• Follow Us
PREMIUM CALCULATOR

ပညာရေးအသက်အာမခံ

သားသမီးများ၏ ပညာရေးအတွက် ငွေကြေးချွေတာ စုဆောင်းသည့် အကျိုးကျေးဇူးနှင့် အာမခံသက်တမ်းအတွင်း သေဆုံးခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းများကြုံရပါက အကျိုးခံစားခွင့်ရှိသူ သားသမီးများ ပညာရေးအတွက် ကူညီထောက်ပံ့ပေးသော အာမခံဖြစ်ပါသည်။
ပညာရေးအသက်အာမခံတွင် အခြေခံအကျိုးခံစားခွင့်ပုံစံ (Basic Benefit Plan) နှင့် နှစ်ထပ်ကွမ်းအကျိုးခံစားခွင့်ပုံစံ (Double Benefit Plan) ဟူ၍နှစ်မျိုးခွဲခြားဝယ်ယူနိုင်ပါသည်။

အာမခံထားနိုင်သူ အသက် (၁၈) နှစ် မှ (၅၆) နှစ် အတွင်းရှိသူများ။
အာမခံသက်တမ်း (၉) နှစ်၊ (၁၁) နှစ်၊ (၁၄) နှစ်။
အာမခံထားငွေ အနည်းဆုံးကျပ်သိန်း (၅၀) မှ အများဆုံးကျပ်သိန်း (၁,၀၀၀) အထိ။
ပရီမီယံနှုန်း အာမခံထားသူ၏အသက်၊ အာမခံထားငွေတို့အပေါ်မူတည်၍ အာမခံထားသည့်သက်တမ်း အလိုက်(၉)နှစ်၊ (၁၁) နှစ်၊ (၁၄) နှစ်စသည်ဖြင့် ပရီမီယံနှုန်းအား တွက်ချက်ပေးချေရမည် ဖြစ်ပါသည်။

*ပညာရေးအသက်အာမခံထားမည့်သူများ ကျန်းမာရေးစစ်ဆေးရမည်ဖြစ်ပါသည်။*

ပညာရေးအသက်အာမခံထားရှိခြင်းအားဖြင့်ရရှိနိုင်သောအကျိုးခံစားခွင့်များ

အောက်ဖော်ပြပါ အကျိုးခံစားခွင့်များအနက် အာမခံထားသူများအနေဖြင့် နှစ်ထပ်ကွမ်းအကျိုးခံစားခွင့်ပုံစံ (Double Benefit Plan) ဝယ်ယူထားပါက အမှတ်စဉ် (၁) မှ (၇) အထိအကျိုးခံစားခွင့် ရရှိမည်ဖြစ်ပြီး အခြေခံအကျိုးခံစားခွင့်ပုံစံ (Basic Benefit Plan) အမျိုးအစားဝယ်ယူထားပါက အမှတ်စဉ် (၃) မှ (၇) အထိအကျိုးခံစားခွင့်ရရှိမည်ဖြစ်ပါသည်။

(၁) သေဆုံးမှုအကျိုးခံစားခွင့်

အာမခံသက်တမ်းအတွင်း အာမခံထားသူသေဆုံးပါက အာမခံထားငွေကို အကျိုးခံစားခွင့်ရှိသူအား ထုတ်ပေးပါမည်။

(၂) ထာဝစဉ်မသန်စွမ်းအကျိုးခံစားခွင့်

အာမခံထားသူသည် ပေါ်လီစီတည်မြဲနေစဉ်အတွင်း ရုတ်တရက်ထိခိုက်ခြင်းကြောင့်လည်းကောင်း၊ ရောဂါကြောင့်လည်းကောင်း၊ ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်၍ ဝင်ငွေရရှိသောအလုပ်အကိုင်ကို လုံးဝမလုပ်ကိုင်နိုင်လျှင် အာမခံထားငွေကို တစ်လုံးတည်းထုတ်ပေး ပါမည်။

(၃) ပရီမီယံကင်းလွတ်ခွင့်

အာမခံထားရှိသူသည် ပေါ်လီစီတည်မြဲနေစဉ်အတွင်း သေဆုံးခဲ့လျှင်သော်လည်းကောင်း၊ ထာဝစဉ်လုံးဝမသန်စွမ်းခဲ့လျှင် သော်လည်းကောင်း၊ ထိုထိခိုက်ဆုံးရှုံးမှု ဖြစ်ပွားပြီးနောက်ပိုင်း ပရီမီယံကြေးပေးသွင်းသည့် ကာလပြီးဆုံးချိန်အထိ ပေါ်လီစီရှင်မှ အာမခံကုမ္ပဏီသို့ ပေးသွင်းရန်ကျန်ရှိနေသော ပရီမီယံများအားလုံးကို ဆက်လက်ပေးသွင်းရန် မလိုတော့ဘဲကင်းလွတ်ခွင့်ရှိပါသည်။
FNI (Life) မှ ပရီမီယံကြေးများ ကင်းလွတ်ခွင့်ပေးထားသည့်ကာလအတွင်း ပေါ်လီစီသည် ဆက်လက်တည်မြဲနေမည်ဖြစ်ပြီး သတ်မှတ်ထားသော သက်တမ်းရောက်သည့်အခါ ပညာရေးအကျိုးခံစားခွင့်ကို ရရှိမည်ဖြစ်ပါသည်။

(၄) ပညာရေးအကျိုးခံစားခွင့်

ပညာရေးအာမခံပေါ်လီစီသည် ပရီမီယံပေးသွင်းရသည့် သက်တမ်းပြီးဆုံးသွားသော်လည်း ဆက်လက်တည်မြဲနေမည်ဖြစ်ပြီး ပရီမီယံပေးသွင်းရသည့် သက်တမ်းပြီးဆုံးချိန်မှစ၍ အာမခံသက်တမ်းစေ့ ရောက်သည့်နေ့အပါအဝင် တစ်နှစ်ပြည့်သည့်နေ့ရောက်တိုင်း FNI (Life) မှ ပညာရေးအကျိုးခံစားခွင့်အဖြစ် အာမခံထားငွေ၏ (၂၀%) စီကိုပြန်လည်ထုတ်ပေးမည်ဖြစ်သည်။ အာမခံသက်တမ်း ပြည့်သည့်အခါ ထုတ်ပေးခဲ့သော ပညာရေးအာမခံ စုစုပေါင်းသည် အာမခံထားငွေ နှင့်ညီမျှနေမည်ဖြစ်ပါသည်။

(၅) ပေါ်လီစီကိုစာရင်းပိတ်ခြင်း

ပေါ်လီစီရှင်တစ်ဦးအနေဖြင့် အတည်ဖြစ်ပြီးသော ပေါ်လီစီတစ်စောင်ကို ပရီမီယံဆက်လက် မပေးသွင်းနိုင်လျှင် စာရင်းပိတ်နိုင် သည်။ ပေါ်လီစီတွင် ဖော်ပြထားသော သက်တမ်းစေ့ ရောက်သည့်နေ့တွင် စာရင်းပိတ်တန်ဖိုးကို အာမခံထားသူသို့ ထုတ်ပေး ပါသည်။

(၆) အမ်းငွေထုတ်ပေးခြင်း

ပေါ်လီစီရှင်သည် ကျသင့်ပရီမီယံကို ဆက်လက်ပေးသွင်းခြင်း မပြုနိုင်တော့သဖြင့် အတည်ဖြစ်ပြီးသော ပေါ်လီစီတစ်စောင်ကို ဖျက်သိမ်း၍အမ်းငွေထုတ်ယူရန် အကြောင်းကြားလာလျှင် အမ်းငွေဇယားပါနှုန်းအတိုင်း ရခွင့်ရှိသည့်အမ်းငွေကို ပေါ်လီစီရှင်သို့ တစ်လုံးတည်း ထုတ်ပေးပါသည်။

(၇) ချေးငွေရယူခြင်း

ပေါ်လီစီရှင်တစ်ဦးအနေဖြင့် အတည်ဖြစ်ပြီးသော ပေါ်လီစီတစ်စောင်မှ ချေးငွေရယူနိုင်သည့် အကျိုးခံစားခွင့်ရှိပါသည်။

အကျိုးခံစားခွင့်မရရှိနိုင်သည့်ကိစ္စများ

၁။ သေဆုံးမှုအကျိုးခံစားခွင့်ကို အောက်ဖော်ပြပါအကြောင်းကိစ္စများအတွက် မရရှိနိုင်ပါ။
(က) အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း မိမိကိုယ်ကို သတ်သေခြင်း။
(ခ) အာမခံဝယ်ယူစဉ်က ဖော်ပြရန် ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါကြောင့်ဖြစ်သည့် အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း သေဆုံးခြင်း။
၂။ ထာဝစဉ်မသန်စွမ်းဖြစ်မှု အကျိုးခံစားခွင့်ကို အောက်ဖော်ပြပါကိစ္စရပ်များအတွက်မရရှိနိုင်ပါ။
(က) မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။
(ခ) ဘေးအန္တရာယ်ဖြစ်စေတတ်သောဆေးကိုမှီဝဲခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။
(ဂ) ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို အနာတရဖြစ်အောင်လုပ်ခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။
(ဃ) မိမိကိုယ်ကို သတ်သေခြင်းကြောင့်မသေဘဲ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။
(င) ကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။
(စ) အာမခံဝယ်ယူစဉ်ကဖော်ပြရန် ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါကြောင့်ဖြစ်သည့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။

အာမခံထားရှိလိုပါက
FNI (Life) ရုံးချုပ် နှင့် ရုံးခွဲများသို့လည်းကောင်း ၊ FNI (Life) နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော အာမခံကိုယ်စား လှယ်များသို့ လည်းကောင်း ဆက်သွယ်၍ အာမခံထားရှိနိုင်ပါသည်။

လျော်ကြေးကိစ္စ တစ်စုံတစ်ရာပေါ်ပေါက်ပါက
FNI (Life) သို့ ချက်ချင်းအကြောင်းကြားရန်ဖြစ်ပါသည်။

ပညာ‌ရေးအသက်အာမံပေါ်လစီ အခွင့်အ‌‌ရေးများနှင့် စည်းကမ်းချက်များ

၁။
ပညာ‌ရေးအသက်အာမခံ အကျိုးခံစားခွင့်များ
ပညာ‌ရေးအသက်အာမခံ (Education Life Insurance) ထားရှိသူ တစ်ဦးအနေဖြင့် နှစ်ထပ်ကွမ်း အကျိုးခံစားခွင့်ပုံစံ (Double Benefit Plan) အမျိုးအစားကို ၀ယ်ယူထားရှိသူသည် အမှတ်စဥ် (က) မှ (ဃ) အထိ အကျိုးခံစားခွင့် ရှိမည်ဖြစ်၍ အခြေခံ အကျိုးခံစားခွင့်ပုံစံ ((Basic Benefit Plan)  အမျိုးအစား ၀ယ်ယူထားရှိသူအတွက် အမှတ်စဥ် (ဂ) နှင့် (ဃ) အကျိုးခံစားခွင့်များကိုသာ ရရှိမည်ဖြစ်ပါသည်။ ၎င်းအကျိုးခံစားခွင့်များကိုသာ ‌အောက်တွင် ‌ဖော်ပြထားပါသည်။
(က) သေဆုံးမှု အကျိုးခံစားခွင့်  (Death Benefit)
(ခ) ထာ၀စဥ်မသန်စွမ်းအကျိုးခံစားခွင့် (Total Permanent Disability Benefit)
(ဂ) ပရီမီယံ ကင်းလွတ်ခွင့် (Premium Waiver)
(ဃ) ပညာ‌ရေးအကျိုးခံစားခွင့် (Education Benefit)
(က)
သေဆုံးမှု အကျိုးခံစားခွင့်  (Death Benefit) 
(၁) အာမခံသက်တမ်းအတွင်း ပညာ‌ရေးအာမခံ နှစ်ထပ်ကွမ်း အကျိုးခံစားခွင့်ပုံစံ (Double Benefit Plan ) အမျိုးအစားကို ၀ယ်ယူထား‌သော အာမံထားသူ ‌သေဆုံးပါက အာမခံထား‌ငွေကို အကျိုးခံစားခွင့်ရှိသူအား ထုတ်ပေးပါမည်။
(၂) အကျိုးခံစားခွင့် လွှဲအပ်ခံရသူသည် အသက်(၁၈)နှစ် မပြည့်သေးသူဖြစ်လျှင် အာမခံလုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေ (၁၂) (စ) နှင့်အညီ မိဘအရင်း(သို့) တရား၀င်‌မွေးစားမိဘ (သို့) တရား၀င်‌ အုပ်ထိန်းသူကိုသာ ထုတ်ပေးပါမည်။
(၃) အာမခံထားရှိသူ ‌သေဆုံးချိန်တွင် အကျိုးခံစားခွင့် လွှဲအပ်ခံရသူက ‌သေဆုံးပြီးဖြစ်ကာ အကျိုးခံစားခွင့် လွှဲပြောင်းထားခြင်းမရှိလျှင် အာမခံလုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေ (၁၂) (ဆ) နှင့်အညီ ‌အောက်ပါအစီအစဥ်အတိုင်း ထုတ်ပေးပါမည်။

  • ခင်ပွန်း / ဇနီး
  • သားသမီး
  • မြေး
  • ညီအကို၊ ‌မောင်နှမ
  • မိဘ
(ခ)
ထာ၀စဥ်မသန်စွမ်း အကျိုးခံစားခွင့် (Total Permanent Disability Benefit)
(၁) ပညာ‌ရေးအာမခံ နှစ်ထပ်ကွမ်း အကျိုုးခံစားခွင့်ပုံစံ (Double Benefit Plan) အမျိုးအစားကို ၀ယ်ယူထား‌သော အာမခံထားသူသည် ‌ပေါ်လစီတည်မြဲနေစဥ်အတွင်း ရုတ်တရက် ထိခိုက်ခြင်း‌‌ကြောင့် လည်း‌ကောင်း၊ ‌ရောဂါ‌‌ကြောင့်လည်း‌ကောင်း ထာ၀စဥ် မသန်စွမ်းဖြစ်၍ ၀င်ငွေရရှိသော အလုပ်အကိုင်ကို လုံး၀ မလုပ်ကိုင်နိုင်လျှင် အာမခံထား‌ငွေကို တလုံးတည်းထုတ်ပေးပါမည်။
(၂) ထာ၀စဥ်မသန်စွမ်းဖြစ်ခြင်းဆိုသည်မှာ ‌အောက်တွင်ဖော်ပြထားသည့် နမူနာ ဖြစ်ရပ်မျိုးကို ဆိုလိုပါသည်။
(က) မျက်စိနှစ်ဖက်လုံး၀ကွယ်ခြင်း။
(ခ) လက်ကောက်၀တ်အထက်ပိုင်းမှ လက်နှစ်ဖက်ပြတ်ခြင်း၊ လုံး၀အသုံးပြု၍ မရခြင်း။
(ဂ) ခြေကျင်း၀တ်အထက်ပိုင်းမှ ‌ခြေထောက်နှစ်ဖက်ပြတ်ခြင်း၊ လုံး၀အသုံးပြု၍ မရခြင်း။
(ဃ) မျက်စိတစ်ဖက်လုံး၀ကွယ်ခြင်း နှင့် လက်ကောက်၀တ် အထက်ပိုင်း လက်တစ်ဖက် ပြတ်ခြင်း / အသုံးပြု၍ မရခြင်း၊ ‌ခြေကျင်း၀တ် အထက်ပိုင်း ‌‌ခြေတစ်ဖက် ပြတ်ခြင်း / လုံး၀ အသုံးပြု၍မရခြင်း။
(ဂ)
ပရီမီယံကင်းလွတ်ခွင့် (Premium Waiver Benefit)

(၁)

အာမခံထားသူသည် ‌ပေါ်လစီတည်မြဲနေစဥ်အတွင်း ‌သေဆုံးခဲ့လျှင်သော်လည်း‌ကောင်း၊ ထာ၀စဥ်မသန်စွမ်းခဲ့လျှင်သော်လည်း‌ကောင်း ထိုထိခိုက်ဆုံးရှုံးမှု ဖြစ်ပွားပြီး‌နောက်ပိုင်း ပရီမီယံကြေး‌ ပေးသွင်းရမည့်ရက် ရောက်သည့်နေ့မှစ၍ ပရီမီယံပေးသွင်းသည့်ကာလ ပြီးဆုံးချိန်အထိ အာမခံကုမ္ပဏီသို့ ‌ပေးသွင်းရန် ကျန်ရှိသော ပရီမီယံများအားလုံးကို ဆက်လက်ပေးသွင်းရန် မလိုတော့ဘဲ ကင်းလွတ်ခွင့်ရှိပါသည်။ အာမခံကုမ္ပဏီမှ ပရီမီယံကြေးများ ကင်းလွတ်ခွင့်ပေးထားသည့် ကာလအတွင်း ‌ပေါ်လစီသည် ဆက်လက်တည်မြဲနေမည်ဖြစ်ပြီး သတ်မှတ်ထား‌သော သက်တမ်း‌ရောက်သည့်အခါ ပညာ‌ရေးအကျိုးခံစားခွင့်ကို ရရှိမည်ဖြစ်ပါသည်။
(ဃ)
ပညာ‌ရေးအာမခံ အကျိုးခံစားခွင့် (Education Benefit)
၁။ ဤပညာ‌ရေးအာမခံပေါ်လစီသည် ပရီမီယံပေးသွင်းရသည့် သက်တမ်းပြီးဆုံးသွား‌သော်လည်း ဆက်လက် တည်မြဲနေမည်ဖြစ်ပြီး ပရီမီယံပေးသွင်းရသည့် သက်တမ်း ပြီးဆုံးချိန်မှစ၍ အာမခံသက်တမ်း‌ စေ့ရက်ရောက်သည့်နေ့ အပါအ၀င် တစ်နှစ်ပြည့်သည့်နေ့သို့ ရောက်တိုင်း အာမခံကုမ္ပဏီမှ ပညာ‌ရေးအကျိုးခံစားခွင့်အဖြစ် အာမခံထား‌ငွေ၏ ၂၀% စီကို ပြန်လည်ထုတ်ပေးမည်ဖြစ်သည်။ (အာမခံသက်တမ်းပြည့်သည့်အခါ ထုတ်ပေးခဲ့သော ပညာ‌ရေးအာမခံ စုစုပေါင်းသည် အာမခံထား‌ငွေနှင့် ညီမျှနေမည် ဖြစ်ပါသည်။
၂။ ထိုပညာ‌ရေးအာမခံ အကျိုးခံစားခွင့်သည် ‌သေဆုံးမှုအကျိုးခံစားခွင့်၊ ထာ၀စဥ်မသန်စွမ်းဖြစ်ခြင်း အကျိုးခံစားခွင့် တို့နှင့် သက်ဆိုင်ခြင်းမရှိပဲ အာမခံကုမ္ပဏီမှ ‌ပေးရန်ရှိသည့် အကျိုးခံစားခွင့်မျိုးဖြစ်ပါသည်။
၂။
ပညာ‌ရေးအသက်အာမခံပေါ်လစီမှ ရရှိနိုင်သည့် အခြားခံစားခွင့်
ပေါ်လစီရှင်သည် ပညာ‌ရေးအသက်အာမခံပေါ်လစီမှ ‌အောက်ဖော်ပြပါ ခံစားခွင့်ကိုလည်း ရရှိခံစားနိုင်ပါသည်။
(က) ပေါ်လစီရှင်မှ ‌ပေါ်လစီကို စာရင်းပိတ်နိုင်ခြင်း (Paid-up Policy)
(ခ) ပေါ်လစီရှင်မှ အမ်း‌ငွေထုတ်ယူနိုင်ခြင်း (Surrender Value)
(ဂ) ပညာ‌ရေးအသက်အာမခံပေါ်လစီမှ ‌ငွေချေးယူနိုင်ခြင်း (Policy Loan)
၃။
အကျိုးခံစားခွင့် မရရှိနိုင်သည့် ကိစ္စများ
(၁) အာမံထားသူသည် ‌အောက်ဖော်ပြပါ အကြောင်းကိစ္စများ‌ကြောင့် ‌သေဆုံးခဲ့လျှင် ‌’သေဆုံးမှုအကျိုးခံစားခွင့်’ (Death Benefit) အား ရခွင့်မရှိပါ။ အမ်း‌ငွေ တန်ဖိုးပမာဏကိုသာ ပြန်ထုတ်ပေးမည်ဖြစ်ပါသည်။
(က) အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း မိမိကိုယ်ကို သတ်သေခြင်း။
(ခ) အာမခံ၀ယ်ယူစဥ်က ‌ဖော်ပြရန်ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါ‌ကြောင့် အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း ‌‌သေဆုံးခြင်း။
(၂) အာမခံထားသူတစ်ဦးသည် ‌အောက်‌ဖော်ပြပါ အကြောင်းကိစ္စများ‌ကြောင့် ထာ၀စဥ်လုံး၀ မသန်စွမ်းဖြစ်ခဲ့လျှင် ‘ထာ၀စဥ်လုံး၀မသန်စွမ်းဖြစ်မှု အကျိုးခံစားခွင့် (Permanent Total Disability Benefit)’ အား ရခွင့်မရှိပါ။ အမ်း‌ငွေတန်ဖိုး ပမာဏကိုသာ ပြန်ထုတ်ပေးမည်ဖြစ်ပါသည်။
(က) ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို အနာတရဖြစ်အောင် လုပ်ခြင်း‌‌ကြောင့်ဖြစ်သည့် ထာ၀စဥ် လုံး၀မသန်စွမ်းဖြစ်ခြင်း။
(ခ) မိမိကိုယ်ကို သတ်သေခြင်း‌‌ကြောင့် မသေဘဲ ထာ၀စဥ်လုံး၀မသန်စွမ်းဖြစ်ခြင်း။
(ဂ) မူးယစ်ဆေး၀ါးသုံးစွဲခြင်း‌ကြောင့်ဖြစ်သည့် ထာ၀စဥ်လုံး၀မသန်စွမ်းဖြစ်ခြင်း။
(ဃ) ဘေးအန္တရာယ်ဖြစ်စေသော‌ ဆေးကို မှီ၀ဲခြင်း‌ကြောင့်ဖြစ်သည့် ထာ၀စဥ်လုံး၀မသန်စွမ်းဖြစ်ခြင်း။
(င) ကိုယ်တိုင်ရာဇ၀တ်မှုကျူးလွန်ခြင်း‌ကြောင့်ဖြစ်သည့် ထာ၀စဥ်လုံး၀မသန်စွမ်းဖြစ်ခြင်း။
(စ) အာမခံ၀ယ်ယူစဥ်က ‌ဖော်ပြရန်ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါ‌ကြောင့် အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း ထာ၀စဥ်လုံး၀မသန်စွမ်းဖြစ်ခြင်း။

ပညာ‌ရေး အသက်အာမခံ ‌‌ပေါ်လစီ

အာမခံကိုယ်စားလှယ်အမည်   ———————————— ပေါ်လစီအမှတ်  ————————————
အာမခံကိုယ်စားလှယ်အမှတ်  ———————————— ရက်စွဲ  ————————————
၁။ အဆိုလွှာနှင့် ‌ဆေးစစ်ချက် အစီရင်ခံစာပါ ‌ဖော်ပြချက်များနှင့် အဖြေများသည် ‌ပေါ်လစီရှင်နှင့် ဤကုမ္ပဏီတို့ ချုပ်ဆိုမည့် ပဋိညာဥ်၏ အခြေခံအချက်များ ဖြစ်ကြောင်းနှင့် ယင်း‌ဖော်ပြချက်များနှင့် အဖြေများတွင် မမှန်ကန်သောအချက် သို့မဟုတ် အချက်များပါရှိလျှင် ဤပဋိညာဥ််(‌ပေါ်လစီ)ပျက်ကြောင်း ‌ပေါ်လစီရှင်က သိရှိသဘောတူညီသည်။
၂။ ထိုကဲ့သို့ သဘောတူညီသည့်အလျောက် ‌‌ပေါ်လစီရှင်က ‌အောက်တွင်ဖော်ပြထားသည့်အတိုင်း ပရီမီယံပေးသွင်းရမည်ဖြစ်သကဲ့သို့ ‌အောက်၌‌ဖော်ပြထား‌သော ‌ပေးရသည့်ကိစ္စဖြစ်ပေါ်ခဲ့သော် ဤ‌ပေါ်လစီပါအခွင့်အရေးများ၊ စည်းမျဥ်းများ၊ ပြင်ဆင်ချက်များနှင့်အညီ ‌ပေါ်လစီရှင် သို့မဟုတ် ၎င်း၏အကျိုးခံစားခွင့် လွှဲပြောင်းခံရသူ(များ)သို့ ‌လျော်‌ကြေး‌ပေးရန် ဤကုမ္ပဏီက တာ၀န်ယူကတိပြုပါသည်။
၃။ ဤအသက်အာမခံပေါ်လစီသည် ဤကုမ္ပဏီက ပထမအရစ်ပရီမီယံကို လက်ခံရရှိသော အချိန်တွင် သက်တမ်းစသည်။
ပေါ်လစီရှင် အာမခံထားသူ
အမည်
နောက်မွေး‌နေ့တွင် ပြည့်မည့်အသက် (လူပုဂ္ဂိုလ်ဖြစ်ပါက)
နေရပ်လိပ်စာ
အလုပ်အကိုင် (လူပုဂ္ဂိုလ်ဖြစ်ပါက)
အာမခံသက်တမ်း – (      )နှစ် အာမခံအမျိုးအစား   –
အာမခံစသော‌‌နေ့ အာမခံသက်တမ်း‌စေ့မည့်နေ့  –
အာမခံထား‌ငွေ(ကျပ်)
ပရီမီယံ
တစ်နှစ်ပရီမီယံ (ကျပ်)
ပရီမီယံပေးသွင်းခြင်း
(    )လ ကျသင့်ပရီမီယံ (ကျပ်)
ပရီမီယံပေးသွင်းရန် ‌စေ့သောရက်များ
အကျိုးခံစားခွင့် လွှဲပြောင်းခြင်းခံရသူ၊ လွှဲ‌ပြောင်း‌ပေးသည့် ရာခိုင်နှုန်း အချိုးအစား

အာမခံထား‌ငွေပေးရသည့် အကြောင်းကိစ္စ

———- ခု၊ ——— လ ( ——— ) ရက်နေ့၌ ‌သော်လည်း‌ကောင်း၊ ထို့ထက်စော၍ ကွယ်လွန် / ထာ၀စဥ်မသန်စွမ်း ဖြစ်သောအခါ၌ သော်လည်း‌ကောင်း အာမခံထား‌ငွေ ‌ပေးရမည်။

ပရီမီယံပေးသွင်းရမည့် ကာဘအပိုင်းအခြား

———- ခု၊ ——— လ ( ——— ) ရက်နေ့၌ ‌သော်လည်း‌ကောင်း၊ ထို့ထက် ‌စော၍ ကွယ်လွန် / ထာ၀စဥ်မသန်စွမ်းဖြစ်သည့် အချိန်ထိ သော်လည်း‌ကောင်း အာမခံထား‌ငွေ ‌ပေးရမည်။

ပေါ်လစီထုတ်ပေးသည့်ရက်စွဲ။   ။ ——————– ခုနှစ်၊ ———————– လ၊ (————–) ရက်

အခွင့်အာဏာရအရာရှိ

Product Proposal Form

Download

ပညာရေးအသက်အာမခံ လျော်ကြေးပေါ်ပေါက်ပါက ဆောင်ရွက်ရမည့်အချက်များ

Total Permanent Disability
၁။ အကြောင်းကြားစာ (အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။
၂။ တောင်းခံလွှာ (Claims Form)။
၃။ Policy
၄။ မှတ်ပုံတင်မိတ္တူ (ထာဝစဉ်မသန်စွမ်းဖြစ်သူ ၊ အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။
၅။ ဆေးမှတ်တမ်းစာအုပ် (Cause of loss ပါဝင်ရမည် / ပြည်ပတွင် ဖြစ်ပွားပါက ဆေးမှတ်တမ်းအားဘာသာပြန်ပေးရပါမည်)။
၆။ ‌ဆေးကုသသည့် အထူးကုဆရာဝန်၏ ထာဝစဉ်မသန်စွမ်းဖြစ်ကြောင်း ထောက်ခံချက်။
၇။ ဒဏ်ရာဓာတ်ပုံ(ဒဏ်ရာသီးသန့်ပုံ နှင့် လူနှင့်ဒဏ်ရာတွဲလျက်ပုံ)။
၈။ သန်းခေါင်စာရင်း။
၉။ ‌Police case ဖြစ်ပါက ရဲစခန်းထောက်ခံစာ (ပြည်ပတွင် ဖြစ်ပွားပါက ထောက်ခံစာအား ဘာသာပြန်ပေး ရပါမည်)။
Death
၁။ ‌အကြောင်းကြားစာ (အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။
၂။ ‌တောင်းခံလွှာ (Claims Form)။
၃။ ‌Policy စာချုပ်မူရင်း။
၄။ မှတ်ပုံတင်မိတ္တူ (သေဆုံးသူ ၊ အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ)။
၅။ ‌ဆေးမှတ်တမ်းစာအုပ် (Cause of loss ပါဝင်ရမည် / ပြည်ပတွင် ဖြစ်ပွားပါက ဆေးမှတ်တမ်းအား ဘာသာပြန် ပေးရပါမည်)။
၆။ ‌သေဆုံးမှတ်တမ်းဓာတ်ပုံ။
၇။ ‌Police case ဖြစ်ပါက ရဲစခန်းထောက်ခံစာ (ပြည်ပတွင် ဖြစ်ပွားပါက ထောက်ခံစာအား ဘာသာပြန်ပေး ရပါမည်)။
၈။ ‌Death Certificate (ပြည်ပတွင် ဖြစ်ပွားပါက Death Certificate အား ဘာသာပြန်ပေးရပါမည်)။
၉။ ‌သန်းခေါင်စာရင်း။
၁၀။ နာရေးဖိတ်စာ။

အာမခံထားသည့် လူပုဂ္ဂိုလ် (သို့မဟုတ်) အကျိုးခံစားခွင့်ရှိသူမှ ဆောင်ရွက်ရန်အဆင်မပြေပါက အဆိုပါပုဂ္ဂိုလ်မှ အခြားတစ်ဦးသို့ အကျိုးခံစားခွင့်လွှဲပြောင်းလုပ်ဆောင်ခွင့်ပြုကြောင်း အာမခံကုမ္ပဏီသို့ အကြောင်းကြားစာ ပါရှိရမည်။

FREQUENTLY ASKED QUESTIONS

HOW CAN WE HELP YOU?

If you have any question, please inquiry to 09-269843974, 01-570521, 01-570998 and customerservices@fnilife.com

What is the policy Term?

Policy Term – (9) years / (11) years / (14) years

  1. Proposal
  2. NRIC
  3. Passport Size Photo
  4. Full medical examination result of the insured person

The Education Life Insurance ranges from (50) Lakhs to (1,000) Lakhs.

The premium varies with the Insured Age and Preferred duration.

The benefit is granted when:

  1. The insured person is dead
  2. The insured person is total & permanent disability
  3. Every year after completion of premium payment
  4. Tax Exemption on Premium

Usually it takes approximately 60~90 minutes if all documents are available.

Yes, FNI (Life) has One Stop Service.