) သေစာရင်းမိတ္တူမှန်/သေဆုံးကြောင်းခိုင်လုံသောအထောက်အထား
(ဂ) သေဆုံးကြောင်း ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှုးထောက်ခံချက်
(ဃ) အကျိုးခံစားခွင့်လွှဲပြောင်းခံရသည့် ဘဏ်/ငွေရေးကြေးရေးအဖွဲ့အစည်း/အသေးစားငွေချေးလုပ်ငန်း၏အကျိုးခံစားခွင့်တောင်းခံလွှာ
(၆) အကယ်၍အာမခံထားသူသေဆုံးပြီးအလောင်းရှာမတွေ့ပါက(၂)နှစ်စောင့်ဆိုင်းရမည်ဖြစ်ပြီး မျက်မြင်အားဖြင့်သွားလာလှုပ်ရှားမှု မရှိကြောင်းကို ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေး၏ ထောက်ခံချက်ရရှိလျှင် အကျိုးခံစားခွင့်လွှဲပြောင်းခံရသည့်ဘဏ်/ငွေရေးကြေးရေးအဖွဲ့အစည်းသို့ တစ်လုံးတည်း ထုတ်ပေးမည်။
(ခ) ထာဝစဥ်လုံးဝမသန်စွမ်းအကျိုးခံစားခွင့်(Permanent Total Disability Benefit)
(၁) တဖြည်းဖြည်းလျှော့ချသည့် အာမခံထားငွေ(Decreasing Sum Insured)ပုံစံဖြင့် အာမခံထားပါက အာမခံသက်တမ်းအတွင်း အာမခံထားသူသည် ထိခိုက်မှုကြောင့်သော်လည်းကောင်း၊ ရောဂါကြောင့်သော်လည်းကောင်း ထာဝစဥ်လုံးဝမသန်စွမ်းဖြစ်၍ ဝင်ငွေရရှိသော အလုပ်အကိုင်ကို လုံးဝမလုပ်ကိုင်နိုင်လျှင် “လျှော့ချထားသောအာမခံထားငွေဇယား” တွင်ဖော်ပြထားသော အာမခံထားသူ ထာဝစဥ်လုံးဝမသန်စွမ်း ဖြစ်ချိန်နှင့် သက်ဆိုင်သည့် အာမခံထားငွေကို အကျိုးခံစားခွင့် လွှဲပြောင်းခံရသည့်ဘဏ်(သို့)ငွေရေးကြေးရေး အဖွဲ့အစည်း(သို့) အသေးစားချေးငွေလုပ်ငန်းသို့သာ တလုံးတည်း ထုတ်ပေးပါမည်။
(၂) ပုံသေအာမခံထားငွေ(Fixed Sum Insured)ပုံစံဖြင့် အာမခံထားပါက အာမခံသက်တမ်းအတွင်း အာမခံထားသူသည် ထိခိုက်မှုကြောင့်သော်လည်းကောင်း၊ ရောဂါကြောင့်သော်လည်းကောင်း ထာဝစဥ် လုံးဝမသန်စွမ်းဖြစ်၍ဝင်ငွေရရှိသော အလုပ်အကိုင်ကို လုံးဝမလုပ်ကိုင်နိုင်လျှင် အာမခံကုမ္ပဏီအနေဖြင့် အာမခံထားသူထာဝစဥ်လုံးဝမသန်စွမ်းဖြစ်ချိန်နှင့်သက်ဆိုင်သည့်ပုံသေအာမခံထားငွေကို အကျိုးခံစားခွင့် လွှဲပြောင်းခံရသည့် ဘဏ်(သို့)ငွေရေးကြေးရေးအဖွဲ့အစည်း(သို့)အသေးစားချေးငွေလုပ်ငန်းသို့သာ တလုံးတည်း ထုတ်ပေးပါမည်။
(၃) ထာဝစဥ်လုံးဝမသန်စွမ်း အကျိုးခံစားခွင့်ကို အကျိုးခံစားခွင့်လွှဲပြောင်းခံရသည့် ဘဏ်/ငွေရေးကြေးရေးအဖွဲ့အစည်း/အသေးစားချေးငွေလုပ်ငန်းကသာလျှောက်ထားရမည်ဖြစ်ပြီး အာမခံအကျိုးခံစားခွင့်ကိုလည်း ယင်းဘဏ်/ငွေရေးကြေးရေး အဖွဲ့အစည်း/အသေးစားချေးငွေလုပ်ငန်းသို့သာ ထုတ်ပေးပါမည်။
(၄) အကယ်၍ ပေးဆပ်ရမည့် အရစ်ကျချေးငွေကို မပေးဆပ်ပဲ ကျန်ရှိခဲ့လျှင် အဆိုပါ ပေးဆပ်ရန်ကျန်သောငွေများအတွက် အာမခံကုမ္ပဏီမှ တာဝန်ယူမည် မဟုတ်ပါ။
(၅) ထာဝစဥ်လုံးဝ မသန်စွမ်းဖြစ်ခြင်း အကျိုးခံစားခွင့်အတွက် အောက်ဖော်ပြပါ အထောက်အထားများကို တင်ပြရန်လိုအပ်ပါသည်။

  • အာမခံပေါ်လစီမူရင်း
  • အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနမှအသိအမှတ်ပြုထားသည့် ဆေးရုံမှအထူးကုဆရာဝန်၏ ထောက်ခံချက်
  • ဆေးရုံမှဆေးမှတ်တမ်း
  • ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက်
  • အကျိုးခံစားခွင့်လွှဲပြောင်းခံရသည့် ဘဏ်/ ငွေရေးကြေးရေးအဖွဲ့အစည်း/ အသေးစားငွေချေးလုပ်ငန်း၏အကျိုးခံစားခွင့်တောင်းခံလွှာ
(၆) ထာဝစဥ်လုံးဝ မသန်စွမ်းဖြစ်ခြင်း ဆိုသည်မှာ အောက်တွင်ဖော်ပြထားသည့် နမူနာ ဖြစ်ရပ်မျိုးကို ဆိုလိုပါသည်။
(က) မျက်စိနှစ်ဖက်လုံးဝကွယ်ခြင်း။
(ခ) ခြေ/လက်နှစ်ဖက်လုံး လက်ကောက်ဝတ် သို့မဟုတ် ခြေကျင်းဝတ် အထက်ပိုင်းမှ လုံးဝပြတ်ခြင်း။
(ဂ) ခြေကျင်းဝတ်အထက်ပိုင်းမှခြေထောက်နှစ်ဖက်ပြတ်ခြင်း၊ လုံးဝအသုံးပြု၍မရခြင်း။
(ဃ) မျက်စိတစ်ဖက်လုံးဝကွယ်ခြင်း နှင့် ခြေ/လက်တစ်ဖက် လက်ကောက်ဝတ် သို့မဟုတ် ခြေကျင်းဝတ်အထက်ပိုင်းမှ လုံးဝပြတ်ခြင်း။
(င) ဆရာဝန်မှ ထာဝစဥ်လုံးဝ မသန်စွမ်းဖြစ်သည် ဟု တရားဝင် ထောက်ခံဖော်ပြထားခြင်း။
၂။ အကျိုးခံစားခွင့်မရရှိနိုင်သည့်ကိစ္စများ
အာမခံထားသူသည် အောက်ဖော်ပြပါ အကြောင်းကိစ္စများကြောင့် သေဆုံးခဲ့လျှင်သော်လည်းကောင်း၊ ထာဝစဥ်မသန်စွမ်းဖြစ်ခဲ့လျှင် သော်လည်းကောင်း အာမခံအကျိုးခံစားခွင့်များအား ရခွင့်မရှိပါ။ပေးသွင်းပြီး ပရီမီယံကိုသာ ပြန်ထုတ် ပေးမည်ဖြစ်ပါသည်။
(က) ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို အနာတရဖြစ်အောင်ပြုလုပ်ခြင်း။
(ခ) မိမိကိုယ်ကို သတ်သေခြင်းကြောင့်ဖြစ်ခြင်း။
(ဂ) မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့်ဖြစ်ခြင်း။
(ဃ) ဘေးအန္တရာယ် ဖြစ်စေသော ဆေးကိုမှီဝဲခြင်းကြောင့်ဖြစ်ခြင်း။
(င) ကိုယ်တိုင်ရာဇဝတ်မှု ကျုးလွန်ခြင်းကြောင့် ဖြစ်ခြင်း။
(စ) အာမခံဝယ်ယူစဥ်ကဖော်ပြရန် ထိန်ချန်ခဲ့သောရှိရင်းစွဲ ရောဂါကြောင့်ဖြစ်ခြင်း။

                                             နှစ်တိုပရီမီယံတစ်ကြိမ်ပေးချေးငွေအသက်အာမခံပေါ်လစီ

ကိုယ်စားလှယ်အမည်  ———————— ပေါ်လစီ အမှတ်  ————————
ကိုယ်စားလှယ်အမှတ်  ———————— ရက်စွဲ                  ————————
၁။ အဆိုလွှာနှင့် အာမခံထားသူ၏ ကျန်းမာရေးစစ်ဆေးချက် အစီရင်ခံစာပါဖော်ပြချက်များနှင့် အဖြေများသည် အာမခံထားသူနှင့်ဤကုမ္ပဏီတို့ချုပ်ဆိုမည့် ပဋိညာဥ်၏ အခြေခံအချက်များ ဖြစ်ကြောင်းနှင့် ယင်းဖော်ပြချက်များနှင့် အဖြေများတွင် မမှန်ကန်သောအချက်(သို့) အချက်များပါရှိလျှင် ဤပဋိညာဥ်ပျက်ကြောင်း ပေါ်လစီရှင်မှ သိရှိသဘောတူညီသည်။
၂။ ပေါ်လစီရှင်မှဤနှစ်တိုပရီမီယံတစ်ကြိမ်ပေးချေးငွေအသက်အာမခံအတွက် တစ်ကြိမ်တည်းကျသင့်ပရီမီယံကိုပေးသွင်းပြီး ဖြစ်၍ အောက်၌ ဖော်ပြထားသော ပေးရသည့်အကြောင်းကိစ္စဖြစ်ပေါ်ခဲ့သော် ဤပေါ်လစီပါအခွင့်အရေးများ၊ စည်းမျဥ်းများ၊ ပြင်ဆင်ချက် များနှင့်အညီ ပေါ်လစီရှင်မှ အကျိုးခံစားခွင့်လွှဲပြောင်းပေးထားသည့် ဘဏ်/ငွေရေးကြေးရေးအဖွဲ့အစည်း/အသေးစားချေးငွေလုပ်ငန်း သို့ လျော်ကြေးပေးရန် ဤကုမ္ပဏီက တာဝန်ယူကတိပြုပါသည်။
ပေါ်လစီရှင်၏အချက်အလက်များ အာမခံထားသူ၏အချက်အလက်များ
အမည်
နောက်မွေးနေ့တွင်ပြည့်မည့်အသက်
နေရပ်လိပ်စာ
အလုပ်အကိုင်
အာမခံသက်တမ်း (——————————————————)နှစ်
အာမခံစသောနေ့ ———————— အာမခံသက်တမ်းစေ့မည့်နေ့ ————————————————
အာမခံထားငွေ (ကျပ်) ————————- အာမခံထားငွေ​​​​အမျိုးအစား ————————————————
တစ်ကြိမ်တည်းပေးပရီမီယံ(ကျပ်) ———————————————————————————————————
အကျိုးခံစားခွင့်လွှဲပြောင်းခြင်းခံရသည့်ဘဏ်/ ငွေရေးကြေးရေးအဖွဲ့အစည်း/အသေးစားငွေချေးလုပ်ငန်း
အမည် ———————————————————————————————————
လိပ်စာ ———————————————————————————————————

အာမခံထားငွေပေးရသည့်အကြောင်းကိစ္စ

အာမခံထားသူ သေဆုံးလျှင်သော်လည်းကောင်း၊ ထာဝစဥ်မသန်စွမ်း ဖြစ်လျှင်သော်လည်းကောင်း အာမခံထားငွေ အမျိုးအစားကိုလိုက်၍ အာမခံထားငွေဇယားအရ အာမခံထားသူ သေဆုံးချိန်/ထာဝစဥ်မသန်စွမ်း ဖြစ်ချိန် နှင့် သက်ဆိုင်သော အာမခံထားငွေကို အကျိုးခံစားခွင့် လွှဲပြောင်းခံရသည့် ဘဏ်/ ငွေရေးကြေးရေးအဖွဲ့အစည်း/ အသေးစားချေးငွေလုပ်ငန်းသို့ ထုတ်ပေးမည်။

ပေါ်လစီထုတ်ပေးသည့်ရက်စွဲ ၊ —————– ခုနှစ်၊ ————– လ၊ (——–) ရက်

(တာဝန်ခံအရာရှိ)

Product Proposal Form

Download

နှစ်တို ပရီမီယံတစ်ကြိမ်ပေး ချေးငွေ အသက်အာမခံ လျော်ကြေးပေါ်ပေါက်ပါက ဆောင်ရွက်ရမည့်အချက်များ

Total Permanent Disability
၁။ ‌အကြောင်းကြားစာ (အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။
၂။ ‌တောင်းခံလွှာ (Claims Form)။
၃။ ‌Policy
၄။ မှတ်ပုံတင်မိတ္တူ (ထာဝစဉ်မသန်စွမ်းဖြစ်သူ ၊ အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။
၅။ ‌ဆေးမှတ်တမ်းစာအုပ် (Cause of loss ပါဝင်ရမည် / ပြည်ပတွင် ဖြစ်ပွားပါက ဆေးမှတ်တမ်းအားဘာသာပြန်ပေးရပါမည်)။
၆။ ‌ဆေးကုသသည့် အထူးကုဆရာဝန်၏ ထာဝစဉ်မသန်စွမ်းဖြစ်ကြောင်း ထောက်ခံချက်။
၇။ ဒဏ်ရာဓာတ်ပုံ(ဒဏ်ရာသီးသန့်ပုံ နှင့် လူနှင့်ဒဏ်ရာတွဲလျက်ပုံ)။
၈။ သန်းခေါင်စာရင်း။
၉။ ‌Police case ဖြစ်ပါက ရဲစခန်းထောက်ခံစာ (ပြည်ပတွင် ဖြစ်ပွားပါက ထောက်ခံစာအား ဘာသာပြန်ပေးရပါမည်)။
Death
၁။ အကြောင်းကြားစာ (အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။
၂။ ‌တောင်းခံလွှာ (Claims Form)။
၃။ ‌Policy စာချုပ်မူရင်း။
၄။ မှတ်ပုံတင်မိတ္တူ (သေဆုံးသူ ၊ အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ) ။
၅။ ‌ဆေးမှတ်တမ်းစာအုပ် (Cause of loss ပါဝင်ရမည် / ပြည်ပတွင် ဖြစ်ပွားပါက ဆေးမှတ်တမ်းအား ဘာသာပြန်ပေးရပါမည်)။
၆။ ‌သေဆုံးမှတ်တမ်းဓာတ်ပုံ။
၇။ ‌Police case ဖြစ်ပါက ရဲစခန်းထောက်ခံစာ (ပြည်ပတွင် ဖြစ်ပွားပါက ထောက်ခံစာအား ဘာသာပြန်ပေးရပါမည်)။
၈။ ‌Death Certificate (ပြည်ပတွင် ဖြစ်ပွားပါက Death Certificate အား ဘာသာပြန်ပေးရပါမည်)။
၉။ ‌သန်းခေါင်စာရင်း။
၁၀။ နာရေးဖိတ်စာ။

အာမခံထားသည့် လူပုဂ္ဂိုလ် (သို့မဟုတ်) အကျိုးခံစားခွင့်ရှိသူမှ ဆောင်ရွက်ရန်အဆင်မပြေပါက အဆိုပါပုဂ္ဂိုလ်မှ အခြားတစ်ဦးသို့ အကျိုးခံစားခွင့်လွှဲပြောင်းလုပ်ဆောင်ခွင့်ပြုကြောင်း အာမခံကုမ္ပဏီသို့ အကြောင်းကြားစာ ပါရှိရမည်။

FREQUENTLY ASKED QUESTIONS

HOW CAN WE HELP YOU?

If you have any question, please inquiry to 09-269843974, 01-570521, 01-570998 and customerservices@fnilife.com

What is the Policy Term?

Policy Term – (1) year or (2) years

  1. Proposal
  2. NRC
  3. Passport Size Photo
  4. Full medical examination result of the insured person if Sum Insured is more than (30) LAKHS

Premium rate varies with the Age of Insured , Preferred Sum Insured and duration.

The Sum Insured ranges from (1) Lakh to (100) Millions.

It must be between (18) and (64) years old.

The benefits of this insurance are:

  1. Tax exemption on premium
  2. Receive the loan from Bank or Financial Institute if the insured is dead/TPD
  3. Waiver of installment payment if the insured is dead/TPD

Yes, FNI (Life) has One Stop Service.