• Follow Us
PREMIUM CALCULATOR

Public Term Life Insurance

This type of Life insurance that covers death, permanent disability and injuries.   Anyone between 18 and 75 years of age can be insured.

Premium rateCalculation of premium rate is based on the age of the insured and the sum insured.

Insurance period 1 year
Sum insured From a minimum of Ks 0.1 million to a maximum of Ks 20 million.

Public Term Life Insurance premium rate for a sum insured of Ks 1 million

Age Rate Age Rate Age Rate Age Rate
18-27 6,000 49 15,000 59 28,000 68 63,000
28-30 7,000 50-51 16,000 60 31,000 69 70,000
31-34 8,000 52 17,000 61 33,000 70 77,000
35-37 9,000 53 18,000 62 36,000 71 84,000
38-40 10,000 54 19,000 63 40,000 72 91,000
41-42 11,000 55 21,000 64 44,000 73 102,000
43-45 12,000 56 22,000 65 48,000 74 112,000
46-47 13,000 57 23,000 66 52,000 75 123,000
48 14,000 58 25,000 67 56,000

Benefits of Public Term Life Insurance

From 18 to 60 years From 61 to 75 years
Vision loss in one eye 50 % 50 %
Total amputation of an arm 50 % 50 %
Total amputation of a leg 50 % 50 %
Total loss of hearing in one ear 25 % 25 %
One broken arm 10 % 5 %
One broken leg 10 % 5 %

 Death

The sum insured shall be transferred to the beneficiary in case the insured dies during the insurance period.

Terms and conditions

  • Pre-policy medical checkup is required for the proposers of ages between 18 and 60 years for a sum insured amount of Ks 5 million and above and the proposers of ages between 61 and 75 years for a sum insured amount of Ks 3 million and above
  • – One-year insurance premium shall be paid in lump sum

Exclusions

No claim payment shall be made in case the insured dies of anyone of the following cases:

(a) Suicide
(b) Intentional act of the policyholder
(c) Criminal act or law-breaking act of the policyholder
(d) Intentional act of the beneficiary
(e) Abuse of narcotic or hazardous drugs
(f) AIDS/HIV
(g) War, terrorism, riot and similar situations
(h) Pre-existing illnesses that were withheld in filling the proposal

No claim payment shall be made for permanent disability arising out of anyone of the following cases:

(a) Intentional act of the policyholder
(b) Criminal act or law-breaking act of the policyholder
(c) Unsuccessful suicide attempt
(d) Abuse of narcotic or hazardous drugs
(e) AIDS/HIV
(f) War, terrorism, riot and similar situations
(g) Pre-existing illnesses that were withheld in filling the proposal

– No claim payment shall be made for injuries arising out of anyone of the following cases:

(a) Intentional act or gross negligence of the policyholder
(b) Intentional act or gross negligence of the policy buyer
(c) Criminal act or law-breaking act of the insured
(d) Any accident caused by insanity and other mental disorders of the insured
(e) Earthquake, volcanic eruption or tsunami
(f) War, terrorism, riot and similar situations
(g) Abuse of narcotic or hazardous drugs

If you want to buy this insurance, please contact First National Insurance (Life) Co., Ltd. & F.N.I Branches or Insurance Agents dealing with FNI.

ပြည်သူပြည်သားနှစ်ချင်းအသက်အာမခံ ပေါ်လစီ

အခွင့်အရေးနှင့် စည်းကမ်းချက်များ

၁။ အာမခံအကျိုးခံစားခွင့်များ
  • ဤပေါ်လစီပါ အာမခံအကျိုးခံစားခွင့် အရပ်ရပ်၏ ပေးချေမှုစုစုပေါင်းသည် စာချုပ်ချုပ်ဆိုသည့် အာမခံထားငွေ အထိသာ အများဆုံး ရရှိမည် ဖြစ်ပါသည်။
  • အာမခံအကျိုးခံစားခွင့်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
(က) သေဆုံးမှု အကျိုးခံစားခွင့်
(ခ) ထာဝစဉ်မသန်စွမ်းအကျိုးခံစားခွင့်
(ဂ) ထိခိုက်ဒဏ်ရာရရှိမှုအကျိုးခံစားခွင့်
(က) သေဆုံးမှု အကျိုးခံစားခွင့်
  • အာမခံသက်တမ်းအတွင်း အာမခံထားသူ သေဆုံးပါက သေဆုံးမှုအကျိုးခံစားခွင့်ကို သေဆုံးမှုအကျိုးခံစားခွင့် လွှဲပြောင်းခြင်းခံရသူထံသို့ တစ်လုံးတည်းထုတ်ပေးပါမည်။ သေဆုံးမှု အကျိုးခံစားခွင့်ကို ပေးချေပြီးချိန်မှစ၍ အာမခံစာချုပ်သည် ပျက်ပြယ်သွားမည်။
  • သေဆုံးမှုအကျိုးခံစားခွင့်ကို မပေးချေမီ အာမခံထားသူက ထာဝစဉ်မသန်စွမ်းအကျိုးခံစားခွင့်ကို တောင်းခံခြင်းကြောင့် ထာဝစဉ်မသန်စွမ်း အကျိုးခံစားခွင့်ကို ပေးချေလိုက်သဖြင့် အာမခံစာချုပ် ပျက်ပြယ်သွားသည့် အခြေအနေတွင်သေဆုံးမှု အကျိုးခံစားခွင့်ကို မပေးချေပါ။
  • သေဆုံးမှုအကျိုးခံစားခွင့် လွှဲပြောင်းခြင်းခံရသူသည် အသက်(၁၈)နှစ်မပြည့်သေးသူ ဖြစ်လျှင် အာမခံလုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေ (၁၂) (စ)နှင့်အညီ မိဘအရင်း (သို့) တရားဝင်မွေးစားမိဘ (သို့) တရားဝင် အုပ်ထိန်းသူထံသို့သာ အကျိုးခံစားခွင့်ကို ထုတ်ပေးပါမည်။ အာမခံထားသူသည် သေဆုံးခြင်းမတိုင်ခင် ထိခိုက်ဒဏ်ရာရရှိမှု အကျိုးခံစားခွင့်တောင်းခံခဲ့ပါက ထိုတန်ဖိုးကိုနှုတ်ပေးပြီး ကျန်သည့်ငွေသားကို ပေးလျော်သွားမည်။
  • အာမခံထားသူ သေဆုံးချိန်တွင် သေဆုံးမှုအကျိုးခံစားခွင့် လွှဲပြောင်းခြင်းခံရသူသည် သေဆုံးပြီးဖြစ်ကာ အကျိုးခံစားခွင့် ထပ်မံလွှဲပြောင်း ထားခြင်းမရှိလျှင် အာမခံလုပ်ငန်း လုပ်ကိုင်ခွင့် ဥပဒေ (၁၂) (ဆ) နှင့်အညီ အောက်ပါအစီအစဉ်အတိုင်း ထုတ်ပေးပါမည်။ သို့သော် ဤနေရာတွင် ရေးသားဖော်ပြထားသည့် ဆွေမျိုးများ မရှိသည့် အခြေအနေတွင် အမွေဆက်ခံခွင့်အထောက်အထားကိုတင်ပြသည့်ပုဂ္ဂိုလ်ထံသို့ အကျိုးခံစားခွင့်ကို ထုတ်ပေးပါမည်။
    – ခင်ပွန်း/ဇနီး
    – သား/သမီး
    – မြေး
    – ညီအကို/မောင်နှမ
    – မိဘ
  • သေဆုံးမှုအကျိုးခံစားခွင့်ကို ထုတ်ယူရန်အတွက် လိုအပ်သော စာရွက်စာတမ်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
    – အာမခံပေါ်လစီမူရင်း
    – သေစာရင်းမိတ္တူမှန်/ အခြားသော ခိုင်လုံသည့် အထောက်အထား
    – သေဆုံးကြောင်း ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက်
    – အကျိုးခံစားခွင့်တောင်းခံလွှာ
  • အကယ်၍ အာမခံထားသူ သေဆုံးပြီး အလောင်းရှာမတွေ့ပါက (၂)နှစ်စောင့်ဆိုင်းရမည်ဖြစ်ပြီး မျက်မြင်အားဖြင့် သွားလာလှုပ်ရှားမှု မရှိကြောင်း ကျေးရွာ / ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ကို အာမခံကုမ္ပဏီသို့တင်ပြပါက သေဆုံးမှု အကျိုးခံစားခွင့်ကို သေဆုံးမှုအကျိုးခံစားခွင့်လွှဲပြောင်းခြင်းခံရသူ ထံသို့ တစ်လုံးတည်း ထုတ်ပေးပါမည်။
(ခ) ထာဝစဉ်မသန်စွမ်း အကျိုးခံစားခွင့်
  • အာမခံသက်တမ်းအတွင်း အာမခံထားသူသည် မည်သည့်အကြောင်းကြောင့်ဖြစ်စေ ထာဝစဉ်မသန်စွမ်းဖြစ်
    ပြီး ပြန်လည်ကောင်းမွန်ရန် အလားအလာမရှိပါက အာမခံထားသူထံသို့ ထာဝစဉ်မသန်စွမ်းအကျိုးခံစားခွင့်ကို တစ်လုံးတည်းထုတ်ပေးပါမည်။ ထာဝစဉ်မသန်စွမ်း အကျိုးခံစားခွင့်ကို ပေးချေပြီးချိန်မှစ၍ အာမခံ စာချုပ်သည် ပျက်ပြယ်သွားမည်။
  • အာမခံထားသူသည် ထာဝစဉ်မသန်စွမ်းမဖြစ်ခင် ထိခိုက်ဒဏ်ရာရရှိမှု အကျိုးခံစားခွင့် တောင်းခံခဲ့ပါက ထိုတန်ဖိုးကိုနုတ်ပေးပြီး ကျန်သည့်ငွေသားကိုပေးလျော်သွားမည်။
  • ထာဝစဉ်မသန်စွမ်းအကျိုးခံစားခွင့်ကို ထုတ်ယူရန်အတွက် လိုအပ်သောစာရွက်စာတမ်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
    – အာမခံပေါ်လစီမူရင်း
    – ဆေးကုသခြင်းကို တာဝန်ယူခဲ့သည့် အထူးကုဆရာဝန်က ထုတ်ပေးသည့် ထာဝစဉ်မသန်စွမ်းဖြစ် ကြောင်းထောက်ခံချက်
    – ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အသိအမှတ်ပြုထားသည့် ဆေးရုံ/ဆေးခန်းများက ထုတ် ပေးသည့် ဆေးကုသမှုမှတ်တမ်း
    – အကျိုးခံစားခွင့်တောင်းခံလွှာ
  • ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းဆိုသည်မှာ အောက်ပါကဲ့သို့သော အခြေအနေကို ဆိုလိုပါသည်။
    – မျက်စိနှစ်ဖက် လုံးဝ ကွယ်ခြင်း။
    – လက်ကောက်ဝတ် အထက်ပိုင်းမှ လက်နှစ်ဖက် လုံးဝပြတ်ခြင်း၊ လုံးဝအသုံးပြု၍ မရခြင်း။
    – ခြေကျင်းဝတ် အထက်ပိုင်းမှ ခြေထောက်နှစ်ဖက် လုံးဝပြတ်ခြင်း၊ လုံးဝအသုံးပြု၍ မရခြင်း။
    – မျက်စိတစ်ဖက် လုံးဝကွယ်ခြင်းနှင့် လက်ကောက်ဝတ် အထက်ပိုင်းမှ လက်တစ်ဖက် လုံးဝပြတ်ခြင်း/ လုံးဝအသုံးပြု၍ မရခြင်း။
    – မျက်စိတစ်ဖက် လုံးဝကွယ်ခြင်းနှင့် ခြေကျင်းဝတ်အထက်ပိုင်းမှ ခြေထောက်တစ်ဖက် လုံးဝပြတ်ခြင်း/
    လုံးဝအသုံးပြု၍မရခြင်း။
    – ဆေးကုသခြင်းကို တာဝန်ယူခဲ့သည့် အထူးကုဆရာဝန်က ထုတ်ပေးသည့် ထာဝစဉ် မသန်စွမ်း ဖြစ်ကြောင်း ထောက်ခံချက်။ သို့သော် လိုအပ်ပါက အာမခံကုမ္ပဏီက ရွေးချယ်ပေးသော ဆရာဝန်(၂)ဦးက ထုတ်ပေးသည့် ထာဝစဉ် မသန်စွမ်း ဖြစ်ကြောင်း ထောက်ခံချက်ကိုလည်း ပူးတွဲတင်ပြရမည်။
(ဂ) ထိခိုက်ဒဏ်ရာရရှိမှု အကျိုးခံစားခွင့်
  • အာမခံသက်တမ်းတွင် အာမခံထားသူသည် မမျှော်လင့်ထားသည့် မတော်တဆမှုကြောင့် အောက်ပါ ဇယားတွင် သတ်မှတ်ဖော်ပြထားသော ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေဖြစ်ပါက အဆိုလွှာနှင့် ပေါ်လစီ
    တွင် ဖော်ပြထားသည့် အာမခံထားသူ၏ အသက်အရွယ်အလိုက် အောက်ပါဇယားတွင် သတ်မှတ် ဖော်ပြ ထားသည့်အတိုင်း အသက်အရွယ်ပေါ်မူတည်သည့် အကျိုးခံစားခွင့်ရာခိုင်နှုန်းအချိုးအစား (ထာဝစဉ် မသန်စွမ်း အကျိုးခံစားခွင့်ပေါ် မူတည်ပြီး တွက်ချက်သည့် ရာခိုင်နှုန်း အချိုးအစား) ဖြင့် ထိခိုက်ဒဏ်ရာရှိမှု အကျိုးခံစားခွင့်ကို တစ်လုံးတည်းထုတ်ပေးပါမည်။ သို့သော် အာမခံထားငွေ ၁၀၀ရာခိုင်နှုန်း အပြည့်ပေးပြီး ပေါ်လစီသည် အလိုအလျောက် ပျက်ပြယ်မည်။

    အသက် ၁၈ နှစ် မှ
    အသက် ၆၀ နှစ်
    အသက် ၆၁ နှစ် မှ
    အသက် ၇၅ နှစ်
    မျက်စိတစ်ဖက် လုံးဝ ကွယ်ခြင်း ၅၀%
    နားတစ်ဖက် လုံးဝ ပင်းခြင်း ၂၅%
    လက်တစ်ဖက် လုံးဝ ပြတ်ခြင်း ၅၀%
    ခြေတစ်ဖက် လုံးဝ ပြတ်ခြင်း ၅၀%
    လက်တစ်ဖက် ကျိုးခြင်း ၁၀% ၅%
    ခြေတစ်ဖက် ကျိုးခြင်း ၁၀% ၅%
  • သတ်မှတ်ထားသော ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားချိန်နှင့် တစ်ချိန်တည်းတွင် သေဆုံးခြင်း သို့မဟုတ် ထာဝစဉ်မသန်စွမ်းခြင်း ဖြစ်ပွားခဲ့ပါက ထိခိုက်ဒဏ်ရာရရှိမှု အကျိုးခံစားခွင့်ကို မပေးချေပါ။
  • ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေ ၂ခုနှင့်အထက် ကိုက်ညီနေပါက အသီးသီးသော ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေနှင့်ကိုက်ညီသည့် အကျိုးခံစားခွင့် ရာခိုင်နှုန်း အချိုးအစားဖြင့် ထိခိုက်ဒဏ်ရာရရှိမှုအကျိုးခံစားခွင့်ကို ထုတ်ပေးပါမည်။
  • ထိခိုက်ဒဏ်ရာရရှိမှု အကျိုးခံစားခွင့်ကို ထုတ်ယူရန်အတွက် လိုအပ်သောစာရွက်စာတမ်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
    – အာမခံပေါ်လစီမူရင်း
    – ဆေးကုသခြင်းကို တာဝန်ယူခဲ့သည့် အထူးကုဆရာဝန်က ထုတ်ပေးသည့် ထိခိုက်ဒဏ်ရာရရှိမှု
    အခြေအနေ ထောက်ခံချက်
    – ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိအမှတ်ပြုထားသည့် ဆေးရုံ/ဆေးခန်းများက
    ထုတ်ပေးသည့် ဆေးကုသမှုမှတ်တမ်း
    – အကျိုးခံစားခွင့်တောင်းခံလွှာ
၂။ စာချုပ်ဖျက်သိမ်းအမ်းငွေ
  • စာချုပ်ဖျက်သိမ်းအမ်းငွေမရှိပါ။
၃။ အကျိုးခံစားခွင့်မရနိုင်သည့်ကိစ္စများ
  • အာမခံထားသူသည် အောက်ဖော်ပြပါ အကြောင်းကိစ္စရပ် တစ်ခုခုကြောင့် သေဆုံးပါက သေဆုံးမှု အကျိူးခံစားခွင့်ကို မပေးချေပါ။
(က) မိမိကိုယ်ကိုသတ်သေခြင်း
(ခ) ပေါ်လစီရှင်၏ တမင်ရည်ရွယ်လုပ်ဆောင်မှုဖြစ်ခြင်း
(ဂ) အာမခံထားသူက ရာဇဝတ်မှုကျူးလွန်ခြင်း၊ ဥပဒေချိုးဖောက်ခြင်း၊
(ဃ) သေဆုံးမှု အကျိုးခံစားခွင့် လွှဲပြောင်းခြင်းခံရသူ၏ တမင်ရည်ရွယ်လုပ်ဆောင်မှု ဖြစ်ခြင်း
(င) မူးယစ်ဆေးဝါး သို့မဟုတ် ဘေးအန္တရာယ်ဖြစ်စေသောဆေးကို သုံးစွဲခြင်း
(စ) AIDS/ HIV
(ဆ) စစ်ပွဲ၊ အကြမ်းဖက်ဖျက်ဆီးခြင်း၊ အဓိကရုဏ်း၊ ၎င်းတို့နှင့် အလားတူ ဖြစ်ရပ်များ
(ဇ) အာမခံဝယ်ယူစဉ်က ဖော်ပြရန်ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါများ
  • အာမခံထားသူသည် အောက်ဖော်ပြပါ အကြောင်းကိစ္စရပ် တစ်ခုခုကြောင့် ထာဝစဉ် မသန်စွမ်း ဖြစ်ပါက
    ထာဝစဉ်မသန်စွမ်း အကျိုးခံစားခွင့်ကို မပေးချေပါ။
(က)ပေါ်လစီရှင်၏ တမင်ရည်ရွယ်လုပ်ဆောင်မှုဖြစ်ခြင်း။
(ခ) အာမခံထားသူ၏ တမင်ရည်ရွယ်လုပ်ဆောင်မှုဖြစ်ခြင်။
(ဂ) အာမခံထားသူက ရာဇဝတ်မှုကျူးလွန်ခြင်း၊ ဥပဒေချိုးဖောက်ခြင်း။
(ဃ) မိမိကိုယ်ကိုသတ်သေရန် ကြိုးစားခဲ့သော်လည်း မသေဆုံးခဲ့ခြင်း
(င) မူးယစ်ဆေးဝါး သို့မဟုတ် ဘေးအန္တရာယ်ဖြစ်စေသောဆေးကို သုံးစွဲခြင်း
(စ) AIDS/ HIV
(ဆ) စစ်ပွဲ၊ အကြမ်းဖက်ဖျက်ဆီးခြင်း၊ အဓိကရုဏ်း၊ ၎င်းတို့နှင့် အလားတူ ဖြစ်ရပ်များ
(ဇ) အာမခံဝယ်ယူစဉ်က ဖော်ပြရန်ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါများ
  • အာမခံထားသူသည် အောက်ဖော်ပြပါ အကြောင်းကိစ္စရပ် တစ်ခုခုကြောင့် သတ်မှတ်ထားသော ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပါက ထိခိုက်ဒဏ်ရာရရှိမှု အကျိုးခံစားခွင့်ကို မပေးချေပါ။
(က) ပေါ်လစီရှင်၏ တမင်ရည်ရွယ်လုပ်ဆောင်မှုဖြစ်ခြင်း သို့မဟုတ် ကြီးမားသော ပေါ့ဆမှုဖြစ်ခြင်း
(ခ) အာမံထားသူ၏ တမင်ရည်ရွယ်လုပ်ဆောင်မှုဖြစ်ခြင်း သို့မဟုတ် ကြီးမားသော ပေါ့ဆမှုဖြစ်ခြင်း
(ဂ) အာမခံထားသူက ရာဇဝတ်မှုကျူးလွန်ခြင်း၊ဥပဒေချိုးဖောက်ခြင်း
(ဃ) အာမခံထားသူ၏ စိတ်ရောဂါဝေဒနာကြောင့်ဖြစ်သည့် မတော်တဆမှု
(င) ငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း သို့မဟုတ် ဆူနာမီဖြစ်ခြင်း
(စ) စစ်ပွဲ၊ အကြမ်းဖက်ဖျက်ဆီးခြင်း၊ အဓိကရုဏ်း၊ ၎င်းတို့နှင့် အလားတူဖြစ်ရပ်များ
(ဆ) မူးယစ်ဆေးဝါး သို့မဟုတ် ဘေးအန္တရာယ်ဖြစ်စေသောဆေးကို သုံးစွဲခြင်း

ပြည်သူပြည်သားနှစ်ချင်းအသက်အာမခံ‌ပေါ်လစီ

အာမခံကိုယ်စားလှယ်အမည် —————————- ပေါ်လစီအမှတ် —————————-
ကိုယ်စားလှယ်အမှတ် —————————- ရက်စွဲ —————————-
၁။ ပြည်သူပြည်သား နှစ်ချင်းအသက်အာမခံ အဆိုလွှာနှင့် ကျန်းမာ‌ရေးစစ်ဆေးချက် ‌အဖြေများသည် ‌ပေါ်လစီရှင်ဖြစ်သည့် ကျွန်ုပ်နှင့် အာမခံကုမ္ပဏီတို့ ချုပ်ဆိုမည့်အာမခံစာချုပ်အတွက် လိုအပ်သော အခြေခံအချက်ကြီးများ ဖြစ်ကြောင်းနှင့် ၎င်း‌ဖော်ပြချက်များနှင့် ကျန်းမာ‌ရေးစစ်ဆေးချက် အဖြေများတွင် မမှန်ကန်သောအချက် သို့မဟုတ် အချက်များပါရှိခဲ့လျှင် အာမခံစာချုပ် ပယ်ဖျက်ခံရမည် ‌ဖြစ်ကြောင်းကို ‌ပေါ်လစီရှင်သည် နားလည်သိရှိသဘောတူပါသည်။
၂။ ထိုကဲ့သို့ နှစ်ဦးနှစ်ဖက် သဘောတူညီကြသည့်အလျောက် ‌‌ပေါ်လစီရှင်သည် ‌အောက်တွင်ဖော်ပြထားသည့်အတိုင်း ပရီမီယံကို ‌ပေးသွင်းရမည်ဖြစ်ပြီး၊ ဤကုမ္ပဏီသည် အာမခံစာချုပ်၌ ‌ဖော်ပြထား‌သော အခွင့်အရေးများ၊ စည်းမျဥ်းများ၊ ပြင်ဆင်ချက်များနှင့်အညီ ‌ပေါ်လစီရှင်၊ အာမခံထားသူနှင့် အကျိုးခံစားခွင့် လွှဲပြောင်းခြင်းခံရသူထံသို့ ‌ပေး‌ချေရန် တာ၀န်ယူ ကတိပြုပါသည်။
၃။ ဤအာမခံပေါ်လစီသည် အာမခံစာချုပ်ချုပ်ဆိုရန် အဆိုပြုခြင်းကို ဤကုမ္ပဏီကသဘောတူ လက်ခံလိုက်ပြီး၊ ‌ပေါ်လစီရှင်ထံမှ ပရီမီယံကြေးကို လက်ခံရရှိသော အချိန်တွင် စတင်အသက်၀င်သည်။
ပေါ်လစီရှင် အာမခံထားသူ
အမည်
နောက်မွေး‌နေ့တွင်ပြည့်မည့်အသက်
နေရပ်လိပ်စာ
အလုပ်အကိုင်
အာမခံသက်တမ်း (                   ) မှ (                   )
အာမခံစသော‌နေ့ —————————————————————————————————————-
အာမခံသက်တမ်း‌စေ့မည့်နေ့ —————————————————————————————————————-
အာမခံထား‌ငွေ (ကျပ်) —————————————————————————————————————-
ပရီမီယံ
တစ်နှစ်ပရီမီယံ (ကျပ်) —————————————————————————————————————-
သေဆုံးမှု အကျိုးခံစားခွင့် လွှဲပြောင်းခြင်းခံရသူ

အမည် တော်စပ်ပုံ ရာခိုင်နှုန်းအချိုးအစား

အာမခံအကျိုးခံစားခွင့် ပေး‌ချေရမည့် အ‌ကြောင်းရင်း

အာမခံထားသူ ‌သေဆုံးချိန်တွင် ‌သေဆုံးမှုအကျိုးခံစားခွင့်ကို ‌သေဆုံးမှုအကျိုးခံစားခွင့် လွှဲပြောင်းခြင်းခံရသူ ထံသို့ ထုတ်ပေးမည်ဖြစ်ပြီး၊ အာမခံထားသူက ထာ၀စဥ်မသန်စွမ်းဖြစ်ခြင်း (သို့မဟုတ်) ထိခိုက်ဒဏ်ရာရရှိခြင်းဖြစ်သည့်အခါ ထာ၀စဥ်မသန်စွမ်းအကျိုးခံစားခွင့် (သို့မဟုတ်) ထိခိုက်ဒဏ်ရာရရှိမှု အကျိုးခံစားခွင့်ကို အာမခံထားသူထံသို့ ထုတ်ပေးမည်။

ပေါ်လစီထုတ်ပေးသည့်ရက်စွဲ ——————–ခုနှစ်၊ ———————– လ၊ (————)ရက်

(တာ၀န်ခံအရာရှိ)

Product Proposal Form

Download

ပြည်သူပြည်သားနှစ်ချင်း အသက်အာမခံ လျော်ကြေးပေါ်ပေါက်ပါက ဆောင်ရွက်ရမည့် အချက်များ

Injury
၁။ အကြောင်းကြားစာ (Claim ဖြစ်သူ Customer)
၂။ တောင်းခံလွှာ (Claims Form)
၃။ Policy
၄။ မှတ်ပုံတင်မိတ္တူ (Claim ဖြစ်သူ Customer)
၅။ ဆေးမှတ်တမ်းစာအုပ် (Cause of loss ပါဝင်ရမည် / ပြည်ပတွင် ဖြစ်ပွားပါက ဆေးမှတ်တမ်းအား ဘာသာပြန်ပေးရပါမည်)
၆။ ဒဏ်ရာဓာတ်ပုံ(ဒဏ်ရာသီးသန့်ပုံ နှင့် လူနှင့်ဒဏ်ရာတွဲလျက်ပုံ)
၇။ Police case ဖြစ်ပါက ရဲစခန်းထောက်ခံစာ (ပြည်ပတွင် ဖြစ်ပွားပါက ထောက်ခံစာအား ဘာသာပြန်ပေးရပါမည်)
Total Permanent Disability
၁။ အကြောင်းကြားစာ (အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)
၂။ တောင်းခံလွှာ (Claims Form)
၃။ Policy
၄။ မှတ်ပုံတင်မိတ္တူ (ထာဝစဉ်မသန်စွမ်းဖြစ်သူ ၊ အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)
၅။ ဆေးမှတ်တမ်းစာအုပ် (Cause of loss ပါဝင်ရမည် / ပြည်ပတွင် ဖြစ်ပွားပါက ဆေးမှတ်တမ်းအား ဘာသာပြန်ပေးရပါမည်)
၆။ ဆေးကုသသည့် အထူးကုဆရာဝန်၏ ထာဝစဉ်မသန်စွမ်းဖြစ်ကြောင်း ထောက်ခံချက်
၇။ ဒဏ်ရာဓာတ်ပုံ(ဒဏ်ရာသီးသန့်ပုံ နှင့် လူနှင့်ဒဏ်ရာတွဲလျက်ပုံ)
၈။ သန်းခေါင်စာရင်း
၉။ Police case ဖြစ်ပါက ရဲစခန်းထောက်ခံစာ (ပြည်ပတွင် ဖြစ်ပွားပါက ထောက်ခံစာအား ဘာသာပြန်ပေးရပါမည်)
Death
၁။ အကြောင်းကြားစာ (အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)
၂။ တောင်းခံလွှာ (Claims Form)
၃။ Policy စာချုပ်မူရင်း
၄။ မှတ်ပုံတင်မိတ္တူ(သေဆုံးသူ ၊ အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)
၅။ ဆေးမှတ်တမ်းစာအုပ် (Cause of loss ပါဝင်ရမည် / ပြည်ပတွင် ဖြစ်ပွားပါက ဆေးမှတ်တမ်းအား ဘာသာပြန် ပေးရပါမည်)
၆။ သေဆုံးမှတ်တမ်းဓာတ်ပုံ
၇။ Police case ဖြစ်ပါက ရဲစခန်းထောက်ခံစာ (ပြည်ပတွင် ဖြစ်ပွားပါက ထောက်ခံစာအား ဘာသာပြန်ပေးရပါမည်)
၈။ Death Certificate (ပြည်ပတွင် ဖြစ်ပွားပါက Death Certificate အား ဘာသာပြန်ပေးရပါမည်)
၉။ သန်းခေါင်စာရင်း
၁၀။ နာရေးဖိတ်စာ

အာမခံထားသည့် လူပုဂ္ဂိုလ် (သို့မဟုတ်) အကျိုးခံစားခွင့်ရှိသူမှ ဆောင်ရွက်ရန်အဆင်မပြေပါက အဆိုပါပုဂ္ဂိုလ်မှ အခြားတစ်ဦးသို့ အကျိုးခံစားခွင့်လွှဲပြောင်းလုပ်ဆောင်ခွင့်ပြုကြောင်း အာမခံကုမ္ပဏီသို့ အကြောင်းကြားစာ ပါရှိရမည်။

FREQUENTLY ASKED QUESTIONS

HOW CAN WE HELP YOU?

If you have any question, please inquiry to 09-269843974, 01-570521, 01-570998 and customerservices@fnilife.com

What is the Policy Term?

Policy Term – (1) year

  1. Proposal
  2. NRC
  3. Passport Size Photo
  4. Full medical examination result is required depend on Age & Sum Insured

The Public Term Life Insurance ranges from (1) Lakhs to (200) Lakhs.

The premium varies with the Age, and Preferred Sum Insured.

The benefit is granted when:

  1. The insured person is dead.
  2. The insured person is total permanent disability
  3. The insured person is injury.

Usually it takes approximately 60~90 minutes if all documents are available.

Yes, FNI (Life) has One Stop Service.