အားကစားသမားများ လေ့ကျင့်နေစဉ် နှင့် ပြိုင်ပွဲဝင်နေစဉ်အတွင်း ထိခိုက်ဒဏ်ရာရခြင်း နှင့် သေဆုံးခြင်းများအတွက် လျော်ကြေးအထောက်အပံ့ ပြန်လည်ရရှိနိုင်သည့် အာမခံအမျိုးအစားဖြစ်ပါသည်။
| အာမခံထားနိုင်သည့်သူများ | အသက် (၁၀) နှစ် မှ (၆၀) နှစ် အတွင်းရှိ အားကစားသမားများ |
| အာမခံသက်တမ်း | (၁) နှစ် |
| အာမခံထားငွေ | (၁) ယူနစ်လျှင် အာမခံထားငွေကျပ် (၁၀) သိန်း (အများဆုံး (၅) ယူနစ်အထိ ဝယ်ယူနိုင်ပါသည်။) |
| ပရီမီယံနှုန်း | (၁) ယူနစ်လျှင် ပရီမီယံ ကျပ် (၅,၀၀၀) |
အားကစားသမားကိုယ်အင်္ဂါထိခိုက်မှုအာမခံ ဝယ်ယူထားသောအားကစားသမားများ ပြည်ပတိုင်းပြည်သို့သွားရောက် ယှဉ်ပြိုင်ရပါက ရက်တို (၇) ရက် ခရီးစဉ်အတွက် ကျပ် (၅၀၀) ၊ (၁) လ ခရီးစဉ်အတွက် ကျပ် (၁,၀၀၀) ထပ်မံပေးဆောင်ရပါမည်။
ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများအတွက် (၁) ယူနစ်လျှင် အောက်ပါအတိုင်းပေးလျော်ပါမည်။ (အကျိုးခံစားခွင့် လွှဲပြောင်းခံရ သူသို့ ပေးလျော်ပါမည်။)
| (၁) | သေဆုံးခြင်း | ကျပ် (၁၀) သိန်း |
| (၂) | ထာဝစဉ်မသန်စွမ်းခြင်း | ကျပ် (၁၀) သိန်း |
| (၃) | မျက်စိတစ်ဖက်လုံးဝကွယ်ခြင်း | ကျပ် (၅) သိန်း |
| (၄) | လက်တစ်ဖက်လုံးဝပြတ်ခြင်း | ကျပ် (၅) သိန်း |
| (၅) | ခြေတစ်ဖက်လုံးဝပြတ်ခြင်း | ကျပ် (၅) သိန်း |
| (၆) | လက်တစ်ဖက်လုံးဝကျိုးခြင်း | ကျပ် (၂) သိန်း |
| (၇) | ခြေတစ်ဖက်လုံးဝကျိုးခြင်း | ကျပ် (၂) သိန်း |
| (၈) | နားတစ်ဖက်လုံးဝပင်းခြင်း | ကျပ် (၂) သိန်း |
| (၉) | ဆေးရုံတက်ရခြင်း (တစ်ပတ်) | ကျပ် (၁) သောင်း (၅၂) ပတ်အထိသာ |
အာမခံသက်တမ်းအတွင်း လျော်ကြေးတစ်ကြိမ်တောင်းခံပြီးပါက အာမခံအသစ်ထပ်မံထားရှိရပါမည်။
မိမိကိုယ်ကို ထိခိုက်အောင် တမင်ပြုလုပ်ခြင်း၊ ရာဇဝတ်မှု၊ မူးယစ်ဆေးဝါး၊ အရက်သေစာသောက်စားခြင်းကြောင့် ရရှိသော ထိခိုက်မှုများနှင့် လက်ဝှေ့၊ ဂျုဒို၊ ကရာတေး၊ သိုင်း စသော အားကစားသမားများ သာမန်ဖူးယောင်ပွန်းပဲ့ခြင်းအတွက် အာမခံလျော်ကြေးမရရှိနိုင်ပါ။
အာမခံထားရှိလိုပါက
FNI (Life) ရုံးချုပ် နှင့် ရုံးခွဲများသို့ လည်းကောင်း၊ FNI (Life) နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော အာမခံကိုယ်စားလှယ်များသို့လည်းကောင်း ဆက်သွယ်၍ အာမခံထားရှိနိုင်ပါသည်။
| ကျပ် | ||
| (၁) | သေဆုံးခြင်း | ၁၀ သိန်း |
| (၂) | ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း | ၁၀ သိန်း |
| (၃) | မျက်စေ့တစ်ဖက်လုံးဝကွယ်ခြင်း | ၅ သိန်း |
| (၄) | လက်တစ်ဖက်လုံးဝပြတ်ခြင်း | ၅ သိန်း |
| (၅) | ခြေတစ်ဖက်လုံးဝပြတ်ခြင်း | ၅ သိန်း |
| (၆) | လက်တစ်ဖက်လုံးဝကျိုးခြင်း | ၂ သိန်း |
| (၇) | ခြေတစ်ဖက်လုံးဝကျိုးခြင်း | ၂ သိန်း |
| (၈) | နားတစ်ဖက်လုံးဝပင်းခြင်း | ၂ သိန်း |
| (၉) | ဆေးရုံတက်ရခြင်း (တစ်ပတ်) | ၁၀၀၀၀ိ/- (၅၂ ပတ်ထိသာ) |
| (က) | အထက်ဖော်ပြပါ ဒဏ်ရာများတွင် အကျုံးမဝင်သော အခြားဒဏ်ရာများရပါက အထက်ဖော်ပြပါ အကျိုးခံစားခွင့်နှုန်းထားများကို အခြေခံ၍ အကျိုးခံစားခွင့်ကို သတ်မှတ်မည်။ |
| (ခ) | အာမခံထားသူတစ်ဦး ဒဏ်ရာများရခြင်းကြောင့် ပေးချေရမည့် အကျိုးခံစားခွင့် စုစုပေါင်းသည် မိမိဝယ်ယူထားသော အာမခံအကာအကွယ် ထက် မပိုစေရ။ |
| (၁) | အသက် ၁၀ နှစ် မှ ၆၀နှစ် အတွင်းရှိသူ အားကစားသမားသာ ဤအာမခံကို ထားရှိနိုင်ပါသည်။ |
| (၂) | အာမခံထားရှိသော အားကစားသမားသည် အာမခံသက်တမ်းအတွင်း အားကစားရုံ (သို့) အားကစားကွင်းအတွင်း အားကစားလေ့ကျင့်နေစဉ်ဖြစ်စေ၊ အားကစားယှဉ်ပြိုင်နေစဉ်ဖြစ်စေ မတော်တဆထိခိုက်မိပါက အထက်ဖော်ပြပါ အကျိုးခံစားခွင့်များကို ရရှိမည်ဖြစ်ပါသည်။ |
| (၃) | အာမခံထားရှိသော အားကစားသမားက မိမိကိုယ်တွင်ထိခိုက်မှုဖြစ်အောင် တမင်တကာဆောင်ရွက်ခြင်းကြောင့်ဖြစ်ပေါ်လာသော ထိခိုက်မှုမှာ ဤအာမခံတွင် အကျုံးမဝင်ပါ။ |
| (၄) | ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့် (သို့မဟုတ်) မူးယစ်ဆေးဝါး (သို့မဟုတ်) အရက်သေစာသောက်စားခြင်းကြောင့် တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း ဆက်နွယ်ဖြစ်ပေါ်လာသည့် ထိခိုက်မှုမှာ ဤအာမခံတွင် အကျုံးမဝင်ပါ။ |
| (၅) | လက်ဝှေ့၊ ဂျူဒို၊ ကရာတေး၊ သိုင်း စသော အားကစားသမားများအနေဖြင့် သာမန် ဖူးယောင်ပွန်းပဲ့ခြင်းများ အတွက် အကျုံးမဝင်ပါ။ |
| (၆) | အာမခံသက်တမ်းအတွင်းလျော်ကြေးရရှိပြီးပါက အားကစားသမား ကိုယ်အင်္ဂါထိခိုက်မှု အာမခံအသစ် ထပ်မံထားရမည်။ |
| ကိုယ်စားလှယ်အမည် ———————————— | လက်မှတ်အမှတ် ———————————— | |
| ကိုယ်စားလှယ်အမှတ် ———————————— | ရက်စွဲ ———————————— | |
| ဤအာမခံလက်မှတ်၌ ဖော်ပြထားသော ပရီမီယံ လက်ခံရရှိပြီးဖြစ်၍ အာမခံထားသူသည် အာမခံသက်တမ်းအတွင်း အားကစားရုံ (သို့မဟုတ်) အားကစားကွင်းအတွင်း အားကစားလေ့ကျင့်နေစဉ်ဖြစ်စေ၊ အားကစားယှဉ်ပြိုင်နေစဉ်ဖြစ်စေ၊ မတော်တဆ ထိခိုက်မိပါက ဤအာမခံလက်မှတ်နောက်ကျောတွင် ဖော်ပြထားသည့် အကျိုးခံစားခွင့်(များ)ကို ဤအာမခံလက်မှတ်ပါ စည်းမျဉ်းများ၊ ပြင်ဆင်ချက်များ(ရှိလျှင်) နှင့်အညီ ထုတ်ပေးရန် တာဝန်ယူကြောင်း ဤအာမခံလက်မှတ်ကို လက်မှတ်ရေးထိုး ထုတ်ပေးပါသည်။ | ||
| အာမခံထားသူ အမည် | ——————————————————————————————————————- | |
| နိုင်ငံသားစိစစ်ရေးအမှတ် / နိုင်ငံကူးလက်မှတ် | ——————————————————————————————————————- | |
| နေရပ်လိပ်စာ | ——————————————————————————————————————- | |
| ဖုန်းနံပါတ် | ——————————————————————————————————————- | |
| ပါ၀င်လှုပ်ရှားသည့် အားကစားအမျိုးအစား | ——————————————————————————————————————- | |
| အာမခံထားငွေ | ———————————————————————– (ကျပ်————————— တိတိ) | |
| ပရီမီယံ | ———————————————————————– (ကျပ်————————— တိတိ) | |
| အာမခံသက်တမ်း | 1 – Year [ —————- မှ ——————ရက် အထိ ] | |
| အကျိုးခံစားခွင့် လွှဲပြောင်းခံရသူအမည် | ——————————————————————————————————————- | |
| နိုင်ငံသားစိစစ်ရေးအမှတ် / နိုင်ငံကူးလက်မှတ် | ——————————————————————————————————————- | |
| တော်စပ်ပုံ | ——————————————————————————————————————- | |
| နေရပ်လိပ်စာ | ——————————————————————————————————————- | |
| ဖုန်းနံပါတ် | ——————————————————————————————————————- | |
အခွင့်အာဏာရအရာရှိ
| Injury | ||
| ၁။ | အကြောင်းကြားစာ (Claim ဖြစ်သူ Customer)။ | |
| ၂။ | အသင်းအဖွဲ့ မှ အားကစားသမား ထိခိုက်ဒဏ်ရာရကြောင်း အကြောင်းကြားစာ။ | |
| ၃။ | တောင်းခံလွှာ (Claims Form)။ | |
| ၄။ | Policy။ | |
| ၅။ | မှတ်ပုံတင်မိတ္တူ (Claim ဖြစ်သူ Customer)။ | |
| ၆။ | ဆေးမှတ်တမ်းစာအုပ် (Cause of loss ပါဝင်ရမည်) (ပြည်ပတွင် ဖြစ်ပွားပါက ဆေးမှတ်တမ်းအား ဘာသာပြန်ပေးရပါမည်)။ | |
| ၇။ | ဒဏ်ရာဓာတ်ပုံ (ဒဏ်ရာသီးသန့်ပုံ နှင့် လူနှင့်ဒဏ်ရာတွဲလျက်ပုံ)။ | |
| ၈။ | Police case ဖြစ်ပါက ရဲစခန်းထောက်ခံစာ (ပြည်ပတွင် ဖြစ်ပွားပါက ထောက်ခံစာအား ဘာသာပြန်ပေးရပါမည်)။ | |
| Death | ||
| ၁။ | အကြောင်းကြားစာ (အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။ | |
| ၂။ | အသင်းအဖွဲ့ မှ အားကစားသမား သေဆုံးကြောင်း အကြောင်းကြားစာ။ | |
| ၃။ | တောင်းခံလွှာ (Claims Form)။ | |
| ၄။ | Policy စာချုပ်မူရင်း။ | |
| ၅။ | မှတ်ပုံတင်မိတ္တူ (သေဆုံးသူ ၊ အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။ | |
| ၆။ | ဆေးမှတ်တမ်းစာအုပ် (Cause of loss ပါဝင်ရမည် / ပြည်ပတွင် ဖြစ်ပွားပါက ဆေးမှတ်တမ်းအား ဘာသာပြန် ပေးရပါမည်)။ | |
| ၇။ | သေဆုံးမှတ်တမ်းဓာတ်ပုံ။ | |
| ၈။ | Police case ဖြစ်ပါက ရဲစခန်းထောက်ခံစာ (ပြည်ပတွင် ဖြစ်ပွားပါက ထောက်ခံစာအား ဘာသာပြန်ပေး ရပါမည်)။ | |
| ၉။ | Death Certificate (ပြည်ပတွင် ဖြစ်ပွားပါက Death Certificate အား ဘာသာပြန်ပေးရပါမည်)။ | |
| ၁၀။ | နာရေးဖိတ်စာ။ | |
| အာမခံထားသည့် လူပုဂ္ဂိုလ် (သို့မဟုတ်) အကျိုးခံစားခွင့်ရှိသူမှ ဆောင်ရွက်ရန်အဆင်မပြေပါက အဆိုပါပုဂ္ဂိုလ်မှ အခြားတစ်ဦးသို့ အကျိုးခံစားခွင့်လွှဲပြောင်းလုပ်ဆောင်ခွင့်ပြုကြောင်း အာမခံကုမ္ပဏီသို့ အကြောင်းကြားစာ ပါရှိရမည်။ | ||
If you have any question, please inquiry to 09-269843974, 01-570521, 01-570998 and customerservices@fnilife.com
Policy Term – (1) year
Premium rate is (5,000) MMK per unit. There is an additional charge for overseas trips.
The ranges from (1) unit to (5) units.
It can be claimed one time only after that the policy is void.
Usually it takes approximately 60~90 minutes if all documents are available.
Yes, FNI (Life) has One Stop Service.