• Follow Us
PREMIUM CALCULATOR

News And Events

FNI LIFE FEB FEVER (Golf)

First National Insurance ကပြုလုပ်တဲ့ မြန်မာနိုင်ငံရဲ့အကြီးဆုံး Golf Tour ပျော်ပွဲရွှင်ပွဲကို ဖေဖော်ဝါရီ(၂) ရက်ကရန်ကုန်မြို့လှိုင်သာယာမြို့နယ်ရှိ ပန်းလှိုင်ဂေါက်ကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲဟာ Golf အားကစားနဲ့အတူ မိသားစုလိုက် Fun Acitivites တွေပူးတွဲပြုလုပ်တဲ့ ပထမဆုံးပွဲဖြစ်ပါတယ်။ တစ်နေ့တာပျော်ပွဲရွှင်ပွဲအစီအစဉ်မှာ ပန်းလှိုင်ဂေါက်ကွင်းတစ်ခုလုံးကို zone လေးခုခွဲပြီး ကျင်းပခဲ့ပါတယ်။ ဂေါက်ရိုက် Zone ၊ အစားအသောက်နဲ့မုန့်ဈေးတန်း Zone ၊ Acitivites Zone နဲ့ Party Zone ဆိုပြီးပြုလုပ်ခဲ့ပါတယ်။ သောကကင်း‌ဝေး စိတ်အေးစေနိုင် FNI

View Event Details

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် မသန်စွမ်းသူများ စွမ်းဆောင်ရည်ပြပွဲအတွက် FNI Life မှ ပူးပေါင်းကူညီဆောင်ရွက်ခြင်း

03 . 12 . 2019 | IBC Room

First National Insurance Life Company Limited သည် ရန်ကုန်မြို့၊ ပြည်လမ်း၊ အပြည်ပြည်ဆိုင်ရာ စီးပွားရေးဗဟိုဌာန (IBC) ခန်းမတွင်၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ(၃)ရက်၊ အင်္ဂါနေ့၌ ကျင်းပပြုလုပ်ခဲ့သော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် မသန်စွမ်းသူများစွမ်းဆောင်ရည်ပြပွဲတွင် မသန်စွမ်းသူများကို အလေးထားကူညီလိုသောကြောင့် Main Sponsor အဖြစ်ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ပါသည်။ မြန်မာနိုင်ငံတွင် မသန်စွမ်းသူများအပေါ် မသိနားမလည်ခြင်း၊ လျစ်လျူရှုခြင်း၊ အယူသီးခြင်းနှင့် ကြောက်ရွံ့ စိုးရိမ်ခြင်းများကြောင့် မြန်မာနိုင်ငံရှိ မသန်စွမ်းသူများအနေဖြင့် အထီးကျန်ဘ၀တွင် ရှိနေဆဲဖြစ်ပါသည်။ မသန်စွမ်းသူများ၏ အခွင့်အရေးများအတွက် အခြေခံကျသည့် အပြည့်အ၀ပူးပေါင်းဆောင်ရွက်ခွင့်နှင့် သာတူညီမျှအခွင့်အရေးများကို ကာကွယ်မြှင့်တင်ရန် စိန်ခေါ်မှုများ ကျန်ရှိနေဆဲဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်းကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ပါသည်။ မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် စွမ်းဆောင်နိုင်သူများ ကို မြန်မာ့လူ့အဖွဲ့အစည်းက သိရှိအလေးထားစေရန်ရည်ရွယ်၍...

View Event Details

𝐅𝐍𝐈(𝐥𝐢𝐟𝐞) က 𝐌𝐈𝐀 𝐌𝐞𝐦𝐛𝐞𝐫𝐬𝐡𝐢𝐩 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 ကို ဝမ်းမြောက်စွာလက်ခံရရှိခြင်း

28 . 08 . 2020 | င်𝐏𝐮𝐥𝐥𝐦𝐚𝐧𝐘𝐚𝐧𝐠𝐨𝐧𝐂𝐞𝐧𝐭𝐫𝐞𝐩𝐨𝐢𝐧𝐭

၂၀၂၀ပြည့်နှစ်၊သြဂုတ်လ၊၂၈ရက်၊သောကြာနေ့တွင်𝐏𝐮𝐥𝐥𝐦𝐚𝐧𝐘𝐚𝐧𝐠𝐨𝐧𝐂𝐞𝐧𝐭𝐫𝐞𝐩𝐨𝐢𝐧𝐭၌မြန်မာနိုင်ငံအာမခံအသင်းMyanmar Insurance Association(𝐌𝐈𝐀) မှအသင်းဝင်အာမခံကုမ္ပဏီများသို့𝐌𝐞𝐦𝐛𝐞𝐫𝐬𝐡𝐢𝐩𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞ပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာFirst National Insurance(Life) Co.,Ltd. ၏Executive Director မှတက်ရောက်လက်ခံခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင်မြန်မာနိုင်ငံအာမခံအသင်းဥက္ကဌ၊(ဒုဥက္ကဌ-၁) နှင့်(ဒုဥက္ကဌ-၂) တို့မှ𝐌𝐞𝐦𝐛𝐞𝐫𝐬𝐡𝐢𝐩𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞များပေးအပ်ခဲ့ကြပြီး𝐌𝐈𝐀အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊အသင်းဝင်အာမခံကုမ္ပဏီ(၂၅) ခုမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ သောကကင်းဝေးစိတ်အေးစေနိုင်𝐅𝐍𝐈 #FNILIFE

View Event Details