ရောဂါကြောင့်သော်လည်းကောင်း၊ မတော်တဆထိခိုက်မှုကြောင့်သော်လည်းကောင်း၊ ဆေးရုံတက်၍ကုသမှုခံယူခြင်း၊ မတော်တဆ မှုကြောင့် သေဆုံးခြင်းများအတွက် အကျိုးခံစားခွင့်ပြန်လည်ရရှိနိုင်သော အာမခံအမျိုးအစားဖြစ်ပါသည်။
| အာမခံထားနိုင်သူ | အသက် (၆) နှစ် မှ (၇၅) နှစ် အတွင်းရှိသူများ။ (တစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့ဖြင့်သော်လည်းကောင်း ထားရှိနိုင်ပါသည်။) |
| အာမခံသက်တမ်း | (၁) နှစ်။ |
| ပရီမီယံနှုန်း | အာမခံထားသူ၏ အသက်အရွယ်ပေါ်မူတည်၍ ပရီမီယံနှုန်းကွဲပြားမှုရှိပါသည်။ |
| စဉ် | အာမခံအကာအကွယ် | အသက် | ပရီမီယံ |
| ၁။ | လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံအကာအကွယ် | ၆ ~ ၃၀ | ၅,၀၀၀ |
| ၃၁ ~ ၄၀ | ၅,၅၀၀ | ||
| ၄၁ ~ ၅၀ | ၆,၅၀၀ | ||
| ၅၁ ~ ၆၀ | ၈,၅၀၀ | ||
| ၆၁ ~ ၇၅ | ၁၃,၀၀၀ |
| စဉ် | အာမခံအကာအကွယ် | အာမခံအကျိုးခံစားခွင့် | အကျိုးခံစားခွင့်ငွေ (ကျပ်) |
| ၁။ | လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှု အာမခံအကာအကွယ် |
|
တစ်နှစ်လျှင် ဆေးရုံတက်ရက် (၁) ရက် ကျပ် ၅,၀၀၀/- အများဆုံးရက်ပေါင်း (၆၀) ထိသာ |
|
ကျပ် ၅၀၀,၀၀၀/- |
အောက်ဖော်ပြပါ ကိစ္စရပ်တစ်ခုခုနှင့်ပတ်သက်၍ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဖြစ်ပေါ်ခံစားရသော ဒဏ်ရာရခြင်း၊ ရောဂါရရှိခြင်း၊ ဆေးရုံတက်ရောက်ခြင်း၊ မတော်တဆမှုတို့ကြောင့်သေဆုံးခြင်းတို့အတွက် အကျိုးခံစားခွင့် အကျုံးဝင်မည်မဟုတ်ပါ။
| (၁) | ဆေးကုသမှုခံယူနေခြင်း၊ ဆေးကုသရန် ဆရာဝန်၏ထောက်ခံချက်ရရှိထားခြင်း၊ ရောဂါလက္ခဏာရှိပြီးသား ဖြစ်နေခြင်း။ |
| (၂) | စိတ်ပေါ့သွပ်ခြင်း၊ စိတ်ရောဂါဝေဒနာများကြောင့်ဖြစ်ခြင်း။ |
| (၃) | ကျန်းမာရေးဆေးစစ်ရန် နှင့် အနားယူအားမွေးရန် ဆေးရုံတက်ခြင်း။ |
| (၄) | သားသမီးရလိုမှုဖြင့် ဆေးရုံတက်ခြင်း နှင့် ခွဲစိတ်ကုသခြင်း။ |
| (၅) | မတော်တဆထိခိုက်ဒဏ်ရာရခြင်းမှအပဖြစ်သော သွားနှင့်ပတ်သက်သည့် ကုသမှုအတွက်ဖြစ်ခြင်း။ |
| (၆) | မတော်တဆထိခိုက်ဒဏ်ရာရခြင်းမှအပဖြစ်သော မျက်မှန်အပါအဝင်၊ မျက်စိစမ်းသပ်ခြင်း၊ အမြင်သွေဖယ်ခြင်း၊ မျက်စိကုသခြင်း၊ အမြင်အာရုံကောင်းမွန်လာအောင်ပြုပြင်ရန်ဖြစ်ခြင်း။ |
| (၇) | အလှအပအတွက်ဖြစ်ခြင်း။ |
| (၈) | နားကြားကိရိယာတပ်ဆင်ရန်အတွက် ဖြစ်ခြင်း။ |
| (၉) | ကိုယ်ခန္ဓာချို့ယွင်းခြင်း (Physical Defect) (သို့မဟုတ်) မသန်စွမ်းခြင်း (Infirmity) ။ |
| (၁၀) | မူးယစ်ဆေးဝါးသုံးစွဲခြင်း။ |
| (၁၁) | ကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်း။ |
| (၁၂) | AIDS/HIV ဖြစ်ခြင်း။ |
| (၁၃) | အကြမ်းဖက်ဖျက်ဆီးခြင်း၊ အဓိကရုဏ်း၊ စစ်နှင့်စစ်အသွင်ဖြစ်ပွားခြင်း။ |
| (၁၄) | ရောဂါကြောင့် ဆေးရုံတက်ရက်ပေါင်းသည် (၃) ရက်နှင့်အောက်ဖြစ်သောဆေးကုသမှုများ။ |
| (၁၅) | လိမ်လည်တောင်းခံသည့်ဖြစ်ရပ်များ။ |
| (၁၆) | မိမိကိုယ်ကိုသတ်သေခြင်း။ |
အာမခံထားရှိလိုပါက
FNI (Life) ရုံးချုပ် နှင့် ရုံးခွဲများသို့လည်းကောင်း၊ FNI (Life) နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော အာမခံကိုယ်စားလှယ်များသို့ လည်းကောင်း ဆက်သွယ်၍ အာမခံထားရှိနိုင်ပါသည်။
လျော်ကြေးကိစ္စတစ်စုံတစ်ရာပေါ်ပေါက်ပါက FNI (Life) သို့ချက်ချင်းအကြောင်းကြားရန်ဖြစ်ပါသည်။
| ၁။ | ရောဂါကြောင့်(သို့မဟုတ်) မတော်တဆမှုကြောင့် ဆေးရုံတက်ခြင်းအတွက် ဆေးရုံတက်ရက် (၁)ရက်လျှင် (၅,၀၀၀/-)ကျပ် (အများဆုံးရက်ပေါင်း (၆၀)ထိသာ) |
| ၂။ | မတော်တဆမှုကြောင့် သေဆုံးခြင်းအတွက် (၅၀၀,၀၀၀/-) ကျပ် |
| ၁။ | ဆေးကုသမှုခံယူနေခြင်း၊ ဆေးကုသရန် ဆရာဝန်၏ ထောက်ခံချက်ကို ရရှိထားခြင်း၊ ရောဂါလက္ခဏာရှိပြီးသားဖြစ်နေခြင်း၊ |
| ၂။ | စိတ်ပေါ့သွပ်ခြင်း၊ စိတ်ရောဂါဝေဒနာများကြောင့်ဖြစ်ခြင်း၊ |
| ၃။ | ကျန်းမာရေးဆေးစစ်ရန်နှင့် အနားယူအားမွေးရန် ဆေးရုံတက်ခြင်း၊ |
| ၄။ | သားသမီးရလိုမှုဖြင့် ဆေးရုံတက်ခြင်းနှင့် ခွဲစိတ်ကုသခြင်း၊ |
| ၅။ | မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းမှ အပဖြစ်သော သွားနှင့်ပတ်သက်သည့် ကုသမှုအတွက်ဖြစ်ခြင်း၊ |
| ၆။ | မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းမှ အပဖြစ်သော မျက်မှန်အပါအဝင် မျက်စိစမ်းသပ်ခြင်း၊ အမြင်သွေဖယ်ခြင်း၊ မျက်စိကုသခြင်း၊ အမြင်အာရုံကောင်းမွန်လာအောင် ပြုပြင်ရန်ဖြစ်ခြင်း၊ |
| ၇။ | အလှအပအတွက်ဖြစ်ခြင်း၊ |
| ၈။ | နားကြားကိရိယာ တပ်ဆင်ရန်အတွက်ဖြစ်ခြင်း၊ |
| ၉။ | ကိုယ်ခန္ဓာချို့ယွင်းခြင်း (သို့မဟုတ်) မသန်စွမ်းခြင်း၊ |
| ၁၀။ | မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ |
| ၁၁။ | ကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်း၊ |
| ၁၂။ | AIDS/HIV ဖြစ်ခြင်း၊ |
| ၁၃။ | အကြမ်းဖက်ဖျက်ဆီးခြင်း၊ အဓိကရုဏ်း၊ စစ်နှင့်စစ်အသွင်ဖြစ်ပွားခြင်း (စစ်ပြုခြင်းများ၊ စစ်ပွဲကဲ့သို့ တိုက်ခိုက်ခြင်း၊ စစ်တပ် (သို့မဟုတ်) အာဏာသိမ်းခြင်းနှင့် ဖော်ပြပါ အဖြစ်အပျက်တစ်ခုခု၏ တိုက်ရိုက်(သို့မဟုတ်) သွယ်ဝိုက်သော အကျိုးသက်ရောက်မှုတစ်ရပ်ရပ်ကြောင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ နီးကပ်စွာသော်လည်းကောင်း၊ ဝေးလံစွာသော်လည်းကောင်း ဖြစ်ပေါ်စေသော၊ အားပေးသော၊ အခြေခံသော၊ ပေါ်ပေါက်သော မည်သည့်မတော်တဆဖြစ်ပွားခြင်း၊ ဆုံးရှုံးခြင်း၊ ပျက်စီးခြင်း)၊ |
| ၁၄။ | ရောဂါကြောင့် ဆေးရုံတက်ရက်ပေါင်းသည် (၃)ရက်နှင့်အောက်ဖြစ်သော ဆေးကုသမှုများ၊ |
| ၁၅။ | လိမ်လည်တောင်းခံသည့်ဖြစ်ရပ်များ၊ |
| ၁၆။ | မိမိကိုယ်ကို သတ်သေခြင်း (သို့မဟုတ်) မိမိကိုယ်ကို ဒဏ်ရာအနာတရဖြစ်အောင် ပြုလုပ်ခြင်း၊ |
| ၁။ | အဆိုလွှာပါ ဖော်ပြချက်များတွင် ပေါ့ဆစွာဖော်ပြခြင်း၊ မှားယွင်းစွာဖော်ပြခြင်း၊ တမင်ရည်ရွယ်ချက်ဖြင့် လွဲမှားစွာဖော်ပြခြင်း၊ ထိန်ချန်ခြင်း၊ လိမ်လည်ခြင်းစသည့် မမှန်မကန်ဖော်ပြခြင်းများရှိပါက အကျိုးခံစားခွင့်များ ဆုံးရှုံးမည်။ |
| ၂။ | ပရီမီယံပေးသွင်းသည့် အချိန်မှစ၍ အာမခံသက်တမ်းစပြီး၊ သက်တမ်း(၁)နှစ် ပြည့်မြောက်သည့်နေ့၏ ည(၁၂) နာရီတွင် သက်တမ်းကုန်ဆုံးမည်။ |
| ၃။ | ဆေးရုံတက်ရောက်ရပါက ဤကုမ္ပဏီသို့ ကြိုတင်အကြောင်းကြားရမည်ဖြစ်ပြီး၊ ဆေးရုံဆင်းသည့်နေ့မှစ၍ အလုပ်လုပ်ရက် (၁၀)ရက်အတွင်း လိုအပ်သော စာရွက်စာတမ်းများနှင့်တကွ အကျိုးခံစားခွင့် တောင်းခံရမည်။ ဤကုမ္ပဏီမှ ထပ်မံတောင်းခံသော လိုအပ်ချက်များကို အကျိုးခံစားခွင့်တောင်းခံသူမှ (၃)လအတွင်း တင်ပြနိုင်ခြင်းမရှိပါက အကျိုးခံစားခွင့် ဆုံးရှုံးမည်။ |
| ကိုယ်စားလှယ်အမည် ——————————————– | အာမခံလက်မှတ်အမှတ် ——————————————– | |
| ကိုယ်စားလှယ်အမှတ် ——————————————– | ရက်စွဲ ——————————————– | |
| ၁။ | အာမခံထားသူအမည် | —————————————————— အဖအမည် ———————————————- |
| ၂။ | အသက် | (———————————)နှစ်
—————————— ရက်၊ ———————————လ၊ ——————————— ခုနှစ် ။ |
| ၃။ | နိုင်ငံသားစိစစ်ရေးကဒ်အမှတ် | ——————————————————————————————————————- |
| ၄။ | အလုပ်အကိုင် | ——————————————————————————————————————- |
| ၅။ | ဆက်သွယ်ရန်လိပ်စာ | ——————————————————————————————————————- |
| ၆။ | ဖုန်းနံပါတ် | ——————————————————————————————————————- |
| ၇။ | အာမခံသက်တမ်း | ——————————————————————————————————————- |
| ၈။ | အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ၏အမည် | —————————————————— အဖအမည် ———————————————- |
| အသက် | ——————————————————————————————————————- | |
| နိုင်ငံသားစိစစ်ရေးကဒ်အမှတ် | ——————————————————————————————————————- | |
| တော်စပ်ပုံ | ——————————————————————————————————————- | |
| ဆက်သွယ်ရန်လိပ်စာ | ——————————————————————————————————————- | |
| ဖုန်းနံပါတ် | ——————————————————————————————————————- | |
အထက်ဖော်ပြပါ ဖြည့်စွက်ချက်များ မှန်ကန်ပါကြောင်းနှင့် မိမိ၏လက်ရှိ ကျန်းမာရေးအခြေအနေမှာကောင်းမွန်ကြောင်း ဝန်ခံကတိပြုပါသည်။
| အာမခံထားရှိသူပေးသွင်းသော ပရီမီယံကို အကြောင်းပြု၍ အာမခံသက်တမ်းအတွင်း မတော်တဆထိခိုက်မှုကြောင့် အာမခံထားသူ ဆေးရုံတက်ရလျှင်ဖြစ်စေ၊ ကွယ်လွန်လျှင်ဖြစ်စေ အာမခံထားသူ (သို့မဟုတ်) အကျိုးခံစားခွင့် လွှဲပြောင်းခြင်းခံရသူထံသို့ တစ်ဖက်စာမျက်နှာပါ အကျိုးခံစားခွင့်ကို ဤအာမခံလက်မှတ်တွင် ဖော်ပြထားသည့် စည်းကမ်းချက်များနှင့်အညီ ထုတ်ပေးရန် ဤကုမ္ပဏီက ကတိပြုတာဝန်ယူပါသည်။ |
အာမခံလက်ခံသူလက်မှတ်
| ရောဂါကြောင့်ဆေးရုံတက်ရခြင်း | ||
| ၁။ | အကြောင်းကြားစာ (Claim ဖြစ်သူ Customer)။ | |
| ၂။ | တောင်းခံလွှာ (Claims Form)။ | |
| ၃။ | Policy | |
| ၄။ | မှတ်ပုံတင်မိတ္တူ (Claim ဖြစ်သူ Customer)။ | |
| ၅။ | ဆေးမှတ်တမ်းစာအုပ် (ဖြစ်ပွားသည့်ရောဂါ ၊ ဆေးရုံတက်ရက်နှင့်ဆင်းရက် ပါဝင်ရမည်) (ပြည်ပတွင်ဖြစ်ပွားပါက ဆေးမှတ်တမ်းအား ဘာသာပြန်ပေးရပါမည်)။ | |
| ၆။ | ဆရာဝန်၏ ဆေးစစ်ချက် ထောက်ခံစာ။ | |
| မတော်တဆကြောင့်ဆေးရုံတက်ရခြင်း | ||
| ၁။ | အကြောင်းကြားစာ (Claim ဖြစ်သူ Customer)။ | |
| ၂။ | တောင်းခံလွှာ (Claims Form)။ | |
| ၃။ | Certificate | |
| ၄။ | မှတ်ပုံတင်မိတ္တူ (Claim ဖြစ်သူ Customer)။ | |
| ၅။ | ဆေးမှတ်တမ်းစာအုပ် (Cause of Loss ၊ ဆေးရုံတက်ရက်နှင့်ဆင်းရက် ပါဝင်ရမည်) (ပြည်ပတွင် ဖြစ်ပွားပါကဆေးမှတ်တမ်းအား ဘာသာပြန်ပေးရပါမည်)။ | |
| ၆။ | ရဲစခန်းထောက်ခံစာ (ပြည်ပတွင် ဖြစ်ပွားပါက ထောက်ခံစာအား ဘာသာပြန်ပေးရပါမည်)။ | |
| မတော်တဆကြောင့်သေဆုံးခြင်း | ||
| ၁။ | အကြောင်းကြားစာ (အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။ | |
| ၂။ | တောင်းခံလွှာ (Claims Form)။ | |
| ၃။ | Certificate | |
| ၄။ | မှတ်ပုံတင်မိတ္တူ (သေဆုံးသူ ၊ အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။ | |
| ၅။ | ဆေးမှတ်တမ်းစာအုပ် (ပြည်ပတွင် ဖြစ်ပွားပါက ဆေးမှတ်တမ်းအား ဘာသာပြန် ပေးရပါမည်)။ | |
| ၆။ | နာရေးဖိတ်စာ။ | |
| ၇။ | သန်းခေါင်စာရင်း။ | |
| ၈။ | Death Certificate (ပြည်ပတွင် ဖြစ်ပွားပါက Death Certificate အား ဘာသာပြန်ပေးရပါမည်)။ | |
| ၉။ | ရဲစခန်းထောက်ခံစာ (ပြည်ပတွင် ဖြစ်ပွားပါက ထောက်ခံစာအား ဘာသာပြန်ပေးရပါမည်)။ | |
အာမခံထားသည့် လူပုဂ္ဂိုလ် (သို့မဟုတ်) အကျိုးခံစားခွင့်ရှိသူမှ ဆောင်ရွက်ရန်အဆင်မပြေပါက အဆိုပါပုဂ္ဂိုလ်မှ အခြားတစ်ဦးသို့ အကျိုးခံစားခွင့်လွှဲပြောင်းလုပ်ဆောင်ခွင့်ပြုကြောင်း အာမခံကုမ္ပဏီသို့ အကြောင်းကြားစာ ပါရှိရမည်။
If you have any question, please inquiry to 09-269843974, 01-570521, 01-570998 and customerservices@fnilife.com
Policy Term – (1) year
Premium rate varies with the Age of insured.
It can be bought for both.
Yes, FNI (Life) has One Stop Service.