• Follow Us
PREMIUM CALCULATOR

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် မသန်စွမ်းသူများ စွမ်းဆောင်ရည်ပြပွဲအတွက် FNI Life မှ ပူးပေါင်းကူညီဆောင်ရွက်ခြင်း

03 . 12 . 2019 IBC Room

/

First National Insurance Life Company Limited သည် ရန်ကုန်မြို့၊ ပြည်လမ်း၊ အပြည်ပြည်ဆိုင်ရာ စီးပွားရေးဗဟိုဌာန (IBC) ခန်းမတွင်၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ(၃)ရက်၊ အင်္ဂါနေ့၌ ကျင်းပပြုလုပ်ခဲ့သော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် မသန်စွမ်းသူများစွမ်းဆောင်ရည်ပြပွဲတွင် မသန်စွမ်းသူများကို အလေးထားကူညီလိုသောကြောင့် Main Sponsor အဖြစ်ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ပါသည်။ မြန်မာနိုင်ငံတွင် မသန်စွမ်းသူများအပေါ် မသိနားမလည်ခြင်း၊ လျစ်လျူရှုခြင်း၊ အယူသီးခြင်းနှင့် ကြောက်ရွံ့ စိုးရိမ်ခြင်းများကြောင့် မြန်မာနိုင်ငံရှိ မသန်စွမ်းသူများအနေဖြင့် အထီးကျန်ဘ၀တွင် ရှိနေဆဲဖြစ်ပါသည်။ မသန်စွမ်းသူများ၏ အခွင့်အရေးများအတွက် အခြေခံကျသည့် အပြည့်အ၀ပူးပေါင်းဆောင်ရွက်ခွင့်နှင့် သာတူညီမျှအခွင့်အရေးများကို ကာကွယ်မြှင့်တင်ရန် စိန်ခေါ်မှုများ ကျန်ရှိနေဆဲဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်းကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ပါသည်။ မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် စွမ်းဆောင်နိုင်သူများ ကို မြန်မာ့လူ့အဖွဲ့အစည်းက သိရှိအလေးထားစေရန်ရည်ရွယ်၍ ၁၉၉၄ ခုနှစ်မှစတင်ပြီး အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနားကို နှစ်စဉ် ဒီဇင်ဘာလ ၃ ရက်နေ့တိုင်း ကျင်းပလျက်ရှိပါသည်။ FNI Life Co.,Ltd အနေဖြင့် မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ၏ အခွင့်အရေးများအတွက် အလေးထားကူညီလိုသောကြောင့် အဆိုပါအခမ်းအနားကို Main Sponsor အနေဖြင့်သာမက Coporate Social Responsible(CSR) အနေဖြင့်လည်း ပူးပေါင်းကူညီဆောင်ရွက် ပေးခဲ့ခြင်းဖြစ်ပါသည်။

 

သောကကင်းဝေး စိတ်အေးစေနိုင် FNI